စမိုင်းလ်ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်ကြီးကတော့ စမိုင်းလ်ရဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ပေါ်ရှာနဲ့ ကလိုဝီတို့နဲ့ မစိမ်းလောက်ဘူး ထင်ပါတယ်။ ပေါ်ရှာလေးကတော့ အနုပညာလှုပ်ရှားမှု အနည်းအကျဉ်းလုပ်ကိုင်နေပေမယ့် အငယ်လေး ကလိုဝီကတော့ အနေအေးသူတစ်ယောက်ဖြစ်ပြီး ကလေးပီပီ ဂိမ်းဆော့ရတာကိုပဲ ဝါသနာကြီးသူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ချစ်စရာကောင်းပြီး အမေတူတဲ့ ပေါ်ရှာနဲ့ ကလိုဝီတို့ ညီအစ်မနှစ်ယောက်စလုံးကို ချစ်ကြပါတယ်။
ဒီကနေ့ ဇွန်လ(၁၇) ရက်နေ့က ကလိုဝီလေးရဲ့ အသက် (၁၂) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ပေါ်ရှာလေးက မွေးနေ့မနက်ခင်းလေးမှာ ဆွမ်းကပ်၊ ဘုရားဝတ်ပြုပြီး ကုသိုတွေအများကြီးယူခဲ့တာကို တွေ့ရပါတယ်။ စမိုင်းလ်ရဲ့ သမီးတွေကတော့ မိဘနှစ်ပါးရဲ့ သွန်သင်ဆုံးမမှုကောင်းတွေနဲ့ လိမ္မာရေးခြားရှိတာ အရမ်းကို ချစ်စရာကောင်းလှပါတယ်။
စမိုင်းလ်ကတော့ သမီးတွေကို လိမ္မာရေးခြားရှိအောင် ကောင်းကောင်းကြီး သွန်သင်ထားနိုင်တာပဲနော်။ ပေါ်ရှာလေးလည်း မွေးနေ့မှာ ပြုရတဲ့ ကုသိုလ်ထူးကြောင့် ဒီအမိ၊ ဒီအဖနဲ့ ပျော်ပျော်ရွှင်ရွှင် နေနိုင်သွားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: စမိုင်းလ် Smile’s fb
Zawgyi