COVID-19 ေရာဂါေၾကာင့္ ေသမင္းခံတြင္းဝသို႔ ေရာက္ရွိခဲ့သည့္ အေမရိကန္ႏိုင္ငံက အသက္ ၇၀ ရွိ အဘိုးအိုတစ္ဦးသည္ ေရာဂါေဘးမွ အသက္ရွင္လြတ္ေျမာက္ခဲ့ေသာ္လည္း ေဆးကုသစရိတ္ အေမရိကန္ေဒၚလာ ၁ ဒသမ ၁ သန္း ကုန္က်စရိတ္ ေတာင္းခံလႊာ ရရွိခဲ့ရာ ႏွလုံးရပ္လုမတတ္ ျဖစ္ခဲ့ရေၾကာင္း Seattle Times သတင္းက တနဂၤေႏြေန႔တြင္ ေဖာ္ျပသည္။
မိုက္ကယ္ဖေလာ္ဆိုသည့္ အဘိုးအိုသည္ မတ္ ၄ ရက္က အေနာက္ေျမာက္ပိုင္း ဆီယက္တဲလ္ၿမိဳ႕က ေဆး႐ုံတစ္႐ုံသို႔ တက္ေရာက္ခဲ့ရျခင္း ျဖစ္ၿပီး ေဆး႐ုံတြင္ ၆၂ ရက္ၾကာ ေနထိုင္ခဲ့ရသည္။ တစ္ခ်ိန္တြင္ အဘိုးအို ဖေလာ္က အသက္ငင္လုမတတ္ျဖစ္ခဲ့၍ သူနာျပဳမ်ားက ၎၏ ေနာက္ဆုံးအခ်ိန္အတြက္ ႏႈတ္ဆက္ရန္ပင္ သူ႔ ဇနီးႏွင့္ ကေလးမ်ားကို ဖုန္းဆက္အေၾကာင္းၾကားခဲ့ရသည္။
သို႔ရာတြင္ ၎သည္ ျပန္လည္နာလန္ထူလာခဲ့ၿပီး ေမ ၅ ရက္၌ ေဆး႐ုံမွ ဆင္းႏိုင္ခဲ့ရာ ေဆး႐ုံဝန္ထမ္းမ်ားအတြက္ စိတ္ေက်နပ္စရာ ျဖစ္ခဲ့ေသာ္လည္း ေဆး႐ုံတြင္ ကုန္က်စရိတ္ ေတာင္းခံလႊာသည္ စာမ်က္ႏွာ ၁၈၁ မ်က္ႏွာရွိၿပီး စုစုေပါင္း ကုန္က်စရိတ္သည္ ေဒၚလာ ၁၁၂၂၅၀၁၀၄ ေဒၚလာ ရွိေၾကာင္း ၎က သတင္းစာသို႔ ေျပာသည္။
အထူးၾကပ္မတ္ကုသခန္းတြင္ ထားရွိကုသမႈအတြက္ တစ္ေန႔ ေဒၚလာ ၉၇၃၆ ေဒၚလာ၊ အခန္းအား ၄၂ ရက္ၾကာ ပိုးသတ္ခန္းအျဖစ္ ေျပာင္းလဲဖြဲ႕စည္းရသည့္အတြက္ ၄၀၉၀၀၀ ေဒၚလာနီးပါး၊ ၂၉ ရက္ၾကာ အသက္ရႉကိရိယာ သုံးစြဲျခင္းအတြက္ ၈၂၀၀၀ ေဒၚလာႏွင့္ ေရာဂါေၾကာင့္ ေသလုမတတ္ျဖစ္ခဲ့သည့္ ႏွစ္ရက္တာအတြက္ ေဒၚလာ တစ္သိန္းနီးပါးတို႔ အဆိုပါ ကုန္က်စရိတ္ ေတာင္းခံလႊာတြင္ ပါဝင္သည္။
Photo : Google
သို႔ေသာ္လည္း အဆိုပါ ကုန္က်စရိတ္ကို အသက္ႀကီးသူမ်ားအတြက္ အစိုးရအာမခံအစီအစဥ္တစ္ရပ္ျဖစ္သည့္ Medicare အစီအစဥ္က က်ခံေပးၿပီး ဖေလာ္အေနျဖင့္ ကိုယ္တိုင္ စိုက္ထုတ္ရမည္မဟုတ္ေၾကာင္း ယင္း သတင္းက ေဖာ္ျပသည္။
ကမာၻေပၚတြင္ က်န္းမာေရးေစာင့္ေရွာက္မႈစရိတ္ အႀကီးျမင့္ဆုံး ႏိုင္ငံမ်ားတြင္ တစ္ႏိုင္ငံပါဝင္သည့္ အေမရိကန္တြင္ ဖေလာ္အတြက္ကမူ ၎၏ ကုသစရိတ္အား အခြန္ထမ္းျပည္သူမ်ား၏ ေငြျဖင့္ ကုန္က်ခံရျခင္းအတြက္ အျပစ္ရွိသကဲ့သို႔ ခံစားရေစသည္။
“ကြၽန္ေတာ္ အသက္ကို ကယ္ဖို႔အတြက္ ေဒၚလာသန္းေက်ာ္ ကုန္က်ခဲ့ရတယ္။ ဒီ ပိုက္ဆံကို ေကာင္းေကာင္း သုံးစြဲခဲ့တယ္လို႔ ကြၽန္ေတာ္ ေျပာလို႔ရတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ တစ္ေယာက္တည္းကပဲ ဒီလို ေျပာႏိုင္တာ ျဖစ္မယ္လို႔ ကြၽန္ေတာ္ သိေနတယ္။”ဟု ဖေလာ္က ေျပာေၾကာင္း သတင္းစာက ကိုးကားေဖာ္ျပသည္။
Photo : Google
ကြန္ဂရက္လႊတ္ေတာ္သည္ ကို႐ိုနာဗိုင္းရပ္စ္ ေလာ့ေဒါင္းခ်ထားသည့္တစ္ေလွ်ာက္ အေမရိကန္စီးပြားေရးကို ကုစားရန္ COVID-19 လူနာမ်ားကို ကုသေစာင့္ေရွာက္ရသည့္ ေဆး႐ုံမ်ားႏွင့္ ပုဂၢလိကအာမခံကုမၸဏီမ်ားအား ေလ်ာ္ေၾကးေပးရန္ အေမရိကန္ေဒၚလာ သန္း ၁၀၀ အသုံးစရိတ္အပါအဝင္ အလြန္ႀကီးမားေသာ ရန္ပုံေငြ အစီအစဥ္ကို အတည္ျပဳေပးခဲ့သည္။
Crd : Shwe Myanmar , Source : Bangkok Post
Unicode
COVID-19 ရောဂါကြောင့် သေမင်းခံတွင်းဝသို့ ရောက်ရှိခဲ့သည့် အမေရိကန်နိုင်ငံက အသက် ၇၀ ရှိ အဘိုးအိုတစ်ဦးသည် ရောဂါဘေးမှ အသက်ရှင်လွတ်မြောက်ခဲ့သော်လည်း ဆေးကုသစရိတ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်း ကုန်ကျစရိတ် တောင်းခံလွှာ ရရှိခဲ့ရာ နှလုံးရပ်လုမတတ် ဖြစ်ခဲ့ရကြောင်း Seattle Times သတင်းက တနင်္ဂနွေနေ့တွင် ဖော်ပြသည်။
မိုက်ကယ်ဖလော်ဆိုသည့် အဘိုးအိုသည် မတ် ၄ ရက်က အနောက်မြောက်ပိုင်း ဆီယက်တဲလ်မြို့က ဆေးရုံတစ်ရုံသို့ တက်ရောက်ခဲ့ရခြင်း ဖြစ်ပြီး ဆေးရုံတွင် ၆၂ ရက်ကြာ နေထိုင်ခဲ့ရသည်။ တစ်ချိန်တွင် အဘိုးအို ဖလော်က အသက်ငင်လုမတတ်ဖြစ်ခဲ့၍ သူနာပြုများက ၎င်း၏ နောက်ဆုံးအချိန်အတွက် နှုတ်ဆက်ရန်ပင် သူ့ ဇနီးနှင့် ကလေးများကို ဖုန်းဆက်အကြောင်းကြားခဲ့ရသည်။
သို့ရာတွင် ၎င်းသည် ပြန်လည်နာလန်ထူလာခဲ့ပြီး မေ ၅ ရက်၌ ဆေးရုံမှ ဆင်းနိုင်ခဲ့ရာ ဆေးရုံဝန်ထမ်းများအတွက် စိတ်ကျေနပ်စရာ ဖြစ်ခဲ့သော်လည်း ဆေးရုံတွင် ကုန်ကျစရိတ် တောင်းခံလွှာသည် စာမျက်နှာ ၁၈၁ မျက်နှာရှိပြီး စုစုပေါင်း ကုန်ကျစရိတ်သည် ဒေါ်လာ ၁၁၂၂၅၀၁၀၄ ဒေါ်လာ ရှိကြောင်း ၎င်းက သတင်းစာသို့ ပြောသည်။
အထူးကြပ်မတ်ကုသခန်းတွင် ထားရှိကုသမှုအတွက် တစ်နေ့ ဒေါ်လာ ၉၇၃၆ ဒေါ်လာ၊ အခန်းအား ၄၂ ရက်ကြာ ပိုးသတ်ခန်းအဖြစ် ပြောင်းလဲဖွဲ့စည်းရသည့်အတွက် ၄၀၉၀၀၀ ဒေါ်လာနီးပါး၊ ၂၉ ရက်ကြာ အသက်ရှူကိရိယာ သုံးစွဲခြင်းအတွက် ၈၂၀၀၀ ဒေါ်လာနှင့် ရောဂါကြောင့် သေလုမတတ်ဖြစ်ခဲ့သည့် နှစ်ရက်တာအတွက် ဒေါ်လာ တစ်သိန်းနီးပါးတို့ အဆိုပါ ကုန်ကျစရိတ် တောင်းခံလွှာတွင် ပါဝင်သည်။
သို့သော်လည်း အဆိုပါ ကုန်ကျစရိတ်ကို အသက်ကြီးသူများအတွက် အစိုးရအာမခံအစီအစဉ်တစ်ရပ်ဖြစ်သည့် Medicare အစီအစဉ်က ကျခံပေးပြီး ဖလော်အနေဖြင့် ကိုယ်တိုင် စိုက်ထုတ်ရမည်မဟုတ်ကြောင်း ယင်း သတင်းက ဖော်ပြသည်။
ကမ္ဘာပေါ်တွင် ကျန်းမာရေးစောင့်ရှောက်မှုစရိတ် အကြီးမြင့်ဆုံး နိုင်ငံများတွင် တစ်နိုင်ငံပါဝင်သည့် အမေရိကန်တွင် ဖလော်အတွက်ကမူ ၎င်း၏ ကုသစရိတ်အား အခွန်ထမ်းပြည်သူများ၏ ငွေဖြင့် ကုန်ကျခံရခြင်းအတွက် အပြစ်ရှိသကဲ့သို့ ခံစားရစေသည်။
“ကျွန်တော် အသက်ကို ကယ်ဖို့အတွက် ဒေါ်လာသန်းကျော် ကုန်ကျခဲ့ရတယ်။ ဒီ ပိုက်ဆံကို ကောင်းကောင်း သုံးစွဲခဲ့တယ်လို့ ကျွန်တော် ပြောလို့ရတယ်။ ဒါပေမယ့် ကျွန်တော် တစ်ယောက်တည်းကပဲ ဒီလို ပြောနိုင်တာ ဖြစ်မယ်လို့ ကျွန်တော် သိနေတယ်။”ဟု ဖလော်က ပြောကြောင်း သတင်းစာက ကိုးကားဖော်ပြသည်။
ကွန်ဂရက်လွှတ်တော်သည် ကိုရိုနာဗိုင်းရပ်စ် လော့ဒေါင်းချထားသည့်တစ်လျှောက် အမေရိကန်စီးပွားရေးကို ကုစားရန် COVID-19 လူနာများကို ကုသစောင့်ရှောက်ရသည့် ဆေးရုံများနှင့် ပုဂ္ဂလိကအာမခံကုမ္ပဏီများအား လျော်ကြေးပေးရန် အမေရိကန်ဒေါ်လာ သန်း ၁၀၀ အသုံးစရိတ်အပါအဝင် အလွန်ကြီးမားသော ရန်ပုံငွေ အစီအစဉ်ကို အတည်ပြုပေးခဲ့သည်။
Crd : Shwe Myanmar , Source : Bangkok Post