မင်းသမီးချော သင်ဇာဝင့်ကျော်ကတော့ ဆွဲဆောင်မှုရှိပြီး ညှို့အားပြင်းသူတစ်ယောက်ဖြစ်တာကြောင့် နှစ်ပေါင်းများစွာတိုင် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတာ ဖြစ်ပါတယ်။ အသက်အရွယ်ကြီးလာတာနဲ့အမျှ ပိုလို့တောင်အောင်မြင်လာတဲ့ သင်ဇာဝင့်ကျော်က လက်ရှိမှာလည်း အောင်မြင်မှုအပေါင်း သရဖူဆောင်းထားပြီး အနုပညာလုပ်ငန်းတွေကို လက်မလည်အောင် လုပ်ကိုင်နေရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ သင်ဇာဝင့်ကျော်က သူမရဲ့ အောင်လေးတို့ရဲ့ ကြည်နူးစရာ ဗီဒီယိုလေးတွေကို ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။ သင်ဇာဝင့်ကျော်က အောင်လေးမောင်းတဲ့ ဆိုင်ကယ်လေးနောက်မှာ လွတ်လပ်ပေါ့ပါးပြီး ပျော်ရွှင်နေတာကို ပရိသတ်ကြီးအတွက် မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။
အောင်လေးကတော့ သင်ဇာဝင့်ကျော်ကို “သူကနောက်ကပျော်နေ ရှေ့မှာက မဲသဲနေပြီ🤣🤣” ဆိုပြီး စနောက်ကျီစယ်ထားပါတယ်။ ပရိသတ်ကြီးလည်း အောင်လေးနဲ့ သင်ဇာဝင့်ကျော်တို့ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ကြည်နူးစရာ အပျော်တွေကူးစက်သွားမယ်လို့ မျှော်လင့်ပါတယ်နော်။
Source: Thin Zar Wint Kyaw’s fb
Zawgyi