လာ မည့္ေမလပထမအပါတ္အတြင္း ဘဂၤလားပင္လယ္ေအာ္၌ မုန္တိုင္းျဖစ္ေပၚႏိုင္သည့္အတြက္ ျမန္မာႏိုင္ငံ ေရပိုင္နက္ပင္လယ္ျပင္အတြင္းရွိ ကမ္းနီးကမ္းေ၀းေရယာဥ္မ်ား၊ ကမ္း႐ိုးတန္းေဒသမ်ားသတိျပဳရန္ လိုအပ္ ေၾကာင္း မိုးေလ၀သႏွင့္ဇလေဗဒညႊန္ၾကာမႈဦးစီးဌာနမွ သိရပါတယ္။
ဘဂၤလားပင္လယ္ေအာ္အတြင္းတိုက္ခတ္မည့္မုန္တိုင္းအင္အားေကာင္းလာႏုိင္မႈအေျခအေနနွင့္ မုန္တိုင္း ျဖတ္သန္းႏုိင္သည့္လမ္းေၾကာင္းမ်ားကို မိုးေလ၀သႏွင့္ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနမွတြက္ခ်က္ေနၿပီး အမ်ား ျပည္သူသိရွိေစရန္ အခ်ိန္ႏွင့္တေျပးညီထုတ္ျပန္ေပးမည္ျဖစ္ေၾကာင္း မိုးေလ၀သႏွင့္ဇလေဗဒညႊန္ၾကားမႈဦးစီး ဌာ နညႊန္ၾကားေရးမွဴး ဦးလွထြန္းက ေျပာပါတယ္။
“ေကာလာဟလျဖစ္ေနတဲ့ ဧၿပီလမွာ မုန္တိုင္း၀င္မယ္ဆိုတာေတာ့ မဟုတ္ဘူး။ တကယ္၀င္မွာက ေမလဆန္း ပိုင္းမွာ ၀င္မွာ။ ေလာေလာဆယ္ေလဖိအားနည္းရပ္၀န္းကစျဖစ္ခါစဆိုေတာ့ မုန္တိုင္းလမ္းေၾကာင္းနဲ႔ မုန္တိုင္း ျပင္းအားကိုတြက္ခ်က္လို႔မရေသးဘူး။မုန္တိုင္းျဖစ္မွာလို႔ပဲေလာေလာဆယ္ေျပာလို႕ ရေသးတယ္”ဟု ဦးလွထြန္း က ေျပာပါတယ္။
မုန္တိုင္းျဖစ္ေပၚလာႏုိင္ျခင္းေၾကာင့္ ျမန္မာပင္လယ္ျပင္တြင္သြားလာေနၾကသည့္ကမ္းနီးကမ္းေ၀းေရယာဥ္မ်ား အေနျဖင့္ မုန္တိုင္း ျဖစ္ေပၚခ်ိန္လိုက္နာရမည့္အခ်က္မ်ားကို တိတိက်က်လိုက္နာရန္လိုအပ္ၿပီး ကမ္း႐ုိးတန္းေဒ သမ်ားတြင္ မုန္တိုင္းေၾကာင့္ မိုးသည္းထန္စြာ ရြာသြန္းႏုိင္ျခင္း၊ ေလျပင္းတိုက္ခိုက္နိုင္ျခင္း၊ မိုးသီးေၾကြျခင္းမ်ား ျဖစ္ေပၚလာႏိုင္ေၾကာင္း သိရပါတယ္။
“မုန္တိုင္းသြားမယ့္ လမ္းေၾကာင္းေတြကို တိတိက်က် မေျပာႏိုင္ေသးေပမယ့္ မုန္တိုင္းဒဏ္ခံဖူးတဲ့ အရပ္ေဒသေတြ ကေတာ့ သတိထားသင့္တယ္။ မိုးေလ၀သႏွင့္ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနရဲ႕ထုတ္ျပန္ခ်က္ေတြ၊ ညႊန္ၾကားခ်က္ ေတြကို တိတိက်က် လိုက္နာေစခ်င္တယ္”ဟု ဦးလွထြန္းက ေျပာပါတယ္။
Unicode
လာ မည့်မေလပထမအပါတ်အတွင်း ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းဖြစ်ပေါ်နိုင်သည့်အတွက် မြန်မာနိုင်ငံ ရေပိုင်နက်ပင်လယ်ပြင်အတွင်းရှိ ကမ်းနီးကမ်းဝေးရေယာဉ်များ၊ ကမ်းရိုးတန်းဒေသများသတိပြုရန် လိုအပ် ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြာမှုဦးစီးဌာနမှ သိရပါတယ်။
ဘင်္ဂလားပင်လယ်အော်အတွင်းတိုက်ခတ်မည့်မုန်တိုင်းအင်အားကောင်းလာနိုင်မှုအခြေအနေနှင့် မုန်တိုင်း ဖြတ်သန်းနိုင်သည့်လမ်းကြောင်းများကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှတွက်ချက်နေပြီး အများ ပြည်သူသိရှိစေရန် အချိန်နှင့်တပြေးညီထုတ်ပြန်ပေးမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာ နညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။
“ကောလာဟလဖြစ်နေတဲ့ ဧပြီလမှာ မုန်တိုင်းဝင်မယ်ဆိုတာတော့ မဟုတ်ဘူး။ တကယ်ဝင်မှာက မေလဆန်း ပိုင်းမှာ ဝင်မှာ။ လောလောဆယ်လေဖိအားနည်းရပ်ဝန်းကစဖြစ်ခါစဆိုတော့ မုန်တိုင်းလမ်းကြောင်းနဲ့ မုန်တိုင်း ပြင်းအားကိုတွက်ချက်လို့မရသေးဘူး။မုန်တိုင်းဖြစ်မှာလို့ပဲလောလောဆယ်ပြောလို့ ရသေးတယ်”ဟု ဦးလှထွန်း က ပြောပါတယ်။
မုန်တိုင်းဖြစ်ပေါ်လာနိုင်ခြင်းကြောင့် မြန်မာပင်လယ်ပြင်တွင်သွားလာနေကြသည့်ကမ်းနီးကမ်းဝေးရေယာဉ်များ အနေဖြင့် မုန်တိုင်း ဖြစ်ပေါ်ချိန်လိုက်နာရမည့်အချက်များကို တိတိကျကျလိုက်နာရန်လိုအပ်ပြီး ကမ်းရိုးတန်းဒေ သများတွင် မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြင်း၊ လေပြင်းတိုက်ခိုက်နိုင်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရပါတယ်။
“မုန်တိုင်းသွားမယ့် လမ်းကြောင်းတွေကို တိတိကျကျ မပြောနိုင်သေးပေမယ့် မုန်တိုင်းဒဏ်ခံဖူးတဲ့ အရပ်ဒေသတွေ ကတော့ သတိထားသင့်တယ်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်တွေ၊ ညွှန်ကြားချက် တွေကို တိတိကျကျ လိုက်နာစေချင်တယ်”ဟု ဦးလှထွန်းက ပြောပါတယ်။