Cele News

ဖခင်ဖြစ်သူသက်ရှိထင်ရှားရှိစဉ်က မိန်းမယူဖို့ပြောခဲ့တဲ့အကြောင်းကို ပြန်လည်ပြောပြလာတဲ့ စိုင်းစိုင်းခမ်း လှိုင်

Written by Aung Lay

စိုင်းစိုင်းခမ်းလှိုင်ကတော့ ပရိသတ်အချစ်တွေနဲ့အတူ နှစ်ပေါင်းများစွာအောင်မြင်မှုလမ်းကြော င်းပေါ် ရပ်တည်လာသူတစ်ယောက်ပါ။ သူကတော့ ဘဝရဲ့အမှတ်တရတွေကို မကြာခဏ ဆို သလို ပရိသတ်ကိုပြန်လည်မျှဝေလေ့ရှိသူပါ။ ဒီနေ့မှာတော့ ဖခင်ဖြစ်သူသက်ရှိ ထင်ရှား ရှိစဉ်က မိန်းမယူဖို့မှာခဲ့တဲ့အကြောင်းကို ပြောပြလာခဲ့ပါတယ်။

စိုင်းစိုင်းကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “အဖေနဲ့ကျနော် ဘုရင့်နောင် ပွဲရုံတန်းမှာ အတူနေကြတုန်း ကပေါ့။ သားအဖနှစ်ယောက်တည်းဆိုတော့ ခြောက်ကပ်ကပ်နဲ့ ပျင်းစရာ၊နေရေး စားရေး လျှော်ဖွတ်ရေးကအစ စီမံပေးမယ့်သူမရှိတော်တော်ကို ကသီလင်တဖြစ်ပါတယ်။မိသားစုတွေမှာ အိမ်မှုကိစ္စ အရာရာကို အမေတွေက ဦးဆောင်တာများတယ်မလား။

နောက်ပြီး ဆေးပေးမီးယူတို့စီးတဲ့ရေ ဆည်တဲ့ကန်သင်းတို့ဆိုတာ လည်း လိုသေး တ ယ်။ အဲဒါနဲ့ ကျနော်လည်း အိမ်ကို အုပ်ချုပ်ဖို့ဆိုတာအိမ်ရှင်မ ရှိမှကောင်းမှာဆိုပြီး အဖေ့ကို မိန်းမ ယူဖို့ တိုက်တွန်းတော့ -“ဟေ့ကောင် မင်းဟာမင်းယူ ငါတော့ နှစ်ခါမမိုက်ဘူး” တဲ့။ လွမ်းတယ် အ ဖေ ရာ။” ဆိုပြီးတော့ ရေးသားထားတာပါ။

စိုင်းစိုင်းကတော့ ဖခင်ဖြစ်သူနဲ့ပတ်သက်ပြီး သီချင်းတွေလည်း ရေးဖွဲ့သီဆိုခဲ့တဲ့ သူတစ်ယော က်ပါ။ အခုလည်း ဖခင်ဖြစ်သူကို သတိရရင်း ရယ်မောစရာအဖြစ်အပျက်လေးကို ပြန်လည် မျှဝေ ခဲ့တဲ့ပုံပါပဲ ပရိသတ်ကြီးရေ…

Source : SaiSaiKhamLeng

Zawgyi

စိုင္းစိုင္းခမ္းလႈိင္ကေတာ့ ပရိသတ္အခ်စ္ေတြနဲ႔အတူ ႏွစ္ေပါင္းမ်ားစြာေအာင္ျမင္မႈလမ္းေၾကာ င္းေပၚ ရပ္တည္လာသူတစ္ေယာက္ပါ။ သူကေတာ့ ဘဝရဲ႕အမွတ္တရေတြကို မၾကာခဏ ဆို သလို ပရိသတ္ကိုျပန္လည္မွ်ေဝေလ့ရွိသူပါ။ ဒီေန႔မွာေတာ့ ဖခင္ျဖစ္သူသက္ရွိ ထင္ရွား ရွိစဥ္က မိန္းမယူဖို႔မွာခဲ့တဲ့အေၾကာင္းကို ေျပာျပလာခဲ့ပါတယ္။

စိုင္းစိုင္းကေတာ့ သူ႔ရဲ႕ေဖ့ဘြတ္ခ္မွာ “အေဖနဲ႔က်ေနာ္ ဘုရင့္ေနာင္ ပြဲ႐ုံတန္းမွာ အတူေနၾကတုန္း ကေပါ့။ သားအဖႏွစ္ေယာက္တည္းဆိုေတာ့ ေျခာက္ကပ္ကပ္နဲ႔ ပ်င္းစရာ၊ေနေရး စားေရး ေလွ်ာ္ဖြတ္ေရးကအစ စီမံေပးမယ့္သူမရွိေတာ္ေတာ္ကို ကသီလင္တျဖစ္ပါတယ္။မိသားစုေတြမွာ အိမ္မႈကိစၥ အရာရာကို အေမေတြက ဦးေဆာင္တာမ်ားတယ္မလား။

ေနာက္ၿပီး ေဆးေပးမီးယူတို႔စီးတဲ့ေရ ဆည္တဲ့ကန္သင္းတို႔ဆိုတာ လည္း လိုေသး တ ယ္။ အဲဒါနဲ႔ က်ေနာ္လည္း အိမ္ကို အုပ္ခ်ဳပ္ဖို႔ဆိုတာအိမ္ရွင္မ ရွိမွေကာင္းမွာဆိုၿပီး အေဖ့ကို မိန္းမ ယူဖို႔ တိုက္တြန္းေတာ့ -“ေဟ့ေကာင္ မင္းဟာမင္းယူ ငါေတာ့ ႏွစ္ခါမမိုက္ဘူး” တဲ့။ လြမ္းတယ္ အ ေဖ ရာ။” ဆိုၿပီးေတာ့ ေရးသားထားတာပါ။

စိုင္းစိုင္းကေတာ့ ဖခင္ျဖစ္သူနဲ႔ပတ္သက္ၿပီး သီခ်င္းေတြလည္း ေရးဖြဲ႕သီဆိုခဲ့တဲ့ သူတစ္ေယာ က္ပါ။ အခုလည္း ဖခင္ျဖစ္သူကို သတိရရင္း ရယ္ေမာစရာအျဖစ္အပ်က္ေလးကို ျပန္လည္ မွ်ေဝ ခဲ့တဲ့ပုံပါပဲ ပရိသတ္ႀကီးေရ…

Source : SaiSaiKhamLeng

About the author

Aung Lay

Leave a Comment