Cele News

နှစ်ဖက်မိဘတွေနဲ့တရားသူကြီးရှေ့မှောက်မှာ လက်မှတ်ထိုးခဲ့တဲ့နေ့က အမှတ်တရပုံလေးတွေကို မျှဝေလာတဲ့ အိမ့်ချစ်

Written by Aung Lay

အဆိုတော် အိမ့်ချစ်ကတော့ ပရိသတ်အကြိုက် သီချင်းကောင်းလေးတွေ သီဆိုရင်း အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်လာသူလေး ဖြစ်ပါတယ်။ အိမ့်ချစ်က ပြီးခဲတဲ့ ဇွန်လ (၆) ရက်နေ့မှာ သူမရဲ့ ချစ်သူ ကို Eric နဲ့ မင်္ဂလာလက်မှတ်ထိုးပြီး လက်ထပ်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အိမ့်ချစ်တစ်ယောက် မပြောမဆိုနဲ့ လက်ထပ်ခဲ့တာကြောင့် အံ့သြဝမ်းသာနေတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ အိမ့်ချစ်က သူမတို့ ဇနီးမောင်နှံရဲ့ နှစ်ဖက်မိဘတွေနဲ့တရားသူကြီးရှေ့မှောက်မှာ လက်မှတ်ထိုးခဲ့တဲ့နေ့က အမှတ်တရပုံလေးတွေကို မျှဝေလာပါတယ်။ ပရိသတ်ကြီးအတွက် အချစ်တွေနဲ့ လွှမ်းခြုံထားတဲ့ အိမ့်ချစ်နဲ့ ကို Eric တို့ နှစ်ယောက်ရဲ့ မင်္ဂလာလက်မှတ်ထိုးပွဲ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

အိမ့်ချစ်ကတော့ သူမရဲ့ ကြင်စဦး ဇနီးမောင်နှံဘဝမှာ ပျော်ရွှင်ကြည်နူးစွာနဲ့ အချိန်တွေ ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source: Eint Chit’s fb

Zawgyi



Source: Eint Chit’s fb

About the author

Aung Lay

Leave a Comment