ပိုပိုကတော့ ပရိသတ်တွေ ခံစားချက်နဲ့ကိုက်ညီတဲ့ သီချင်းကောင်းလေးတွေကို သီဆိုရင်း အောင်မြင်ကျော်ကြားလာတဲ့ အဆိုတော်မလေးတစ်ယောက်ပါပဲ။ ပိုပို့ရဲ့ သီချင်းတွေက မိန်းကလေးပရိသတ်တွေကြား ရေပန်းစားပြီး အောင်မြင်လှတာပဲ ဖြစ်ပါတယ်။ ပိုပိုကလည်း ပရိသတ်အကြိုက် သီချင်းကောင်းလေးတွေကို တစ်လတစ်ခါ ထွက်ရှိနိုင်ဖို့ သူမရဲ့အချိန်တွေအားလုံးကို ဂီတမှာပဲ မြှုပ်နှံထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။
ပိုပိုရဲ့ သီချင်းအသစ်လေးဖြစ်တဲ့ “ဖြေ” သီချင်းလေးကလည်း မကြာခင်အချိန်အတွင်းမှာ MV နဲ့တကွထွက်ရှိတော့မှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပိုပိုက သူမရဲ့သီချင်းလေးအတွက် ကိုယ့်ပါးကိုယ်ရိုက်ပြီး အသံသွင်းခဲ့ရကြောင်းကို “”ဖြေ” သီချင်းအတွက် Dialogue တွေ အသံပြန်ဖမ်းရင်း ပါးရိုက်တဲ့ အခန်းအတွက် အသံဖမ်းနေတာ ပါးတွေရော လက်တွေရော နာတယ် 😅” ဆိုပြီး သူမရဲ့အဖြစ်လေးကို ဗီဒီယိုလေးနဲ့တကွ ပြောလာပါတယ်။
ပိုပိုကတော့ သီချင်း Dialogue အတွက် လိုအပ်တဲ့ အသံတွေကို ကိုယ့်ပါးကိုယ်ရိုက်ရင်း ကြိုးစားပန်းစား အသံဖမ်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုပိုရဲ့ “ဖြေ” သီချင်းလေး ထွက်ရှိလာရင် အားပေးကြဖို့ မမေ့ပါနဲ့နော်။
Source: ပိုပို’s fb
Zawgyi
ပိုပိုကေတာ့ ပရိသတ္ေတြ ခံစားခ်က္နဲ့ကိုက္ညီတဲ့ သီခ်င္းေကာင္းေလးေတြကို သီဆိုရင္း ေအာင္ျမင္ေက်ာ္ၾကားလာတဲ့ အဆုိေတာ္မေလးတစ္ေယာက္ပါပဲ။ ပိုပို့ရဲ့ သီခ်င္းေတြက မိန္းကေလးပရိသတ္ေတြၾကား ေရပန္းစားျပီး ေအာင္ျမင္လွတာပဲ ျဖစ္ပါတယ္။ ပိုပိုကလည္း ပရိသတ္အၾကိဳက္ သီခ်င္းေကာင္းေလးေတြကို တစ္လတစ္ခါ ထြက္ရိွနို္င္ဖို့ သူမရဲ့အခ်ိန္ေတြအားလံုးကို ဂီတမွာပဲ ျမွဳပ္နွံထားသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။
ပိုပိုရဲ့ သီခ်င္းအသစ္ေလးျဖစ္တဲ့ “ေျဖ” သီခ်င္းေလးကလည္း မၾကာခင္အခ်ိန္အတြင္းမွာ MV နဲ့တကြထြက္ရိွေတာ့မွာ ျဖစ္ပါတယ္။ ဒီေန့မွာေတာ့ ပိုပိုက သူမရဲ့သီခ်င္းေလးအတြက္ ကိုယ့္ပါးကိုယ္ရိုက္ျပီး အသံသြင္းခဲ့ရေၾကာင္းကို “”ေျဖ” သီခ်င္းအတြက္ Dialogue ေတြ အသံျပန္ဖမ္းရင္း ပါး႐ိုက္တ့ဲ အခန္းအတြက္ အသံဖမ္းေနတာ ပါးေတြေရာ လက္ေတြေရာ နာတယ္ 😅” ဆိုျပီး သူမရဲ့အျဖစ္ေလးကို ဗီဒီယုိေလးနဲ့တကြ ေျပာလာပါတယ္။
ပိုပိုကေတာ့ သီခ်င္း Dialogue အတြက္ လိုအပ္တဲ့ အသံေတြကို ကိုယ့္ပါးကိုယ္ရိုက္ရင္း ၾကိဳးစားပန္းစား အသံဖမ္းေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ပိုပိုရဲ့ “ေျဖ” သီခ်င္းေလး ထြက္ရိွလာရင္ အားေပးၾကဖို့ မေမ့ပါနဲ့ေနာ္။
Source: ပိုပို’s fb