“သန္ဓေသား တားဆေး သောက်တဲ့ အမျိုးသမီးတွေ ဒါလေး ဖတ်ကြည့်ပါ”
သန္ဓေသားတားဆေး သောက်တဲ့သူတွေဟာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ၂၀% ပိုများတယ်။
ဒီအခြေအနေဟာ သန္ဓေသားဆေးဖြတ်ပြီးနောက် ၅ နှစ်တိုင် အထိ အန္တရာယ် ရှိပါတယ်။
သန္ဓေသားတားဆေးကြောင့် ရင်သားကင်ဆာ ဖြစ်နိုင်တယ်ဆိုတာ နှစ်ပေါင်းများစွာကတည်း သိခဲ့သော်လည်း Combined pill ကသာ ဖြစ်နိုင်တယ်လို့ ယူဆခဲ့ကြတယ်။
နောက်ပိုင်း သုတေသန ပြုမှုတွေ အရ ဘာသန္ဓေသားတားဆေးဖြစ်ဖြစ် (Combined pill or Progestogen- only pill) သို့မဟုတ် သောက်ဆေးမဟုတ်တဲ့ IUS Hormone-intrauterine system တို့ဟာလည်း အန္တရာယ်ဖြစ်စေမှု ဆတူ ရှိတယ်ဆိုတာ တွေ့ရတယ်။
သန္ဓေသားတားဆေး ၅ နှစ် ဆက် သောက်တဲ့သူတွေကို လေ့လာကြည့်တဲ့အခါ သူတို့ဟာ အခြားသူများထက် ရင်သားကင်ဆာ ပိုဖြစ်ကြတာ တွေ့ရတယ်။
ရင်သားကင်ဆာသည် ၃ ပုံ ၂ ပုံဟာ Hormone receptor-positive တနည်းအားဖြင့် ဟော်မုန်းက ကင်ဆာဆဲလ်တွေ ကြီးထွားဖို့ အားပေးကူညီနေတာတွေ့ရတယ်။
University of Aberdeen မှပရော်ဖက်ဆာ Phil Hanbaford ရဲ့လေ့လာချက်အရ သန္ဓေသားတားဆေး များသောက်ခြင်းရဲ့ အကျိုးတွေက မလိုအပ်သေးတဲ့ သန္ဓေသား မရစေခြင်းအပြင် အမျိုးသမီးများ အသက်အရွယ် ရလာတဲ့အခါ သားအိမ်ကင်ဆာ အူမကြီးကင်ဆာတို့ မဖြစ်အောင် ကာကွယ်ပေးရာ ရောက်တယ်။
သို့သော် ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်း ကင်ဆာ ဖြစ်နိုင်ခြေများတာနဲ့ ယှဉ်ရင် အကျိုးသက်ရောက်မှု နည်းပါးတာ တွေ့ရတယ်။Credit : Htin Aung
Zawgyi
“သေႏၶသား တားေဆး ေသာက္တဲ့ အမ်ိဳးသမီးေတြ ဒါေလး ဖတ္ၾကည့္ပါ”
သေႏၶသားတားေဆး ေသာက္တဲ့သူေတြဟာ ရင္သားကင္ဆာ ျဖစ္ႏိုင္ေျခ ၂၀% ပိုမ်ားတယ္။
ဒီအေျခအေနဟာ သေႏၶသားေဆးျဖတ္ၿပီးေနာက္ ၅ ႏွစ္တိုင္ အထိ အႏၲရာယ္ ရွိပါတယ္။
သေႏၶသားတားေဆးေၾကာင့္ ရင္သားကင္ဆာ ျဖစ္ႏိုင္တယ္ဆိုတာ ႏွစ္ေပါင္းမ်ားစြာကတည္း သိခဲ့ေသာ္လည္း Combined pill ကသာ ျဖစ္ႏိုင္တယ္လို႔ ယူဆခဲ့ၾကတယ္။
ေနာက္ပိုင္း သုေတသန ျပဳမႈေတြ အရ ဘာသေႏၶသားတားေဆးျဖစ္ျဖစ္ (Combined pill or Progestogen- only pill) သို႔မဟုတ္ ေသာက္ေဆးမဟုတ္တဲ့ IUS Hormone-intrauterine system တို႔ဟာလည္း အႏၲရာယ္ျဖစ္ေစမႈ ဆတူ ရွိတယ္ဆိုတာ ေတြ႕ရတယ္။
သေႏၶသားတားေဆး ၅ ႏွစ္ ဆက္ ေသာက္တဲ့သူေတြကို ေလ့လာၾကည့္တဲ့အခါ သူတို႔ဟာ အျခားသူမ်ားထက္ ရင္သားကင္ဆာ ပိုျဖစ္ၾကတာ ေတြ႕ရတယ္။
ရင္သားကင္ဆာသည္ ၃ ပုံ ၂ ပုံဟာ Hormone receptor-positive တနည္းအားျဖင့္ ေဟာ္မုန္းက ကင္ဆာဆဲလ္ေတြ ႀကီးထြားဖို႔ အားေပးကူညီေနတာေတြ႕ရတယ္။
University of Aberdeen မွပေရာ္ဖက္ဆာ Phil Hanbaford ရဲ႕ေလ့လာခ်က္အရ သေႏၶသားတားေဆး မ်ားေသာက္ျခင္းရဲ႕ အက်ိဳးေတြက မလိုအပ္ေသးတဲ့ သေႏၶသား မရေစျခင္းအျပင္ အမ်ိဳးသမီးမ်ား အသက္အ႐ြယ္ ရလာတဲ့အခါ သားအိမ္ကင္ဆာ အူမႀကီးကင္ဆာတို႔ မျဖစ္ေအာင္ ကာကြယ္ေပးရာ ေရာက္တယ္။
သို႔ေသာ္ ရင္သားကင္ဆာနဲ႔ သားအိမ္ေခါင္း ကင္ဆာ ျဖစ္ႏိုင္ေျခမ်ားတာနဲ႔ ယွဥ္ရင္ အက်ိဳးသက္ေရာက္မႈ နည္းပါးတာ ေတြ႕ရတယ္။Credit : Htin Aung