Knowledge

သစ္စာမရှိ ဖောက်ပြန်ထားသောသူများ မတက်ရဲတဲ့ တောနက်ထဲက နတ်ကြီးသော ကျိန်စာသင့်ဘုရားအကြောင်း

Written by Aung Lay

ပရိသတ်ကြီးရေ “ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမလွယ်နဲ့” ဆိုတာ ကြားဖူးမှာပါနော်…ဒီစကားအလကားထားခဲ့တာမဟုတ်ပါဘူး။

ဘယ်နေရာ ဘယ်ဒေသ သွားသွား သက်ဆိုင်ရာဒေသတွေမှာ ချမှတ်ထားတဲ့ အယူ စည်းကမ်းတွေကို ဖောက်ဖျက်လို့မရပါဘူး။

ဖောက်ဖျက်ရင် အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့နိုင်ပါတယ် ဒီအကြောင်းလေးနဲ့ ပတ်သက်ပြီး မုလအိဘုရားရဲ့ ထူးခြားဆန်းကြယ်ပုံတွေကို

လူမှုကွန်ရက် စာမျက်နှာမှာ ခုလိုဖော်ပြထားပါတယ်။ “မုလအိ ဘုရားရှိရာတောင်ပေါ်ကအဆင်းမှာ ကားဘရိတ်ပေါက်ပြီးသေဆုံးတဲ့နာရေးသတင်းကြားရလို့ စိတ်မကောင်းပါဘူး။

သေဆုံးသူအကြောင်းလည်းသေချာ အတိအကျသိပ်မသိပေမယ့် မုလအိဘုရားနဲ့ပတ်သက်ပြီး သိထားသင့်စရာ သတိထားစရာ အချက်တွေရှိပါတယ်။

ဘုရားကို တည်ထားခဲ့သူရဲ့ အမုန်းတရားနဲ့ ကျိန်စာတွေကြောင့်လို့ ရှေးရှေးက ပြောဆိုခဲ့ရာက အစဉ်အဆက် ဆရာတော်များကနေ တဆင့်ပြောပြ သတိပေးထားပါတယ်။

ဘုရားရှိရာတောင်နဲ့ အနီးပါတ်ဝန်းကျင် နေရာများအားလုံးမှာ “တောပြစ် သားကောင်မပြစ်ရ။” ဘုရားရှိရာ တောင်အနီး ပါတ်ဝန်းကျင် တဝိုက်မှာ တောအရမ်းနက်ပါတယ်။

တောမပစ်ရန် သားကောင်တွေ့သမျှ မပစ်ရန် အလှည့်ကျ ကျောင်းထိုင်ပေးသော ဆရာတော်များက အမြဲသတိပေးပါတယ်။

သစ်ပင်များလည်း မခုတ်ရပါ။ တောအရမ်းနက်သဖြင့် ရံဖန်ရံခါတောင်ပေါ်တက်စဉ် ကျားကြီးများကျားသစ်များ ဒေါင်းများစသဖြင့်တွေ့ရနိုင်ပါတယ်။

“ဘုရားရှိရာ တောင်ပေါ်တက်ရင် တောင်အလယ် ယာဉ်ရပ်နားစခန်း ခရီးတဝက်မှာ ကိုယ်ခန္ဓာသန့်ရှင်းစင်ကြယ်သွားအောင် ရေချိုးရပါမယ်။”

အမျိုးသမီးများ လစဉ် ဓမ္မတာလာနေလျှင် တောင်ပေါ်မတက်ရပါ။ အဝတ်အစားအတိုအပြတ်မလုံခြုံတာ မဝတ်ဆင်ရပါ။ “ဘုရား‌ရှိရာတောင်ပေါ်ကို လင်မယား သမီးရည်းစား တူယှဉ်တွဲ မတက်ရပါ။

တောင်ပေါ်စခန်းနားနေရာတွေမှာ အတူမအိပ်ရပါ။“ဘုရားရှိရာတောင်ပေါ်ကိုတက်နေစဉ်ဘုရားဖူးနေစဉ် စကားကြမ်းကြမ်းမပြောရပါ။ ဆဲတာဆိုတာ နိမိတ်မရှိသော စကားများမပြောဆိုရပါ။”

“သစ္စာမရှိ ဖောက်ပြန်ထားသောသူများ ဘုရားရှိရာတောင်ပေါ်သို့ တက်လာလျှင် ချက်ချင်းမိုးတွေမှောင်လာပြီး မိုးကြိုးတွေပစ်ချဖူးသောအကြောင်းကိစ္စများလည်းရှိခဲ့ဖူးပါသည်။

အမျိုးသားများသာ သီးသန့်တက်ဖူးရသော တောင်ပေါ်ကဘုရားသို့ အမျိုးသမီးများ လုံးဝကျူးကျော် ဝင်ဖူး၍မရပါ။” မုလအိဘုရားရှိရာတောင်ပေါ်မှာ အလှည့်ကျ စောင့်ရှောက်ပေးသော

ဆရာတော်ကြီးများကလည်း အထူးသတိပေးထားတာမို့ မုလအိဘုရားသည် သာမန်ဘုရားမဟုတ် တောနက်ထဲက နတ်ကြီးသော ဘုရားဖြစ်တာမို့ အလည်အပါတ်

အပျော်သဘောမျိုးဖြင့်မသွားသင့်သည်ကို သတိထားရပါမည်နော်။”ဆိုပြီး ရေးသားထားတာပါ ဒါကြောင့် ပရိသတ်ကြီးတို့လည်း ဘုရားဖူးသွားမယ်ဆို ရှောင်ရမယ့်အချက်လေးတွေကို သတိထားကြပါနော်…

အားလုံးကျန်းမာချမ်းသာကြပါစေ…။

Zawgyi

ပရိသတ္ႀကီးေရ “ေရွးထုံးလည္းမပယ္နဲ႔ ေဈးသုံးလည္းမလြယ္နဲ႔” ဆိုတာ ၾကားဖူးမွာပါေနာ္…ဒီစကားအလကားထားခဲ့တာမဟုတ္ပါဘူး။

ဘယ္ေနရာ ဘယ္ေဒသ သြားသြား သက္ဆိုင္ရာေဒသေတြမွာ ခ်မွတ္ထားတဲ့ အယူ စည္းကမ္းေတြကို ေဖာက္ဖ်က္လို႔မရပါဘူး။

ေဖာက္ဖ်က္ရင္ အႏၲရာယ္တစ္ခုခုနဲ႔ ႀကဳံေတြ႕ႏိုင္ပါတယ္ ဒီအေၾကာင္းေလးနဲ႔ ပတ္သက္ၿပီး မုလအိဘုရားရဲ႕ ထူးျခားဆန္းၾကယ္ပုံေတြကို

လူမႈကြန္ရက္ စာမ်က္ႏွာမွာ ခုလိုေဖာ္ျပထားပါတယ္။ “မုလအိ ဘုရားရွိရာေတာင္ေပၚကအဆင္းမွာ ကားဘရိတ္ေပါက္ၿပီးေသဆုံးတဲ့နာေရးသတင္းၾကားရလို႔ စိတ္မေကာင္းပါဘူး။

ေသဆုံးသူအေၾကာင္းလည္းေသခ်ာ အတိအက်သိပ္မသိေပမယ့္ မုလအိဘုရားနဲ႔ပတ္သက္ၿပီး သိထားသင့္စရာ သတိထားစရာ အခ်က္ေတြရွိပါတယ္။

ဘုရားကို တည္ထားခဲ့သူရဲ႕ အမုန္းတရားနဲ႔ က်ိန္စာေတြေၾကာင့္လို႔ ေရွးေရွးက ေျပာဆိုခဲ့ရာက အစဥ္အဆက္ ဆရာေတာ္မ်ားကေန တဆင့္ေျပာျပ သတိေပးထားပါတယ္။

ဘုရားရွိရာေတာင္နဲ႔ အနီးပါတ္ဝန္းက်င္ ေနရာမ်ားအားလုံးမွာ “ေတာျပစ္ သားေကာင္မျပစ္ရ။” ဘုရားရွိရာ ေတာင္အနီး ပါတ္ဝန္းက်င္ တဝိုက္မွာ ေတာအရမ္းနက္ပါတယ္။

ေတာမပစ္ရန္ သားေကာင္ေတြ႕သမွ် မပစ္ရန္ အလွည့္က် ေက်ာင္းထိုင္ေပးေသာ ဆရာေတာ္မ်ားက အၿမဲသတိေပးပါတယ္။

သစ္ပင္မ်ားလည္း မခုတ္ရပါ။ ေတာအရမ္းနက္သျဖင့္ ရံဖန္ရံခါေတာင္ေပၚတက္စဥ္ က်ားႀကီးမ်ားက်ားသစ္မ်ား ေဒါင္းမ်ားစသျဖင့္ေတြ႕ရႏိုင္ပါတယ္။

“ဘုရားရွိရာ ေတာင္ေပၚတက္ရင္ ေတာင္အလယ္ ယာဥ္ရပ္နားစခန္း ခရီးတဝက္မွာ ကိုယ္ခႏၶာသန႔္ရွင္းစင္ၾကယ္သြားေအာင္ ေရခ်ိဳးရပါမယ္။”

အမ်ိဳးသမီးမ်ား လစဥ္ ဓမၼတာလာေနလွ်င္ ေတာင္ေပၚမတက္ရပါ။ အဝတ္အစားအတိုအျပတ္မလုံၿခဳံတာ မဝတ္ဆင္ရပါ။ “ဘုရား‌ရွိရာေတာင္ေပၚကို လင္မယား သမီးရည္းစား တူယွဥ္တြဲ မတက္ရပါ။

ေတာင္ေပၚစခန္းနားေနရာေတြမွာ အတူမအိပ္ရပါ။“ဘုရားရွိရာေတာင္ေပၚကိုတက္ေနစဥ္ဘုရားဖူးေနစဥ္ စကားၾကမ္းၾကမ္းမေျပာရပါ။ ဆဲတာဆိုတာ နိမိတ္မရွိေသာ စကားမ်ားမေျပာဆိုရပါ။”

“သစၥာမရွိ ေဖာက္ျပန္ထားေသာသူမ်ား ဘုရားရွိရာေတာင္ေပၚသို႔ တက္လာလွ်င္ ခ်က္ခ်င္းမိုးေတြေမွာင္လာၿပီး မိုးႀကိဳးေတြပစ္ခ်ဖူးေသာအေၾကာင္းကိစၥမ်ားလည္းရွိခဲ့ဖူးပါသည္။

အမ်ိဳးသားမ်ားသာ သီးသန႔္တက္ဖူးရေသာ ေတာင္ေပၚကဘုရားသို႔ အမ်ိဳးသမီးမ်ား လုံးဝက်ဴးေက်ာ္ ဝင္ဖူး၍မရပါ။” မုလအိဘုရားရွိရာေတာင္ေပၚမွာ အလွည့္က် ေစာင့္ေရွာက္ေပးေသာ

ဆရာေတာ္ႀကီးမ်ားကလည္း အထူးသတိေပးထားတာမို႔ မုလအိဘုရားသည္ သာမန္ဘုရားမဟုတ္ ေတာနက္ထဲက နတ္ႀကီးေသာ ဘုရားျဖစ္တာမို႔ အလည္အပါတ္

အေပ်ာ္သေဘာမ်ိဳးျဖင့္မသြားသင့္သည္ကို သတိထားရပါမည္ေနာ္။”ဆိုၿပီး ေရးသားထားတာပါ ဒါေၾကာင့္ ပရိသတ္ႀကီးတို႔လည္း ဘုရားဖူးသြားမယ္ဆို ေရွာင္ရမယ့္အခ်က္ေလးေတြကို သတိထားၾကပါေနာ္…

အားလုံးက်န္းမာခ်မ္းသာၾကပါေစ…။

About the author

Aung Lay

Leave a Comment