စန်းပွင့်အားတွေကောင်းပြီး ကံတွေတက်အောင် ရေမွှေးကို ဒီလိုလေး အသုံးပြုကြည့်ပါ…
ဟိုးရှေးအခါကသဘာဝရဲ့စွမ်းအားတွေကိုသိမြင်ပြီး အသုံးပြုလာကြတဲ့သူတွေဟာမှော်အတတ်ပညာရှင် တွေအဖြစ်လူတွေရဲ့သတ်မှတ်ခြင်းခံရသလို . . . . .
တချို့သောပညာရှင်တွေကျပြန်တော့ စုန်းအဖြစ် သမုတ်ပြီး ကြောက်ရွံ့လာကြပါတယ်။ ထိုပညာရှင်တွေ ရှာဖွေသိရှိခဲ့တဲ့ သစ်ပင်တွေရဲ့အစွမ်းနဲ့ မကောင်းသောလှိုင်းတွေကို
ပယ်ရှားစေတဲ့နည်းလမ်းပေါင်းများစွာကို သိရှိခဲ့ကြပြီး လွယ်ကူရိုးရှင်းတဲ့နည်းလမ်းလေးကတော့ အယ်လ်ကိုဟောနဲ့သန့်စင်မှုပြုခြင်းပါ။
ဒါကြောင့် ရှေးဟောင်းဂျစ်ပစီလူမျိုးတွေဟာ တားရော့ကဒ်တွေကိုနိမိတ်ဟောပြောဖို့ပဲဖြစ်ဖြစ် အသုံးပြုခါနီး၎င်းတို့ရဲ့ လက်တွေကိုအရက်နဲ့ဦးစွာ ဆေးကြောမှုပြုကြပါတယ်။
သဘောကတော့ သူတို့တစ်နေ့တာမှာ ပြုမူလုပ်ဆောင်မှုတွေက ရရှိခဲ့တဲ့မကောင်းတဲ့ (wave)လှိုင်းတွေဟာ လက်ကနေတစ်ဆင့်သူတို့ရဲ့ တားရော့ကဒ်အပေါ်စီးကူးပြီး
နိမိတ်ဖတ် တားရော့မှတဆင့် ကျိန်စာတားရော့တွေ အဖြစ်ရောက်ရှိသွားမှာ စိုးရွံ့သလ ိုတားရော့ကိုလည်း အသက်ရှိတဲ့အရာအဖြစ်သတ်မှတ်ထားလို့ ရှုပ်ထွေးမှုတွေဖြစ်စေပြီး
ဟောပြောချက်တွေ လွဲစေမှာစိုးရိမ်ကြတဲ့အတွက်ပဲဖြစ်ပါတယ်။ဒါ့အပြင် အခြားသောမကောင်းတဲ့ ခံစားချက်တွေများတဲ့အခါ အလုပ်အကိုင်တွေ
အဆင်မပြေမှုများလာတဲ့အခါမျိုးတွေမှာပဲဖြစ်ဖြစ် အစီအရင်တွေပြုလုပ်ခါနီးပဲဖြစ်ဖြစ် အစီအရင်မပြုလုပ်မီအရက်နှင့် ရေချိုးသန့်စင်ခြင်းပြုကြပါတယ်။
ကျွန်တော်တို့အနေနဲ့နေ့စဉ်ဆက်ဆံပေါင်းသင်းလုပ်ကိုင်ရတဲ့ပတ်ဝန်းကျင်မှပြုမူလုပ်ဆောင်မှုတွေကနေတဆင့်မမြင်ရတဲ့(Wave)လှိုင်းတွေဟာကပ်ငြိပါလာတတ်ပါတယ်။
ထို့အတူထို လှိုင်းတွေဟာ တူရာစုခြင်းသဘောတရားအတိုင်းတူညီတဲ့ အရာတွေကို ဆင့်ခေါ်တတ်ကြပါတယ်။
ဒါ့အပြင် နေ့စဉ်ပြုမူလုပ်ဆောင်မှုတွေကနေတဆငိ့သာမက မိမိတို့ခန္ဓာကိုယ်မှထွက်ရှိတဲ့ အညှီအညစ်အကြေးတွေကနေလည်း မကောင်းသောလှိုင်းတွေကို ဆွဲဆောင်တတ်ကြပြီး
မိမိမှာထိုလှိုင်းတွေကြောင့် လုပ်ကိုင်ရာ ပတ်ဝန်းကျင်မှာ ဘာပဲလုပ်လုပ် အဆင်ပြေမှုနည်းပါးခြင်း မိမိအပေါ်နိုင့်ထက်စီးနင်းဆက်ဆံသူပေါများနေတတ်ပြီး
မိမ်အိမ်ထောင်ဖက်ချစ်သူ ကိုယ်တိုင်ကအပြင် မိမိအပေါ်နားလည်ပေးနိုင်စွမ်း လျော့ကျမှုတွေဖြစ်ပြီး စွန့်ခွာသွားတတ်ပါတယ်။
ဒီလိုဆုံးရှုံးမှုတေ ွကြုံတွေ့နေရပြီဆိုလျှင ်မိမိရဲ့စန်းအားတွေ သုညအောက်ကို ယူဇနာထောင်ချီကိုကျနေပြီလို့သာ မှတ်ပေတော့။
ဦးစွာ မိမိကံဇာတာတွေပြန်လည်တက်လာပြီး မိမိခန္ဓာပေါ်မှာကျရောက် ကပ်ငြိစွဲကပ်နေတဲ့ မကောင်းတဲ့အညစ်အကြေး လှိုင်းတွေကို ပယ်ဖျက်ဖို့အတွက် ရေပုံးလေးတစ်ပုံးထဲကိုရေထည့်ပါ။
တရော်ကင်ပွန်းလေးနှစ်ထုပ်လောက်ရောပါ။ ဆားအနည်းငယ်နဲ့ ရှာလကာရည်လေးထည့်ပါ။ တစ်ခုနဲ့တစ်ခုရောနှောသွားအောင် အနည်းငယ်မွှေရပါမယ်။
မွှေတဲ့အခါမှာလည်း ရှေးဟောင်းအယူအဆလေး တစ်ခုအတိုင်းပေါ့ နာရီလက်တံပြောင်းပြန် လက်ဝဲရစ်လေး မွှေရပါမယ်။
ထိုသို့ပြုလုပ်ပြီးပါက ထိုရေနဲ့ခေါင်းလျှော်ခြင်း အရင်ပြုပါ။ ပြီးလျှင်ကျန်ရှိနေတဲ့ရေကိုဆက်ပြီး မိမိခန္ဓာကိုအနံ့အပြားကို ပတ်ဖြန်းသန့်စင်ပေးပါ။
ဒါလေးပြီးရင်တော့နှစ်သက်ရာရေချိုးဆပ်ပြာကို အသုံးပြုပြီး ရေဝဝချိုးချလို့ရပါပြီ။ ယခုကဲ့သို့ရေချိုးမင်္ဂလာပြုခြင်းလေး ပြုပြီးရင်သင်ဟာသန့်စင်တဲ့လူတစ်ယောက်ဖြစ်နေပါပြီ…
ဒါကြောင့်ပိုမိုပြီး သန့်စင်မှုလေးရရှိအောင် အလင်းဓာတ်လေးယူရပါမယ်။ထွေထူးလုပ်ဖို့မလိုပါဘူး ဖယောင်းတိုင်လေးတစ်တိုင်ထွန်းပြီ းငြိမ်ငြိမ်လေးထိုဖယောင်းတိုင်လေးရှေ့မှာထိုင်နေရုံပါပဲ။
ဒါလေးတွေအကုန်ပြီးပြီဆိုရင်တော့ ရေမွှေးဆွတ်တဲ့အပိုင်းလေးရောက်ပါပြီ။ ရေမွှေးကို ဘယ်လိုဆွတ်ဖြန်းရမလဲ ဆိုင်အထက်ကရှင်းပြခဲ့တဲ့အတိုင်း မိမိခန္ဓာကိုယ်ကမကောင်းတဲ့
အညှီတွေထွက်ရှိတဲ့နေရာကိုဆွတ်ဖြန်းသန့်စင်ရပါမယ်ပြီးရင်တော့မိမိမျက်နှာရှေ့တည့်တည့် အထက်နားကိုရေမွှေးလေးပတ်ဖြန်းပြီး ထိုနားတဝိုက်ကို အနည်းငယ်ပတ်ပြီး လမ်းလျှောက်ပေးလိုက်ပါ။
မိမိခန္ဓာကိုယ်အနှံ့ ရေမွှေးနံ့လေးရောက်ရှိသွားစေသလို မိမိလမ်းလျှောက်သွားရာ လမ်းတစ်လျှောက်မှာလည်း ထိုအနံ့သင်းသင်းလေးလေ ထုထဲမှာကျန်ရှိနေတတ်ပါတယ်။
ဒါလေးတွေအကုန်လုပ်ပြီးရင် သင့်အတွက် စန်းပွင့်စေမယ့် အစီအရင်တစ်ခုပြီးပါပြီ။ ညွှန်ကြားခဲ့တဲ့ေ ရချိုးနည်းလေးပြုလုပ်ပြီး (၂၄ )နာရီအကြာမှာ စတင်ပြီးအစွမ်းပြပါလိမ့်မယ်…
သင့်အတွက်ထူးခြားတဲ့ ရလာဘ်ကောင်းလေးတွေ ကြုံလာရသလိုရေမွှေးနဲ့သန့်စင်တဲ့ အစွမ်းကြောင့် မိမိနဲ့ဆန့်ကျင်ဖက်တွေအပေါ် တမူထူးခြားပြီး ဆွဲဆောင်မှုရှိနေတာကို ထူးထူးခြားခြားသတိပြုမိနေစေမှာပါ။
စန်းအားကောင်းမွန်လာခြင်းသည် အချစ်ရေးမှာ ကံကောင်းလာခြင်း တစ်ခုတည်းအတွက်ဆိုလိုခြင်းမဟုတ်ပဲ မိမိနေထိုင်ရာ ပတ်ဝန်းကျင်နဲ့ ရှင်သန်ရာနေရာတိုင်းမှာ လူချစ်လူခင်များပြားစေပြီး
ကူညီစောင်မသူပေါများလာခြင်းပါ။ရေချိုးတဲ့နည်းလမ်းလေးကို တစ်ပတ်ကိုတစ်ကြိမ်လောက်တော့ မဖြစ်မနေလုပ်သင့်ပြီး ရေမွှေးလေးကိုတော့နေ့စဉ်အတွက်
ဆွတ်ဖြန်မှုပြုလုပ်လို့ရပါတယ် ဆိုတဲ့အကြောင်းလေးပြောရင်း မိတ်ဆွေများလည်းသိရှိစေအောင် ဝေမျှပေးပါဦးလို့ မေတ္တာရပ်ခံပါရစေ။
ချစ်သောစိတ်ဖြင့် . . . . . .
ရဲထက်မွန် 09794463221
Zawgyi
စန္းပြင့္အားေတြေကာင္းျပီး ကံေတြတက္ေအာင္ ေရေမႊးကို ဒီလိုေလး အသံုးျပဳျကည့္ပါ…
ဟိုးေရွးအခါကသဘာဝရဲ႕စြမ္းအားေတြကိုသိျမင္ျပီး အသံုးျပဳလာျကတဲ႕သူေတြဟာေမွာ္အတတ္ပညာရွင္ ေတြအျဖစ္လူေတြရဲ႕သတ္မွတ္ျခင္းခံရသလို . . . . .
တခ်ို့ေသာပညာရွင္ေတြက်ျပန္ေတာ့ စုန္းအျဖစ္ သမုတ္ျပီး ေျကာက္ရြံ႕လာျကပါတယ္။ ထိုပညာရွင္ေတြ ရွာေဖြသိရွိခဲ႕တဲ႕ သစ္ပင္ေတြရဲ႕အစြမ္းနဲ႕ မေကာင္းေသာလိွဳင္းေတြကို
ပယ္ရွားေစတဲ႕နည္းလမ္းေပါင္းမ်ားစြာကို သိရွိခဲ႕ျကျပီး လြယ္ကူရိုးရွင္းတဲ႕နည္းလမ္းေလးကေတာ့ အယ္လ္ကိုေဟာနဲ႕သန့္စင္မွဳျပဳျခင္းပါ။
ဒါေျကာင့္ ေရွးေဟာင္းဂ်စ္ပစီလူမ်ိုးေတြဟာ တားေရာ့ကဒ္ေတြကိုနိမိတ္ေဟာေျပာဖို့ပဲျဖစ္ျဖစ္ အသံုးျပဳခါနီး၄င္းတို့ရဲ႕ လက္ေတြကိုအရက္နဲ႕ဦးစြာ ေဆးေျကာမွဳျပဳျကပါတယ္။
သေဘာကေတာ့ သူတို့တစ္ေန့တာမွာ ျပဳမူလုပ္ေဆာင္မွဳေတြက ရရွိခဲ႕တဲ႕မေကာင္းတဲ႕ (wave)လိွုင္းေတြဟာ လက္ကေနတစ္ဆင့္သူတို့ရဲ႕ တားေရာ့ကဒ္အေပါ္စီးကူးျပီး
နိမိတ္ဖတ္ တားေရာ့မွတဆင့္ က်ိန္စာတားေရာ့ေတြ အျဖစ္ေရာက္ရွိသြားမွာ စိုးရြ႕ံသလ ိုတားေရာ့ကိုလည္း အသက္ရွိတဲ႕အရာအျဖစ္သတ္မွတ္ထားလို့ ရွဳပ္ေထြးမွဳေတြျဖစ္ေစျပီး
ေဟာေျပာခ်က္ေတြ လဲြေစမွာစိုးရိမ္ျကတဲ႕အတြက္ပဲျဖစ္ပါတယ္။ဒါ့အျပင္ အျခားေသာမေကာင္းတဲ႕ ခံစားခ်က္ေတြမ်ားတဲ႕အခါ အလုပ္အကိုင္ေတြ
အဆင္မေျပမွဳမ်ားလာတဲ႕အခါမ်ိဳးေတြမွာပဲျဖစ္ျဖစ္ အစီအရင္ေတြျပဳလုပ္ခါနီးပဲျဖစ္ျဖစ္ အစီအရင္မျပဳလုပ္မီအရက္နွင့္ ေရခ်ိုးသန့္စင္ျခင္းျပဳျကပါတယ္။
ကြ်န္ေတာ္တို့အေနနဲ႕ေန့စဥ္ဆက္ဆံေပါင္းသင္းလုပ္ကိုင္ရတ႕ဲပတ္ဝန္းက်င္မွျပဳမူလုပ္ေဆာင္မွဳေတြကေနတဆင့္မျမင္ရတဲ႕(Wave)လိွဳင္းေတြဟာကပ္ျငိပါလာတတ္ပါတယ္။
ထို့အတူထို လိွုင္းေတြဟာ တူရာစုျခင္းသေဘာတရားအတိုင္းတူညီတဲ႕ အရာေတြကို ဆင့္ေခါ္တတ္ျကပါတယ္။
ဒါ့အျပင္ ေန့စဥ္ျပဳမူလုပ္ေဆာင္မွဳေတြကေနတဆငိ့သာမက မိမိတို့ခႏၶာကိုယ္မွထြက္ရွိတဲ႕ အညီွအညစ္အေျကးေတြကေနလည္း မေကာင္းေသာလိွဳင္းေတြကို ဆဲြေဆာင္တတ္ျကျပီး
မိမိမွာထိုလိွဳင္းေတြေျကာင့္ လုပ္ကိုင္ရာ ပတ္ဝန္းက်င္မွာ ဘာပဲလုပ္လုပ္ အဆင္ေျပမွဳနည္းပါးျခင္း မိမိအေပါ္နိုင့္ထက္စီးနင္းဆက္ဆံသူေပါမ်ားေနတတ္ျပီး
မိမ္အိမ္ေထာင္ဖက္ခ်စ္သူ ကိုယ္တိုင္ကအျပင္ မိမိအေပါ္နားလည္ေပးနိုင္စြမ္း ေလ်ာ့က်မွဳေတြျဖစ္ျပီး စြန့္ခြာသြားတတ္ပါတယ္။
ဒီလိုဆံုးရွံဳးမွဳေတ ြျကံဳေတြ႕ေနရျပီဆိုလ်ွင ္မိမိရဲ႕စန္းအားေတြ သုညေအာက္ကို ယူဇနာေထာင္ခ်ီကိုက်ေနျပီလုိ့သာ မွတ္ေပေတာ့။
ဦးစြာ မိမိကံဇာတာေတြျပန္လည္တက္လာျပီး မိမိခႏၶာေပါ္မွာက်ေရာက္ ကပ္ျငိစဲြကပ္ေနတဲ႔ မေကာင္းတဲ႕အညစ္အေျကး လိွဳင္းေတြကို ပယ္ဖ်က္ဖို့အတြက္ ေရပံုုးေလးတစ္ပံုးထဲကိုေရထည့္ပါ။
တေရာ္ကင္ပြန္းေလးနွစ္ထုပ္ေလာက္ေရာပါ။ ဆားအနည္းငယ္နဲ႕ ရွာလကာရည္ေလးထည့္ပါ။ တစ္ခုနဲ႕တစ္ခုေရာေနွာသြားေအာင္ အနည္းငယ္ေမႊရပါမယ္။
ေမႊတဲ႕အခါမွာလည္း ေရွးေဟာင္းအယူအဆေလး တစ္ခုအတိုင္းေပါ့ နာရီလက္တံေျပာင္းျပန္ လက္ဝဲရစ္ေလး ေမႊရပါမယ္။
ထိုသို့ျပဳလုပ္ျပီးပါက ထိုေရနဲ႕ေခါင္းေလ်ွာ္ျခင္း အရင္ျပဳပါ။ ျပီးလ်ွင္က်န္ရွိေနတဲ႕ေရကိုဆက္ျပီး မိမိခႏၶာကိုအနံ႕အျပားကို ပတ္ျဖန္းသန့္စင္ေပးပါ။
ဒါေလးျပီးရင္ေတာ ့နွစ္သက္ရာေရခ်ိုးဆပ္ျပာကို အသံုးျပဳျပီး ေရဝဝခ်ိုးခ်လို့ရပါျပီ။ ယခုကဲ႕သို့ေရခ်ိုးမဂၤလာျပဳျခင္းေလး ျပုျပီးရင္သင္ဟာသန့္စင္တဲ႕လူတစ္ေယာက္ျဖစ္ေနပါျပီ…
ဒါေျကာင့္ပိုမိုျပီး သန့္စင္မွဳေလးရရွိေအာင္ အလင္းဓာတ္ေလးယူရပါမယ္။ေထြထူးလုပ္ဖို့မလိုပါဘူး ဖေယာင္းတိုင္ေလးတစ္တိုင္ထြန္းျပီ းျငိမ္ျငိမ္ေလးထိုဖေယာင္းတိုင္ေလးေရွ႕မွာထိုင္ေနရံုပါပဲ။
ဒါေလးေတြအကုန္ျပီးျပီဆိုရင္ေတာ့ ေရေမႊးဆြတ္တဲ႕အပိုင္းေလးေရာက္ပါျပီ။ ေရေမႊးကို ဘယ္လိုဆြတ္ျဖန္းရမလဲ ဆိုင္အထက္ကရွင္းျပခဲ႕တဲ႕အတိုင္း မိမိခႏၶာကိုယ္ကမေကာင္းတဲ႕
အညီွေတြထြက္ရွိတဲ႕ေနရာကိုဆြတ္ျဖန္းသန့္စင္ရပါမယ္ျပီးရင္ေတာ ့မိမိမ်က္နွာေရွ႕တည့္တည့္ အထက္နားကိုေရေမႊးေလးပတ္ျဖန္းျပီး ထိုနားတဝိုက္ကို အနည္းငယ္ပတ္ျပီး လမ္းေလ်ွာက္ေပးလိုက္ပါ။
မိမိခႏၶာကိုယ္အနွံ႕ ေရေမႊးနံ႕ေလးေရာက္ရွိသြားေစသလို မိမိလမ္းေလ်ွာက္သြားရာ လမ္းတစ္ေလ်ွာက္မွာလည္း ထိုအနံ႕သင္းသင္းေလးေလ ထုထဲမွာက်န္ရွိေနတတ္ပါတယ္။
ဒါေလးေတြအကုန္လုပ္ျပီးရင္ သင့္အတြက္ စန္းပြင့္ေစမယ့္ အစီအရင္တစ္ခုျပီးပါျပီ။ ညႊန္ျကားခဲ႕တဲ႕ေ ရခ်ိုးနည္းေလးျပဳလုပ္ျပီး (၂၄ )နာရီအျကာမွာ စတင္ျပီးအစြမ္းျပပါလိမ့္မယ္…
သင့္အတြက္ထူးျခားတဲ႕ ရလာဘ္ေကာင္းေလးေတြ ျကံဳလာရသလိုေရေမႊးနဲ႕သန့္စင္တဲ႕ အစြမ္းေျကာင့္ မိမိနဲ႔ဆန့္က်င္ဖက္ေတြအေပါ္ တမူထူးျခားျပီး ဆဲြေဆာင္မွဳရွိေနတာကို ထူးထူးျခားျခားသတိျပဳမိေနေစမွာပါ။
စန္းအားေကာင္းမြန္လာျခင္းသည္ အခ်စ္ေရးမွာ ကံေကာင္းလာျခင္း တစ္ခုတည္းအတြက္ဆိုလိုျခင္းမဟုတ္ပဲ မိမိေနထိုင္ရာ ပတ္ဝန္းက်င္နဲ႕ ရွင္သန္ရာေနရာတိုင္းမွာ လူခ်စ္လူခင္မ်ားျပားေစျပီး
ကူညီေစာင္မသူေပါမ်ားလာျခင္းပါ။ေရခ်ိုးတဲ႕နည္းလမ္းေလးကို တစ္ပတ္ကိုတစ္ျကိမ္ေလာက္ေတာ့ မျဖစ္မေနလုပ္သင့္ျပီး ေရေမႊးေလးကိုေတာ့ေန့စဥ္အတြက္
ဆြတ္ျဖန္မွဳျပဳလုပ္လို့ရပါတယ္ ဆိုတဲ႕အေျကာင္းေလးေျပာရင္း မိတ္ေဆြမ်ားလည္းသိရွိေစေအာင္ ေ၀မွ်ေပးပါဦးလို့ ေမတၱာရပ္ခံပါရေစ။
ခ်စ္ေသာစိတ္ျဖင့္ . . . . . .
ရဲထက္မြန္ 09794463221