Cele News

အိမ်ထောင်ပြု ဖို့ တွန့်ဆုတ်နေရ တဲ့ အကြောင်းအ ရင်း ကို ပြောပြ လာတဲ့ အေးမြတ်သူ

Written by Aung Lay

အိမ်ထောင်ပြု ဖို့ တွန့်ဆုတ်နေရ တဲ့ အကြောင်းအ ရင်း ကို ပြောပြ လာတဲ့ အေးမြတ်သူ

အ သက်(၃၆) နှစ်မှာ အိမ်ထောင်ပြုမယ့် ရည်ရွယ်ချက်ကို ပြောပြလာပါတယ်။ အေးမြတ်သူကတော့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး သူမရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။ သရုပ်ဆောင် အေးမြတ်သူကတော့ အသက်(၃၆) နှစ်အရွယ်မှာ အိမ်ထောင်ပြုမ ယ်လို့ သိရပါတယ်။ သူမရဲ့ အိမ်ထောင်ရေးကိုလည်း သေသေချာချာ စဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့တာလို့လည်း သူကဆိုပါတယ်။

“ အရမ်းတွေးလွန်း လို့လည်း ဒီအသက်ဒီအရွယ်အထိ အခုလို ဖြစ်နေတာပါ။ အတွေးတွေ များလာတဲ့အခါမှာ အိမ်ထောင်ပြုဖို့ကို တွန့်ဆုတ်လာတယ်။ ဒီအသက်အရွယ်မှာ မိုက်ရူးရဲစိတ်မရှိတော့ဘူး။

ဖြစ်ချင်တာ ဖြစ်ဆိုတာ မရှိ တော့ဘူး။ အဖက်ဖက်ကို အများကြီးတွေးရတာကြောင့်လည်း ပါမယ်ထင်တယ်။ မင်္ဂလာပွဲကတော့ နှစ်ဖက်မိဘတွေနဲ့ လူအမြင်တင့်တယ်အောင် လုပ်ရတာလေ။

ဒါတောင်မှ ကိုယ့် မင်္ဂလာပွဲမှာ လူရှိ ပါ့မလား၊ လူပြည့်ပါ့မလား၊ လူတွေချောင်နေပါ့မလားလို့ တွေးမိတယ်” ဆိုပြီးတော့ ဇွန်လ ၉ ရက်နေ့က ရုပ်ရှင် နှစ်(၁၀၀) ပည့်အတွက် ရိုက်ကူးရေးကို ရောက်လာရင်း ဖြေဆိုခဲ့တာပါ။

အေးမြတ်သူဟာ သူမရဲ့ အိမ်ထောင်ရေး နဲ့ ပတ်သက်ပြီး အသက်(၃၅) နှစ်ကျော်ရင် အိမ်ထောင်ပြုမယ်လို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ဒါကြောင့် အသက်(၃၆) နှစ်အရွယ်မှာ မင်္ဂလာဆောင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သူက ပြောပါတယ်။ “အသက် (၃၅) နှစ်ဆိုရင် နောက်နှစ်ဖြစ် နေပြီလေ။

ဒီနှစ်မှာ မဆောင်ဖြစ်တဲ့သူတွေက နောက်နှစ် ကို အကုန်လုံး ရွှေ့သွားပြီလေ။ ကိုယ်က အခုမှ စမှာဆိုတော့ ထက်အလျှော့ပေးလိုက်တာပါ။ ကိုယ့်အသက် ကိုယ့်အရွယ်ကလည်း အချစ်ကို ရူးမိုက်ရမယ့် အရွယ်မဟုတ်ဘူးလေ။ အရမ်းချစ်လို့ လက်ထပ်တယ် ဆိုတာမျိုးဟာ အေးမြတ်သူတို့အရွယ်မှာ ဖြစ်လို့ မရလောက်တော့ဘူး ထင်တယ်။” လို့လည်း ဆက်လက် ပြောပြလာပါသေးတယ်။

အေးမြတ်သူကတော့ အသက်(၃၆) နှစ်အရွယ် မှာ အိမ်ထောင်ပြုချင်တဲ့ ဆန္ဒကို ဇွန်လ(၈) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့တာဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင် တစ်ယောက် မဖြစ်ခင်ကတည်းက ဈေးထဲမှာ အထည်ရောင်းခဲ့ရသူပါလို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူမက အနုပညာ အလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်နေတဲ့ သရုပ်ဆောင်ဖြစ်ပြီး အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေတာ ကိုလည်း တွေ့ရပါတယ်။

Zawgyi

အိမ္ေထာင္ျပဳ ဖို႔ တြန႔္ဆုတ္ေနရ တဲ့ အေၾကာင္းအ ရင္း ကို ေျပာျပ လာတဲ့ ေအးျမတ္သူ

အ သက္(၃၆) ႏွစ္မွာ အိမ္ေထာင္ျပဳမယ့္ ရည္႐ြယ္ခ်က္ကို ေျပာျပလာပါတယ္။ ေအးျမတ္သူကေတာ့ အိမ္ေထာင္ေရးနဲ႔ ပတ္သက္ၿပီး သူမရဲ႕ သေဘာထားကို အခုလို ေျပာျပလာပါတယ္။ သ႐ုပ္ေဆာင္ ေအးျမတ္သူကေတာ့ အသက္(၃၆) ႏွစ္အ႐ြယ္မွာ အိမ္ေထာင္ျပဳမ ယ္လို႔ သိရပါတယ္။ သူမရဲ႕ အိမ္ေထာင္ေရးကိုလည္း ေသေသခ်ာခ်ာ စဥ္းစားၿပီးမွ ဆုံးျဖတ္ခဲ့တာလို႔လည္း သူကဆိုပါတယ္။

“ အရမ္းေတြးလြန္း လို႔လည္း ဒီအသက္ဒီအ႐ြယ္အထိ အခုလို ျဖစ္ေနတာပါ။ အေတြးေတြ မ်ားလာတဲ့အခါမွာ အိမ္ေထာင္ျပဳဖို႔ကို တြန႔္ဆုတ္လာတယ္။ ဒီအသက္အ႐ြယ္မွာ မိုက္႐ူးရဲစိတ္မရွိေတာ့ဘူး။

ျဖစ္ခ်င္တာ ျဖစ္ဆိုတာ မရွိ ေတာ့ဘူး။ အဖက္ဖက္ကို အမ်ားႀကီးေတြးရတာေၾကာင့္လည္း ပါမယ္ထင္တယ္။ မဂၤလာပြဲကေတာ့ ႏွစ္ဖက္မိဘေတြနဲ႔ လူအျမင္တင့္တယ္ေအာင္ လုပ္ရတာေလ။

ဒါေတာင္မွ ကိုယ့္ မဂၤလာပြဲမွာ လူရွိ ပါ့မလား၊ လူျပည့္ပါ့မလား၊ လူေတြေခ်ာင္ေနပါ့မလားလို႔ ေတြးမိတယ္” ဆိုၿပီးေတာ့ ဇြန္လ ၉ ရက္ေန႔က ႐ုပ္ရွင္ ႏွစ္(၁၀၀) ပည့္အတြက္ ႐ိုက္ကူးေရးကို ေရာက္လာရင္း ေျဖဆိုခဲ့တာပါ။

ေအးျမတ္သူဟာ သူမရဲ႕ အိမ္ေထာင္ေရး နဲ႔ ပတ္သက္ၿပီး အသက္(၃၅) ႏွစ္ေက်ာ္ရင္ အိမ္ေထာင္ျပဳမယ္လို႔ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ဖူးပါတယ္။ ဒါေၾကာင့္ အသက္(၃၆) ႏွစ္အ႐ြယ္မွာ မဂၤလာေဆာင္ဖို႔ ရည္႐ြယ္ထားတယ္လို႔လည္း သူက ေျပာပါတယ္။ “အသက္ (၃၅) ႏွစ္ဆိုရင္ ေနာက္ႏွစ္ျဖစ္ ေနၿပီေလ။

ဒီႏွစ္မွာ မေဆာင္ျဖစ္တဲ့သူေတြက ေနာက္ႏွစ္ ကို အကုန္လုံး ေ႐ႊ႕သြားၿပီေလ။ ကိုယ္က အခုမွ စမွာဆိုေတာ့ ထက္အေလွ်ာ့ေပးလိုက္တာပါ။ ကိုယ့္အသက္ ကိုယ့္အ႐ြယ္ကလည္း အခ်စ္ကို ႐ူးမိုက္ရမယ့္ အ႐ြယ္မဟုတ္ဘူးေလ။ အရမ္းခ်စ္လို႔ လက္ထပ္တယ္ ဆိုတာမ်ိဳးဟာ ေအးျမတ္သူတို႔အ႐ြယ္မွာ ျဖစ္လို႔ မရေလာက္ေတာ့ဘူး ထင္တယ္။” လို႔လည္း ဆက္လက္ ေျပာျပလာပါေသးတယ္။

ေအးျမတ္သူကေတာ့ အသက္(၃၆) ႏွစ္အ႐ြယ္ မွာ အိမ္ေထာင္ျပဳခ်င္တဲ့ ဆႏၵကို ဇြန္လ(၈) ရက္ေန႔က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာေရးသားခဲ့တာျဖစ္ပါတယ္။ သူမဟာ သ႐ုပ္ေဆာင္ တစ္ေယာက္ မျဖစ္ခင္ကတည္းက ေဈးထဲမွာ အထည္ေရာင္းခဲ့ရသူပါလို႔ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ဖူးပါတယ္။ သူမက အႏုပညာ အလုပ္ကို အသက္ ၁၉ ႏွစ္အ႐ြယ္ကတည္းက စတင္လုပ္ကိုင္ခဲ့တာပါ။ အခုခ်ိန္မွာေတာ့ ႐ုပ္ရွင္ဇာတ္ကားေတြ၊ ဗီဒီယို ဇာတ္ကားေတြ၊ တီဗီေၾကာ္ျငာေပါင္း မ်ားစြာတို႔ကို ႐ိုက္ကူးခဲ့တဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ပါ။ လက္ရွိမွာလည္း ပရိသတ္အခိုင္အမာနဲ႔ ေအာင္ျမင္ေနတဲ့ သ႐ုပ္ေဆာင္ျဖစ္ၿပီး အႏုပညာအလုပ္ေတြကို တစိုက္မတ္မတ္ ေဆာင္႐ြက္ေနတာ ကိုလည္း ေတြ႕ရပါတယ္။

About the author

Aung Lay

Leave a Comment