ဘူး သီးတောင်တော့ ငါးပါး တင် မဟုတ် သံဃာ ကုန်မှောက်ပြီ ခိုးဝင်လူနာအမှတ် (၂၆၂) နဲ့ အတူပြန်လာသူ ၄ ဦး ပျောက်နေ
ရခိုင်ပြည်နယ် ၊ ဘူးသီးတောင်မြို့နယ် တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှ တရားမဝင် ပြန်လည် ဝင်ရောက် လာသော ကိုဗစ်လူနာ အမှတ် ၂၆၂ နှင့် အတူ အတူဝင် ရောက်လာ သူ (၁၂) ဦးထဲ မှ (၄) ဦး ပျောက်ဆုံးလျက် ရှိတယ် လို့ သိရ ပါတယ် ။
လူနာအမှတ် ၂၆၂ ဟာ ဇွန်လ ၄ ရက်နေ့ထဲ က ပြန်လာကြောင်း ၊ သူနဲ့ အတူ ၁၂ ယောက် ပါလာကြောင်း ၊ အဲဒီ ၁၂ ယောက်ထဲ မှ ၈ ယောက်ပဲ ရှာလို့တွေ့ကြောင်း ၊ ကျန်တဲ့လူတွေ ပျောက်နေကြောင်း ၊ ရွာထဲကလူတွေ သတင်းပို့ မှ ဒီလူတွေမှန်းသိတာ ဖြစ်ကြောင်း ၊ Q ဝင်ခိုင်းမယ့် နေရာကို သွားခေါ်ရကြောင်း၊ ရောက်မှ စစ်ဆေးတာပဲ ရှိကြောင်း ၊ ရောက် လာ တာ ကြာပြီ ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြော ပါတယ်။
လူနာအမှတ် ၂၆၂ သည် အသက် ၆၃ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဘူးသီးတောင်မြို့ နယ် အမှတ် ၄ရပ်ကွက်တွင်နေထိုင်သူဖြစ်ကြောင်း၊ ဇွန်လ ၄ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောမြို့နယ် သို့ ဝင်ရောက်ကာ မောင်တော မှ တစ်ဆင့် ဘူးသီးတောင်မြို့နယ် သို့ ပြန်လည်ဝင် ရောက်လာခြင်းဖြစ်ကြောင်း သိရပါတယ်။
“နောက်ဆုံး အခြေအနေက ဘာဖြစ်မလဲ ဆိုတော့ ပိုးက အကုန်လုံးပြန့်နေပြီပေါ့။ ဒီဘက်မှာ အဲဒါကြောင့် လော့ဒေါင်း လုပ်ဖို့လိုတယ်။ အစိုးရဒီနေရာကို အခုထိမလုပ်သေးဘူး။ အဲဒါ တမင် တကာလုပ် ထားတယ် လို့ ခံစားနေရတယ်” ဟု ဦးအောင်သောင်းရွှေ ကပြော ဆိုပါတယ် ။
ဘူးသီးတောင်တော့ ငါးပါးတင် မဟုတ် သံဃာကုန်မှောက်ပြီ ခိုးဝင်လူနာအမှတ် (၂၆၂) နဲ့ အတူပြန်လာသူ ၄ ဦး ပျောက်နေ
လတ်တလော အချိန် တွင် မြန်မာနိုင်ငံ ၌ ကိုဗစ်ရောဂါ အတည်ပြုလူနာ ၂၆၂ဦးနှင့် သေဆုံးသူ ၆ဦးရှိကာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ဘူးသီတောင်မြို့နယ်တို့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံက ပြန်လည်ဝင်ရောက်လာသော ကိုဗစ်ရောဂါ အတည်ပြုလူနာ ( ၆ ) ဦး အထိ ရှိလာပြီ ဖြစ် ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း တွင် တရားမဝင် ဝင်ရောက် လာသူများကြောင့် ကိုဗစ်ရောဂါ ကူးစက်မှုများ ဖြစ်ပွားမည်ကို စိုးရိမ်သည့် အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက အမြန်ဆုံးအရေးယူဆောင်ရွက်ပေးရန် ပြည်သူများ က တိုက်တွန်း တောင်းဆိုလျက် ရှိပါ တယ် ။
Zawgyi
ဘူး သီးေတာင္ေတာ့ ငါးပါး တင္ မဟုတ္ သံဃာ ကုန္ေမွာက္ျပီ ခုိးဝင္လူနာအမွတ္ (၂၆၂) နဲ႔ အတူျပန္လာသူ ၄ ဦး ေပ်ာက္ေန
ရခိုင္ျပည္နယ္ ၊ ဘူးသီးေတာင္ၿမိဳ႕နယ္ တြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ မွ တရားမဝင္ ျပန္လည္ ဝင္ေရာက္ လာေသာ ကိုဗစ္လူနာ အမွတ္ ၂၆၂ ႏွင့္ အတူ အတူဝင္ ေရာက္လာ သူ (၁၂) ဦးထဲ မွ (၄) ဦး ေပ်ာက္ဆုံးလ်က္ ရွိတယ္ လို႔ သိရ ပါတယ္ ။
လူနာအမွတ္ ၂၆၂ ဟာ ဇြန္လ ၄ ရက္ေန႔ထဲ က ျပန္လာေၾကာင္း ၊ သူနဲ႔ အတူ ၁၂ ေယာက္ ပါလာေၾကာင္း ၊ အဲဒီ ၁၂ ေယာက္ထဲ မွ ၈ ေယာက္ပဲ ရွာလို ႔ေတြ႕ေၾကာင္း ၊ က်န္တဲ့လူေတြ ေပ်ာက္ေနေၾကာင္း ၊ ႐ြာထဲကလူေတြ သတင္းပို႔ မွ ဒီလူေတြမွန္းသိတာ ျဖစ္ေၾကာင္း ၊ Q ဝင္ခိုင္းမယ့္ ေနရာကို သြားေခၚရေၾကာင္း၊ ေရာက္မွ စစ္ေဆးတာပဲ ရွိေၾကာင္း ၊ ေရာက္ လာ တာ ၾကာၿပီ ျဖစ္ေၾကာင္း ဘူးသီးေတာင္ၿမိဳ႕နယ္ မွ ျပည္သူ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ေသာင္းေ႐ႊက ေျပာ ပါတယ္။
လူနာအမွတ္ ၂၆၂ သည္ အသက္ ၆၃ ႏွစ္အ႐ြယ္ အမ်ိဳးသားျဖစ္ၿပီး ဘူးသီးေတာင္ၿမိဳ႕ နယ္ အမွတ္ ၄ရပ္ကြက္တြင္ေနထိုင္သူျဖစ္ေၾကာင္း၊ ဇြန္လ ၄ရက္ေန႔က ဘဂၤလားေဒ့ရွ္ႏိုင္ငံမွ ေမာင္ေတာၿမိဳ႕နယ္ သို႔ ဝင္ေရာက္ကာ ေမာင္ေတာ မွ တစ္ဆင့္ ဘူးသီးေတာင္ၿမိဳ႕နယ္ သို႔ ျပန္လည္ဝင္ ေရာက္လာျခင္းျဖစ္ေၾကာင္း သိရပါတယ္။
“ေနာက္ဆုံး အေျခအေနက ဘာျဖစ္မလဲ ဆိုေတာ့ ပိုးက အကုန္လုံးျပန႔္ေနၿပီေပါ့။ ဒီဘက္မွာ အဲဒါေၾကာင့္ ေလာ့ေဒါင္း လုပ္ဖို႔လိုတယ္။ အစိုးရဒီေနရာကို အခုထိမလုပ္ေသးဘူး။ အဲဒါ တမင္ တကာလုပ္ ထားတယ္ လို႔ ခံစားေနရတယ္” ဟု ဦးေအာင္ေသာင္းေ႐ႊ ကေျပာ ဆိုပါတယ္ ။
ဘူးသီးေတာင္ေတာ့ ငါးပါးတင္ မဟုတ္ သံဃာကုန္ေမွာက္ျပီ ခုိးဝင္လူနာအမွတ္ (၂၆၂) နဲ႔ အတူျပန္လာသူ ၄ ဦး ေပ်ာက္ေန
လတ္တေလာ အခ်ိန္ တြင္ ျမန္မာႏိုင္ငံ ၌ ကိုဗစ္ေရာဂါ အတည္ျပဳလူနာ ၂၆၂ဦးႏွင့္ ေသဆုံးသူ ၆ဦးရွိကာ ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္ႏွင့္ ဘူးသီေတာင္ၿမိဳ႕နယ္တို ႔တြင္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံက ျပန္လည္ဝင္ေရာက္လာေသာ ကိုဗစ္ေရာဂါ အတည္ျပဳလူနာ ( ၆ ) ဦး အထိ ရွိလာၿပီ ျဖစ္ ပါတယ္။
ရခိုင္ျပည္နယ္ေျမာက္ပိုင္း တြင္ တရားမဝင္ ဝင္ေရာက္ လာသူမ်ားေၾကာင့္ ကိုဗစ္ေရာဂါ ကူးစက္မႈမ်ား ျဖစ္ပြားမည္ကို စိုးရိမ္သည့္ အတြက္ သက္ဆိုင္ရာ တာဝန္ရွိသူမ်ားက အျမန္ဆုံးအေရးယူေဆာင္႐ြက္ေပးရန္ ျပည္သူမ်ား က တိုက္တြန္း ေတာင္းဆိုလ်က္ ရွိပါ တယ္ ။