ခေတ် မီ စက်ကြီးတွေ နဲ့ ပုံဖော် လိုက်ရာ မှ ဖူးတွေ့ရ တဲ့ မဟာမြတ်မုနိ ဘုရားကြီး၏ မူလပုံတော်
မန္တေ လး မဟာမြတ်မုနိဘုရားကြီးကို ခေတ်မီစက်ကြီးများဖြင့် Scan ဖတ် ပုံဖော်ကြည့်ရာတွင် နဂိုမူလပုံတော် ကို ဖူးမျှော်ခွင့်ရရှိ ခဲ့ပါတယ်။
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော် ပလ္လင်တည်တံ့ ခိုင်ခံ့ရေးအတွက် ပြန်လည်ပြုပြင်တည်ဆောက်ရန် ပလ္လင်ခံဝန်ကို စမ်းသပ်ရာ ၁၅ တန်ခန့်သာ ရှိကြောင်း သိရှိရပါတယ်။
ဘုရားကိုယ်လုံးတော် ၏ အလေးချိန်နှင့် ကပ်လှူ ထားသော ရွှေသင်္ကန်းထုတည်ပမာဏ အလေးချိန်ကို တွက်ချက်နိုင်ရန် Scanning ပြုလုပ်ရာတွင် မဟာမြတ်မုနိဆင်းတုတော်၏ မူလဘူတ ကိုယ်တည်ကို ယခုကဲ့သို့ တွေ့မြင်ရခြင်းဖြစ်သည်။
မဟာမြတ်မုနိဘုရားကြီးကို ရခိုင်မှ ပင့်ဆောင်ခဲ့ပုံ
ရခိုင်ပြည် မင်းအဆက်ဆက်တို့လည်း ယင်းရုပ် ပွားတော်မြတ် ကို မဟာမုနိ ဘွဲ့အမည်ဖြင့် ကိုးကွယ်လာခဲ့ကြ၏။ အလွန် တန်ခိုးတော် ကြီးမြတ်သည်ဟုဆိုသည်။
ထိုရုပ်ပွားတော်မြတ် ကို မြန်မာမင်းတို့ ကိုးကွယ်လို၍ ပုဂံပြည် အနော်ရထာမင်းစော လက်ထက်တွင် တစ်ကြိမ်၊ အလောင်းစည်သူမင်း လက်ထက်တွင် တစ်ကြိမ် ပင့်ဆောင် ခဲ့ဖူးသော်လည်း မရရှိခဲ့ချေ။
၁၇၈၄-ခုနှစ်တွင် အမရပူရမြို့တည် ဘိုးတော်မင်းတရားကြီး လက်ထက်ရောက် မှ ရခိုင်တပြည်လုံးကို သိမ်းကျုံး အောင်မြင်တော်မူ၍သည်။
ထို့နောက် သားတော် မဟာ ဥပရာဇာသီရီ မဟာဓမ္မာဘိဓဇ သီဟသူရ ဘွဲ့ခံ အိမ်ရှေ့မင်းနှင့် သားတော်စကုမင်း၊ ကာမမင်းတို့ကို သက္ကရာဇ် (၁၁၄၆-ခု)၊
တန်ဆောင်မုန်း လဆန်း(၄)ရက် (၁၆-၁ဝ-၁၇၈၄) နေ့တွင် အမရပူရမြို့မှ ထွက်ခွာစေပြီး မဟာမုနိ ရုပ်ပွားတော်မြတ်ကို ပင့်ဆောင်စေပါသည်။
၁၁၄၆-ခု၊ ပြာသိုလပြည့်ကျော် (၁ဝ) ရက်၊ အင်္ဂါနေ့(၄-၁-၁၇၈၅)နေ့တွင် သီရိမဟာ ဘိဇယသီဟသူရဘွဲ့ခံ သားတော် အိမ်ရှေ့မင်းသည် မဟာမုနိဘုရားကြီးကို ဓညဝတီမြို့မှ စတင် ပင့်ဆောင်သည်။
သက္ကရာဇ် ၁၁၄၆ ခုနှစ် တပို့တွဲလတွင် မြို့ဟောင်းမှ တောင်ကုတ်အထိ ရေလမ်းဖြင့် ဖောင်ဖွဲ့ပြီး ပင့်ဆောင်လာခဲ့သည်။
တောင်ကုတ် မှ တစ်ဖန် ကုန်းကြောင်းခရီးဖြင့် စက်ရထား စီရင်ပြီး ဥယျာဉ် ပုံကြောင်းမှ ရိုးမကို ခဲယဉ်းပင်ပန်းစွာ ဖြတ်ကျော်ခဲ့ရာ၊ ပြည်တစ်ဖက်ကမ်း ပန်းတောင်းမြို့သို့ ချောမောစွာ ဆိုက်ရောက်လာခဲ့သည်။
ပန်းတောင်းမြို့ဆိပ်ကမ်းအပါအဝင် ရေကြောင်း၊ ကြည်းကြောင်း စခန်းပေါင်း(၅၄)ခုနှင့် တောင်ပေါင်း(၁၃၈)လုံးကို ကျော်ခဲ့ပြီး ရွှေဖောင်တော် နှစ်စင်း တွဲလျှက် ဧရာဝတီမြစ်ကို ဆန်တက်ခဲ့ရာ၊ သက္ကရာဇ် ၁၁၄၇ ခုနှစ် ကဆုန်လပြည့်ကျော် ၁၂ ရက်နေ့တွင် စစ်ကိုင်းဆိပ်ကမ်းသို့ ရောက်ရှိတော်မူလေသည်။
ဤသို့မြို့ဟောင်းမှ စစ်ကိုင်းမြို့သို့ ရေကြောင်း ကုန်းကြောင်းခရီးဖြင့် ပင်ဆောင်လာခဲ့ရာ စုစုပေါင်း ၄ လကျော်ကျော် ကြာ ခဲ့လေသည်။
Zawgyi
ေခတ္ မီ စက္ႀကီးေတြ နဲ႔ ပံုေဖာ္ လုိက္ရာ မွ ဖူးေတြ႕ရ တဲ့ မဟာျမတ္မုနိ ဘုရားႀကီး၏ မူလပံုေတာ္
မႏၲေ လး မဟာျမတ္မုနိဘုရားႀကီးကို ေခတ္မီစက္ႀကီးမ်ားျဖင့္ Scan ဖတ္ ပံုေဖာ္ၾကည့္ရာတြင္ နဂိုမူလပုံေတာ္ ကို ဖူးေမွ်ာ္ခြင့္ရရွိ ခဲ့ပါတယ္။
မႏၲေလးၿမိဳ႕ မဟာမုနိ႐ုပ္ရွင္ေတာ္ ပလႅင္တည္တံ့ ခိုင္ခံ့ေရးအတြက္ ျပန္လည္ျပဳျပင္တည္ေဆာက္ရန္ ပလႅင္ခံဝန္ကို စမ္းသပ္ရာ ၁၅ တန္ခန႔္သာ ရွိေၾကာင္း သိရွိရပါတယ္။
ဘုရားကိုယ္လုံးေတာ္ ၏ အေလးခ်ိန္ႏွင့္ ကပ္လႉ ထားေသာ ေ႐ႊသကၤန္းထုတည္ပမာဏ အေလးခ်ိန္ကို တြက္ခ်က္ႏိုင္ရန္ Scanning ျပဳလုပ္ရာတြင္ မဟာျမတ္မုနိဆင္းတုေတာ္၏ မူလဘူတ ကိုယ္တည္ကို ယခုကဲ့သို႔ ေတြ႕ျမင္ရျခင္းျဖစ္သည္။
မဟာျမတ္မုနိဘုရားႀကီးကို ရခိုင္မွ ပင့္ေဆာင္ခဲ့ပုံ
ရခိုင္ျပည္ မင္းအဆက္ဆက္တို႔လည္း ယင္း႐ုပ္ ပြားေတာ္ျမတ္ ကို မဟာမုနိ ဘြဲ႕အမည္ျဖင့္ ကိုးကြယ္လာခဲ့ၾက၏။ အလြန္ တန္ခိုးေတာ္ ႀကီးျမတ္သည္ဟုဆိုသည္။
ထို႐ုပ္ပြားေတာ္ျမတ္ ကို ျမန္မာမင္းတို႔ ကိုးကြယ္လို၍ ပုဂံျပည္ အေနာ္ရထာမင္းေစာ လက္ထက္တြင္ တစ္ႀကိမ္၊ အေလာင္းစည္သူမင္း လက္ထက္တြင္ တစ္ႀကိမ္ ပင့္ေဆာင္ ခဲ့ဖူးေသာ္လည္း မရရွိခဲ့ေခ်။
၁၇၈၄-ခုႏွစ္တြင္ အမရပူရၿမိဳ႕တည္ ဘိုးေတာ္မင္းတရားႀကီး လက္ထက္ေရာက္ မွ ရခိုင္တျပည္လုံးကို သိမ္းက်ဳံး ေအာင္ျမင္ေတာ္မူ၍သည္။
ထို႔ေနာက္ သားေတာ္ မဟာ ဥပရာဇာသီရီ မဟာဓမၼာဘိဓဇ သီဟသူရ ဘြဲ႕ခံ အိမ္ေရွ႕မင္းႏွင့္ သားေတာ္စကုမင္း၊ ကာမမင္းတို႔ကို သကၠရာဇ္ (၁၁၄၆-ခု)၊
တန္ေဆာင္မုန္း လဆန္း(၄)ရက္ (၁၆-၁ဝ-၁၇၈၄) ေန႔တြင္ အမရပူရၿမိဳ႕မွ ထြက္ခြာေစၿပီး မဟာမုနိ ႐ုပ္ပြားေတာ္ျမတ္ကို ပင့္ေဆာင္ေစပါသည္။
၁၁၄၆-ခု၊ ျပာသိုလျပည့္ေက်ာ္ (၁ဝ) ရက္၊ အဂၤါေန႔(၄-၁-၁၇၈၅)ေန႔တြင္ သီရိမဟာ ဘိဇယသီဟသူရဘြဲ႕ခံ သားေတာ္ အိမ္ေရွ႕မင္းသည္ မဟာမုနိဘုရားႀကီးကို ဓညဝတီၿမိဳ႕မွ စတင္ ပင့္ေဆာင္သည္။
သကၠရာဇ္ ၁၁၄၆ ခုႏွစ္ တပို႔တြဲလတြင္ ၿမိဳ႕ေဟာင္းမွ ေတာင္ကုတ္အထိ ေရလမ္းျဖင့္ ေဖာင္ဖြဲ႕ၿပီး ပင့္ေဆာင္လာခဲ့သည္။
ေတာင္ကုတ္ မွ တစ္ဖန္ ကုန္းေၾကာင္းခရီးျဖင့္ စက္ရထား စီရင္ၿပီး ဥယ်ာဥ္ ပုံေၾကာင္းမွ ႐ိုးမကို ခဲယဥ္းပင္ပန္းစြာ ျဖတ္ေက်ာ္ခဲ့ရာ၊ ျပည္တစ္ဖက္ကမ္း ပန္းေတာင္းၿမိဳ႕သို႔ ေခ်ာေမာစြာ ဆိုက္ေရာက္လာခဲ့သည္။
ပန္းေတာင္းၿမိဳ႕ဆိပ္ကမ္းအပါအဝင္ ေရေၾကာင္း၊ ၾကည္းေၾကာင္း စခန္းေပါင္း(၅၄)ခုႏွင့္ ေတာင္ေပါင္း(၁၃၈)လုံးကို ေက်ာ္ခဲ့ၿပီး ေ႐ႊေဖာင္ေတာ္ ႏွစ္စင္း တြဲလွ်က္ ဧရာဝတီျမစ္ကို ဆန္တက္ခဲ့ရာ၊ သကၠရာဇ္ ၁၁၄၇ ခုႏွစ္ ကဆုန္လျပည့္ေက်ာ္ ၁၂ ရက္ေန႔တြင္ စစ္ကိုင္းဆိပ္ကမ္းသို႔ ေရာက္ရွိေတာ္မူေလသည္။
ဤသို႔ၿမိဳ႕ေဟာင္းမွ စစ္ကိုင္းၿမိဳ႕သို႔ ေရေၾကာင္း ကုန္းေၾကာင္းခရီးျဖင့္ ပင္ေဆာင္လာခဲ့ရာ စုစုေပါင္း ၄ လေက်ာ္ေက်ာ္ ၾကာ ခဲ့ေလသည္။