Unicode
သူဌေးကြီးဦးဇော်ဇော် ရဲ့ ဝမ်းမြောက်ဖွယ်ရာ နောက်ထပ်လှူဒါန်းမှုများ
ယခု သတင်းကို ( U Zaw Zaw ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်
COVID-19 စတင်ချိန်မှ စ၍ ကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းများအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံကာ တာဝန် ထမ်းဆောင်လျက် ရှိကြသော ရန်ကုန် တိုင်းကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဓာတ်ခွဲနမူနာ (Swap Test) ရယူပေးသော ဓာတ်ခွဲမှူး (Laboratory Technician) များအတွက် ငွေကျပ် သိန်း(၁၀၀)နှင့်
ဓာတ်ခွဲ စစ်ဆေးမှုများကို နေ့ညမရွေး အပင်ပန်းခံကာ စစ်ဆေးပေး လျက်ရှိသော အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (NHL) မှ ဝန်ထမ်းများ အတွက် ငွေကျပ် သိန်း(၁၀၀)နှင့် ဝေဘာဂီအထူးကု ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသော COVID-19 ကူးစက်ခံ ထားရသည့် ကျန်းမာရေး ဝန်ထမ်းများကို စောင့်ရှောက် ကုသရာတွင် အသုံးပြုနိုင်ရန် အတွက် ငွေကျပ် သိန်း(၅၀)တို့ကို ဧရာဝတီ ဖောင်ဒေးရှင်းမှ ဂုဏ်ယူလေးစား ကျေးဇူးတင်စွာဖြင့် ပေးအပ် ချီးမြှင့်ခဲ့ပါသည်။
ထို့အတူ COVID-19 ကူးစက် ခံထားရသူများကို အင်တိုက်အားတိုက် စောင့်ရှောက် ကုသပေးလျက် ရှိသော တောင်ဥက္ကလာပ ဆေးရုံကြီးမှ ကျန်းမာရေး ဝန်ထမ်းများ အတွက် ငွေကျပ် သိန်း(၁၀၀)၊ ပြည့်စုံမှု မရှိသည့် ကြားမှ ကိုယ်ကျိုးစွန့် အနစ်နာခံကာ COVID-19 ကူးစက် ခံထားရသူများကို စောင့်ရှောက် ကုသ ပေးလျက်ရှိသော ကလေးမြို့ တိုင်းရင်း ဆေးရုံကြီးနှင့် တီးတိန် ပြည်သူ့ဆေးရုံတို့မှ ဆရာဝန်၊ ဆရာမများအတွက် ငွေကျပ် သိန်း(၁၀၀)နှင့်
COVID-19 ကြောင့် ဆုံးပါးခဲ့ရသော ပေါက်ခေါင်းမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးနော်ထွယ်၏ မိသားစု အတွက် စာနာပံ့ပိုးငွေ သိန်း(၅၀)၊ စုစုပေါင်း ကျပ်သိန်း(၅၀၀) ကို ပေးအပ် ချီးမြှင့်ခဲ့ပါသည်။