News

မြန်မာအ လုပ်သမား မိသား စု ထိုင်းထီ ဘတ် ၆ သန်းဖိုးေ ပါက်

Written by Aung Lay

မြန်မာအ လုပ်သမား မိသား စု ထိုင်းထီ ဘတ် ၆ သန်းဖိုးေ ပါက်

ဇွန်လ ၁၆ ရက်က ထွက်သွားတဲ့ ထိုင်းထီ ဘတ်ငွေ ၆ သန်း ပထမဆုကို ထိုင်းနိုင်ငံ ဘန်ကောက်အနီး ပထုန်ဌာနီခရိုင်မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားမိသားတစ်စုက ဆွတ်ခူး ရရှိခဲ့ပါတယ်။

အ ဆိုပါ အလုပ်သမား မိသားစုဟာ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ရှိ ရွာလေးတစ်ရွာကနေ ထိုင်းနိုင်ငံ ပထုန်ဌာနီမြို့မှာ ဆောက်လုပ်ရေးအလုပ် လာလုပ်နေတာ ဖြစ်ပါတယ်။

မနေ့ကထီပေါက်စဉ်ထွက်တော့ သိပ်မသေချာလို့ AAC မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ကို လှမ်းပြီးမေးခဲ့ရာမှာ အေအေစီက ပေါက်ဂဏန်း မှန်ကန်ကြောင်းပြောလို့ ဝမ်းသာအားရနဲ့ ဒီကနေ့မှာ ငွေသွားထုတ်ခဲ့တယ်လို့ ထီပေါက်သူ ဒေါ်ဖြူဖြူခိုင်က ဒီဗွီဘီကို ပြောပါတယ်။

“ထီဂဏန်းထွက်တော့ ကျမတို့က မတိုက်တတ်ဘူးလေ။ သူများကို ကြည့်ခိုင်းတာ တချို့က ပေါက်တယ်။တချို့က မပေါက်ဘူး၊ အမျိုးမျိုးပြောလို့ အေအေစီအဖွဲ့ကို လှမ်းမေးကြည့်တာ။ ထီနံပတ် ၅၁၆၉၆၇ ဟုတ်လားပေါ့။

အေအေစီက ဟုတ်တယ်။ ထီလက်မှတ် ကောင်းကောင်းသိမ်းထား၊ ဘယ်သူ့မှ မပြသေးနဲ့ ငွေထုတ်ဖို့ လာကြိုမယ်ဆိုလို့ တအားဝမ်းသာသွားတယ်။

မမျှော်လင့်ဘဲပေါက်တာဆိုတော့ တအားဝမ်းသာပြီး ဘာပြောရမှန်းကို မသိဘူး။ ကျမတို့က ဆောက်လုပ်ရေး အလုပ်သမားဆိုတော့ ဆင်းရဲပါတယ်။

ရွာပြန်ချင်တာတောင် ပိုက်ဆံမရှိလို့ မပြန်ရဘူး။ အခု ပိုက်ဆံရှိပြီဆိုတော့ မိသားစု ရွာပြန်ပြီးအေးဆေးနေမယ်။ လှူမယ်၊ တန်းမယ်၊ ဒုက္ခရောက်နေသူတွေကိုလည်း ကူမယ်၊ အေအေစီအဖွဲ့ကိုလည်း လှူမယ်၊ တအားကျေးဇူးတင်တယ်။”

မြန်မာအလုပ်သမား မိသားစုဟာ ထီကိုလစဉ်ထိုးတာမဟုတ်ဘဲ ဒီတကြိမ်တော့ စက်ရုံမှာ ထီလာရောင်းလို့ အားပေးတဲ့အနေနဲ့ သားအမိအဖ သုံးယောက် တစ်ယောက် တစ်စောင်စီ ဝယ်ခဲ့ရာမှာ အသက် ၁၉ နှစ်အရွယ် သားဖြစ်သူထိုးတဲ့ ထီလက်မှတ်က ပေါက်ခဲ့တာဖြစ်ပြီး သားကလည်း ဘုန်းကြီးဝတ်ဖို့ ရည်စူးပြီး ထီထိုးခဲ့တာလို့ ဆိုပါတယ်။

AAC တာဝန်ခံ ကိုရဲမင်းကလည်း သူတို့ငွေတွေ ဘေးအန္တရာယ်ကင်းစွာ ထုတ်ပြီး မြန်မာပြည်ကို ပြန်နိုင်ဖို့ စောင့်ရှောက်ကူညီပေးနေကြောင်း ဒီဗွီဘီကို ပြောပါတယ်ကျနော်တို့အဖွဲ့က သူတို့ကို ငွေနဲ့ မြန်မာပြည်ထဲရောက်တဲ့အထိ မြဝတီနယ်စပ်ကနေ သံအရာရှိကနေတဆင့် မြန်မာပြည်ပြန်ရောက်အောင် လွှဲပြောင်းပေးမယ်။ သူတို့ကလည်း ပြန်မှာ ထိုင်းမှာ အလုပ်မလုပ်တော့ဘူး။”

အေအေစီအဖွဲ့အစည်းအနေနဲ့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခက်အခဲကို တတ်နိုင်သလောက် ကူညီပေးနေတဲ့အပြင် အခုလို ထီပေါက်တဲ့ ဝမ်းသာစရာကိစ္စတွေမှာလည်း ကူညီဆောင်ရွက်ပေးခဲ့တာမှာ ပထမဆုရသူ ဒီတစ်ကြိမ်နဲ့ဆိုရင် ၁၆ ကြိမ်ရှိသွားပြီလို့ ကိုရဲမင်းက ပြောပါတယ်။

ခရစ်ဒက် Myanmar News

Zawgyi

ျမန္မာအ လုပ္သမား မိသား စု ထိုင္းထီ ဘတ္ ၆ သန္းဖိုးေ ပါက္

ဇြန္လ ၁၆ ရက္က ထြက္သြားတဲ့ ထိုင္းထီ ဘတ္ေငြ ၆ သန္း ပထမဆုကို ထိုင္းနိုင္ငံ ဘန္ေကာက္အနီး ပထုန္ဌာနီခရိုင္မွာ အလုပ္လုပ္ေနတဲ့ ျမန္မာအလုပ္သမားမိသားတစ္စုက ဆြတ္ခူး ရရွိခဲ့ပါတယ္။

အ ဆိုပါ အလုပ္သမား မိသားစုဟာ ပဲခူးတိုင္း၊ ေတာင္ငူခရိုင္၊ ထန္းတပင္ၿမိဳ႕နယ္ရွိ ႐ြာေလးတစ္႐ြာကေန ထိုင္းနိုင္ငံ ပထုန္ဌာနီၿမိဳ႕မွာ ေဆာက္လုပ္ေရးအလုပ္ လာလုပ္ေနတာ ျဖစ္ပါတယ္။

မေန႕ကထီေပါက္စဥ္ထြက္ေတာ့ သိပ္မေသခ်ာလို႔ AAC ျမန္မာအလုပ္သမား ကူညီေစာင့္ေရွာက္ေရး မဟာမိတ္အဖြဲ႕ကို လွမ္းၿပီးေမးခဲ့ရာမွာ ေအေအစီက ေပါက္ဂဏန္း မွန္ကန္ေၾကာင္းေျပာလို႔ ဝမ္းသာအားရနဲ႕ ဒီကေန႕မွာ ေငြသြားထုတ္ခဲ့တယ္လို႔ ထီေပါက္သူ ေဒၚျဖဴျဖဴခိုင္က ဒီဗြီဘီကို ေျပာပါတယ္။

“ထီဂဏန္းထြက္ေတာ့ က်မတို႔က မတိုက္တတ္ဘူးေလ။ သူမ်ားကို ၾကည့္ခိုင္းတာ တခ်ိဳ႕က ေပါက္တယ္။တခ်ိဳ႕က မေပါက္ဘူး၊ အမ်ိဳးမ်ိဳးေျပာလို႔ ေအေအစီအဖြဲ႕ကို လွမ္းေမးၾကည့္တာ။ ထီနံပတ္ ၅၁၆၉၆၇ ဟုတ္လားေပါ့။

ေအေအစီက ဟုတ္တယ္။ ထီလက္မွတ္ ေကာင္းေကာင္းသိမ္းထား၊ ဘယ္သူ႕မွ မျပေသးနဲ႕ ေငြထုတ္ဖို႔ လာႀကိဳမယ္ဆိုလို႔ တအားဝမ္းသာသြားတယ္။

မေမွ်ာ္လင့္ဘဲေပါက္တာဆိုေတာ့ တအားဝမ္းသာၿပီး ဘာေျပာရမွန္းကို မသိဘူး။ က်မတို႔က ေဆာက္လုပ္ေရး အလုပ္သမားဆိုေတာ့ ဆင္းရဲပါတယ္။

႐ြာျပန္ခ်င္တာေတာင္ ပိုက္ဆံမရွိလို႔ မျပန္ရဘူး။ အခု ပိုက္ဆံရွိၿပီဆိုေတာ့ မိသားစု ႐ြာျပန္ၿပီးေအးေဆးေနမယ္။ လႉမယ္၊ တန္းမယ္၊ ဒုကၡေရာက္ေနသူေတြကိုလည္း ကူမယ္၊ ေအေအစီအဖြဲ႕ကိုလည္း လႉမယ္၊ တအားေက်းဇူးတင္တယ္။”

ျမန္မာအလုပ္သမား မိသားစုဟာ ထီကိုလစဥ္ထိုးတာမဟုတ္ဘဲ ဒီတႀကိမ္ေတာ့ စက္႐ုံမွာ ထီလာေရာင္းလို႔ အားေပးတဲ့အေနနဲ႕ သားအမိအဖ သုံးေယာက္ တစ္ေယာက္ တစ္ေစာင္စီ ဝယ္ခဲ့ရာမွာ အသက္ ၁၉ ႏွစ္အ႐ြယ္ သားျဖစ္သူထိုးတဲ့ ထီလက္မွတ္က ေပါက္ခဲ့တာျဖစ္ၿပီး သားကလည္း ဘုန္းႀကီးဝတ္ဖို႔ ရည္စူးၿပီး ထီထိုးခဲ့တာလို႔ ဆိုပါတယ္။

AAC တာဝန္ခံ ကိုရဲမင္းကလည္း သူတို႔ေငြေတြ ေဘးအႏၱရာယ္ကင္းစြာ ထုတ္ၿပီး ျမန္မာျပည္ကို ျပန္နိုင္ဖို႔ ေစာင့္ေရွာက္ကူညီေပးေနေၾကာင္း ဒီဗြီဘီကို ေျပာပါတယ္က်ေနာ္တို႔အဖြဲ႕က သူတို႔ကို ေငြနဲ႕ ျမန္မာျပည္ထဲေရာက္တဲ့အထိ ျမဝတီနယ္စပ္ကေန သံအရာရွိကေနတဆင့္ ျမန္မာျပည္ျပန္ေရာက္ေအာင္ လႊဲေျပာင္းေပးမယ္။ သူတို႔ကလည္း ျပန္မွာ ထိုင္းမွာ အလုပ္မလုပ္ေတာ့ဘူး။”

ေအေအစီအဖြဲ႕အစည္းအေနနဲ႕ ထိုင္းေရာက္ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားေတြရဲ႕ အခက္အခဲကို တတ္နိုင္သေလာက္ ကူညီေပးေနတဲ့အျပင္ အခုလို ထီေပါက္တဲ့ ဝမ္းသာစရာကိစၥေတြမွာလည္း ကူညီေဆာင္႐ြက္ေပးခဲ့တာမွာ ပထမဆုရသူ ဒီတစ္ႀကိမ္နဲ႕ဆိုရင္ ၁၆ ႀကိမ္ရွိသြားၿပီလို႔ ကိုရဲမင္းက ေျပာပါတယ္။

ခရစ္ဒက္ Myanmar News

About the author

Aung Lay

Leave a Comment