Unicode
ဝမ်းနည်းကြည်နူးစရာ မိုးကောင်းက အသက် ၇၀ ကျော်အဖိုးအဖွားတို့ရဲ့ သေဆုံးမှု
သေတူရှင်မကွာ သစ္စာကတိတွေများလားလို့ ထင်ရတဲ့ မိုးကောင်းက အသက်၇၀ကျော် လင်မယားအဖိုးအဖွားတို့ရဲ့ ဝမ်းနည်းစရာ သေဆုံးမှုတစ်ခုပါ။
မိုးကောင်းကျေးရွာ နာရေးအိမ်မှာ မနေ့က အအေးခေါင်းဆင်တော့ ခုံလေးမှာ ရီဝေတဲ့မျက်လုံးအစုံနဲ့ ကြည့်နေတဲ့အဘ။
သူ့ရဲ့ဇနီးဖြစ်သူနောက်ကို ဒီမနက်အစောပဲ လိုက်သွားပြီတဲ့။စိတ်လျှော့လိုက်တာများလား။ ဘယ်လို သစ္စာ ကတိတွေများတိုင်တည်ခဲ့ကြပါလိမ့်။
အအေးခေါင်းနောက်တစ်လုံးဆင်ပေးရင်နဲ့ တွေးမိတဲ့အတွေးများပါ။ ဒေါ်တင်မြင့် ၇၃နှစ်၊ ဦးမြဝင်း ၇၅ နှစ်။