ၾကားသိရသမ်ွ

လက်ပံတန်းမြို့ခံရဲတွေတောင် လက်လျှော့ထားတဲ့ သူခိုးကို ကာယကံရှင်က ဗီဒီယိုကောလ်ကနေ ဖမ်းလိုက်တဲ့ ဖြစ်ရပ်

Written by Aung Lay

ျဖစ္ စဥ္မွာ ပဲခူးတိုင္းေဒသႀကီး သာယာဝတီခ႐ိုင္ လက္ပံတန္းၿမိဳ႕နယ္ မအူကုန္ရက္ကြက္ ေဘာလုံးကြင္း၄လမ္းေန ဦးဖိုးရွမ္း+ေဒၚျမင့္ျမင္ၾကည္ ေနအိမ္ကို ၂၇.၄.၂၀၂၀ ည၂နာရီခန႔္အခ်ိန္တြင္ အိမ္အတြင္းရွိ ဘီ႐ိုအတြင္း၌ သိမ္းဆည္းထားေသာ ေ႐ႊလက္ဝတ္လက္စား(နဝရတ္လက္စြပ္ႏွင့္ဆြဲႀကိဳး)မ်ားႏွင့္ အျခားေသာစိန္လက္စြပ္တို႔အပါအဝင္ ေငြသား( ) ခန႔္အျပင္ အိမ္ရွင္ေဒၚျမင့္ျမင္ၾကည္ ​၏ဖုန္း ႏွင့္သူ​၏သားမက္ဖုန္းတို႔ကိုပါ ခိုးယူသြားခဲ့ပါသည္။

ထို ကိစၥႏွင့္ပတ္သတ္ၿပီး လက္ပံတန္းရဲစခန္းမွ အပိုင္နယ္ထိန္းႏွင့္အဖြဲ႕ေရာက္ရွိလာၿပီး ထိုအိမ္တြင္ မည္သို႔အခိုးခံရသည္ကို ရဲလုပ္ထုံးလုပ္နည္းမ်ားအရ လုပ္ေဆာင္စစ္ေဆးၿပီး ထိုအခင္းျဖစ္ရာ ရပ္ကြက္အတြင္း၌ ေနထိုင္ေသာ ခိုးမႈျဖင့္အခ်ဳပ္က်ခံခဲ့ဖူးေသာ (……..)အားေခၚယူစစ္ေဆးမႈမ်ားျပဳလုပ္ၿပီး ထိုမသကၤာသူ(….)အားျပန္လႊတ္ေပးလိုက္ပါသည္။

ထိုကိစၥႏွင့္ပတ္သတ္ၿပီး အိမ္ရွင္မိသားစုမွ မေက်နပ္၍ ရဲအားထိထိေရာက္ေရာက္ စစ္ေဆးေပးရန္ေျပာေသာအခါ ရဲျဖစ္သူမွ “အခုကိစၥတြင္ မိမိတို႔ရဲမ်ားအေနျဖင့္ မသကၤာသူတရားခံ ကို႐ိုက္ႏွက္ေမးလို႔မရေၾကာင္းႏွင့္ ယခုလိုခိုးမႈမ်ားသည္လည္း ၁၀၀မွ၇၀ေလာက္က မေပၚေပါက္ေၾကာင္း” ကို အားရွိစရာေျပာျပပါသည္။

ထိုသို႔ျဖစ္ပြားၿပီးေနာက္ ၂၇.၄.၂၀၂၀ ေန႔ညတြင္ အခိုးခံလိုက္ရေသာမျမင့္ျမင့္ၾကည္ဖုန္းရွိ ေဖ့ဘုတ္အေကာင့္မွ သူမ​၏တူမျဖစ္သူ​၏ ေဖ့ဘုတ္မက္ဆင္ဂ်ာသို႔ hiဟူေသာ messageေရာက္လာၿပီး ၂၈.၄.၂၀၂၀ ေန႔တြင္ မျမင့္ျမင့္ၾကည္​၏တူမ မွ ျပန္လည္စာပို႔၍ သူခိုးျဖစ္သူအား ေဖ့ဘုတ္မက္ဆင္ဂ်ာမွ ဗီဒီယုိေကာလ္ေခၚၾကည့္လိုက္ေသာအခါ အစမွာ သူခိုးျဖစ္သူမွာမကိုင္တတ္သျဖင့္ မကိုင္ပဲေနၿပီး “”ဘယ္လိုကိုင္ရမလဲ””ဟု စာျပန္ပို႔ပါသည္။

ထိုအခါ မျမင့္ျမင့္ၾကည္​၏တူမျဖစ္သူမွ “အဲ့ဒီ့မွာေပၚေနေသာ အစိမ္းခလုတ္ေလးကိုႏွိပ္လိုက္ဟုေျပာၿပီး ဒုတိယအႀကိမ္ ဗီဒီယုိေကာလ္ ေခၚၾကည့္လိုက္ေသာအခါ သူခိုး​၏မ်က္ႏွာေပၚလာရာ(ပုံပါအတိုင္း) စခရင္ေရွာ႔ ႐ိုက္မွတ္သားထားၿပီးေနာက္ လက္ပံတန္းရဲစခန္းသို႔သြ ားေရာက္ၿပီး သူခိုးျဖစ္သူ​၏ပုံကိုျပရာမွ ယခုသူခိုးအားဖမ္းဆီးေဖာ္ထုတ္ႏိုင္ခဲ့ျခင္းျဖစ္သည္။ Ref:HotNewsMyanmar

Unicode

ဖြစ် စဉ်မှာ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် မအူကုန်ရက်ကွက် ဘောလုံးကွင်း၄လမ်းနေ ဦးဖိုးရှမ်း+ဒေါ်မြင့်မြင်ကြည် နေအိမ်ကို ၂၇.၄.၂၀၂၀ ည၂နာရီခန့်အချိန်တွင် အိမ်အတွင်းရှိ ဘီရိုအတွင်း၌ သိမ်းဆည်းထားသော ရွှေလက်ဝတ်လက်စား(နဝရတ်လက်စွပ်နှင့်ဆွဲကြိုး)များနှင့် အခြားသောစိန်လက်စွပ်တို့အပါအဝင် ငွေသား( ) ခန့်အပြင် အိမ်ရှင်ဒေါ်မြင့်မြင်ကြည် ၏ဖုန်း နှင့်သူ၏သားမက်ဖုန်းတို့ကိုပါ ခိုးယူသွားခဲ့ပါသည်။

ထို ကိစ္စနှင့်ပတ်သတ်ပြီး လက်ပံတန်းရဲစခန်းမှ အပိုင်နယ်ထိန်းနှင့်အဖွဲ့ရောက်ရှိလာပြီး ထိုအိမ်တွင် မည်သို့အခိုးခံရသည်ကို ရဲလုပ်ထုံးလုပ်နည်းများအရ လုပ်ဆောင်စစ်ဆေးပြီး ထိုအခင်းဖြစ်ရာ ရပ်ကွက်အတွင်း၌ နေထိုင်သော ခိုးမှုဖြင့်အချုပ်ကျခံခဲ့ဖူးသော (……..)အားခေါ်ယူစစ်ဆေးမှုများပြုလုပ်ပြီး ထိုမသင်္ကာသူ(….)အားပြန်လွှတ်ပေးလိုက်ပါသည်။

ထိုကိစ္စနှင့်ပတ်သတ်ပြီး အိမ်ရှင်မိသားစုမှ မကျေနပ်၍ ရဲအားထိထိရောက်ရောက် စစ်ဆေးပေးရန်ပြောသောအခါ ရဲဖြစ်သူမှ “အခုကိစ္စတွင် မိမိတို့ရဲများအနေဖြင့် မသင်္ကာသူတရားခံ ကိုရိုက်နှက်မေးလို့မရကြောင်းနှင့် ယခုလိုခိုးမှုများသည်လည်း ၁၀၀မှ၇၀လောက်က မပေါ်ပေါက်ကြောင်း” ကို အားရှိစရာပြောပြပါသည်။

ထိုသို့ဖြစ်ပွားပြီးနောက် ၂၇.၄.၂၀၂၀ နေ့ညတွင် အခိုးခံလိုက်ရသောမမြင့်မြင့်ကြည်ဖုန်းရှိ ဖေ့ဘုတ်အကောင့်မှ သူမ၏တူမဖြစ်သူ၏ ဖေ့ဘုတ်မက်ဆင်ဂျာသို့ hiဟူသော messageရောက်လာပြီး ၂၈.၄.၂၀၂၀ နေ့တွင် မမြင့်မြင့်ကြည်၏တူမ မှ ပြန်လည်စာပို့၍ သူခိုးဖြစ်သူအား ဖေ့ဘုတ်မက်ဆင်ဂျာမှ ဗီဒီယိုကောလ်ခေါ်ကြည့်လိုက်သောအခါ အစမှာ သူခိုးဖြစ်သူမှာမကိုင်တတ်သဖြင့် မကိုင်ပဲနေပြီး “”ဘယ်လိုကိုင်ရမလဲ””ဟု စာပြန်ပို့ပါသည်။

ထိုအခါ မမြင့်မြင့်ကြည်၏တူမဖြစ်သူမှ “အဲ့ဒီ့မှာပေါ်နေသော အစိမ်းခလုတ်လေးကိုနှိပ်လိုက်ဟုပြောပြီး ဒုတိယအကြိမ် ဗီဒီယိုကောလ် ခေါ်ကြည့်လိုက်သောအခါ သူခိုး၏မျက်နှာပေါ်လာရာ(ပုံပါအတိုင်း) စခရင်ရှော့ ရိုက်မှတ်သားထားပြီးနောက် လက်ပံတန်းရဲစခန်းသို့သွ ားရောက်ပြီး သူခိုးဖြစ်သူ၏ပုံကိုပြရာမှ ယခုသူခိုးအားဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ Ref:HotNewsMyanmar

About the author

Aung Lay

Leave a Comment