Knowledge

အိမ်မြှောင်နိမိတ် အိမ်မြှောင်နှင့် ပတ်သက်သောနိမိတ်များအကြောင်း

Written by Aung Lay

အိမ်မြှောင် သည် များသော အားဖြင့် နေအိမ်တွင် ရှိသော တွားသွား တိရိစ္ဆာန် အကောင်ငယ်ဖြစ်၏။ အိမ်မြှောင် စုတ်ထိုး (အော်မြည်) မှုမှာ မကြာခဏ အော်တတ်၏။ အချို့အိမ်မြှောင်သည် နှစ်ရက်သုံးရက်မှတစ်ကြိမ် စုတ်ထိုး၏။ ထိုကဲ့သို့ကြားပါက “သင်လည်း ကျန်းမာပါစေ၊ အစားအစာ ကြွယ်ဝပါစေ” ဟုမေတ္တာ ပို့သင့်၏။

တစ်နေ့တည်း ကြိမ်ဖန်များစွာ လေးငါးကြိမ် မကစုတ်ထိုးသော် အိမ်သား များ “ကျန်းမာရေး ချူချာမှုရှိတတ်၏။ စီးပွားလာဘ်လာဘဝင်ကိန်း နည်းပါးမှုရှိတတ်၏။”

အိမ်မြှောင်သည် အရှေ့အရပ်မှ စုတ်ထိုး ခဲ့သော် ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ ဝင်ကိန်း ရရှိလိမ့်မည်။ အိမ်မြှောင်သည် အနောက်အရပ် မှ စုတ်ထိုးခဲ့သော် သူခိုးသူဝှက် ရန်သူမျိုးငါးပါး ဘေးတွေ့ကြုံလိမ့်မည်။ အိမ်မြှောင်သည် အရှေ့တောင်အရပ်မှ စုတ်ထိုးခဲ့သော် အိမ်မှ လူခြေနှစ်ချောင်း အရှင်ထွက်တတ်သည်။ နွား၊ မြင်း၊ အိမ်မွေးတိရစ္ဆာန် ပျောက်ဆုံးလိမ့်မည်။

အိမ်မြှောင်သည် တောင်စူးစူး အရပ်မှစုတ်ထိုးခဲ့သော် ခြေနှစ်ချောင်း ကျား၊ မ အရှေ့ အရပ်မှလာလိမ့်မည်။ အိမ်မြှောင်အနောက်တောင်အရပ်မှ စုတ်ထိုးခဲ့သော် လောဘဒေါသကြီးမှု တွေ့ကြုံနိုင် ပြီး အမှုအခင်း ဖြစ်လိမ့်မည်။

အိမ်မြှောင်သည် မြောက်စူးစူး အရပ်မှစုတ်ထိုးခဲ့သော် ချီးမြှောက်ခြင်း ခံရမည်။ ရွှေ၊ ငွေ၊ လှည်း၊ လူဝင်ကိန်း ရရှိ လိမ့်မည်။ အိမ်မြှောင်သည် ဦးခေါင်း တည့်တည့်အပေါ်မှ စုတ်ထိုးခဲ့သော် ရာထူးလာဘ်လာဘ ဒီရေကဲ့သို့ တစ်ခဏချင်း ရရှိလိမ့်မည်။

မောင်ကြည်မျိုး (ကုန်းတလဘောင်)

Zawgyi

အိမ္ေျမႇာင္ သည္ မ်ားေသာ အားျဖင့္ ေနအိမ္တြင္ ရွိေသာ တြားသြား တိရိစၧာန္ အေကာင္ငယ္ျဖစ္၏။ အိမ္ေျမႇာင္ စုတ္ထိုး (ေအာ္ျမည္) မႈမွာ မၾကာခဏ ေအာ္တတ္၏။ အခ်ိဳ႕အိမ္ေျမႇာင္သည္ ႏွစ္ရက္သုံးရက္မွတစ္ႀကိမ္ စုတ္ထိုး၏။ ထိုကဲ့သို႔ၾကားပါက “သင္လည္း က်န္းမာပါေစ၊ အစားအစာ ႂကြယ္ဝပါေစ” ဟုေမတၱာ ပို႔သင့္၏။

တစ္ေန႔တည္း ႀကိမ္ဖန္မ်ားစြာ ေလးငါးႀကိမ္ မကစုတ္ထိုးေသာ္ အိမ္သား မ်ား “က်န္းမာေရး ခ်ဴခ်ာမႈရွိတတ္၏။ စီးပြားလာဘ္လာဘဝင္ကိန္း နည္းပါးမႈရွိတတ္၏။”

အိမ္ေျမႇာင္သည္ အေရွ႕အရပ္မွ စုတ္ထိုး ခဲ့ေသာ္ ေရႊ၊ ေငြ၊ လက္ဝတ္ရတနာ ဝင္ကိန္း ရရွိလိမ့္မည္။ အိမ္ေျမႇာင္သည္ အေနာက္အရပ္ မွ စုတ္ထိုးခဲ့ေသာ္ သူခိုးသူဝွက္ ရန္သူမ်ိဳးငါးပါး ေဘးေတြ႕ၾကဳံလိမ့္မည္။ အိမ္ေျမႇာင္သည္ အေရွ႕ေတာင္အရပ္မွ စုတ္ထိုးခဲ့ေသာ္ အိမ္မွ လူေျခႏွစ္ေခ်ာင္း အရွင္ထြက္တတ္သည္။ ႏြား၊ ျမင္း၊ အိမ္ေမြးတိရစၧာန္ ေပ်ာက္ဆုံးလိမ့္မည္။

အိမ္ေျမႇာင္သည္ ေတာင္စူးစူး အရပ္မွစုတ္ထိုးခဲ့ေသာ္ ေျခႏွစ္ေခ်ာင္း က်ား၊ မ အေရွ႕ အရပ္မွလာလိမ့္မည္။ အိမ္ေျမႇာင္အေနာက္ေတာင္အရပ္မွ စုတ္ထိုးခဲ့ေသာ္ ေလာဘေဒါသႀကီးမႈ ေတြ႕ၾကဳံနိုင္ ၿပီး အမႈအခင္း ျဖစ္လိမ့္မည္။

အိမ္ေျမႇာင္သည္ ေျမာက္စူးစူး အရပ္မွစုတ္ထိုးခဲ့ေသာ္ ခ်ီးေျမႇာက္ျခင္း ခံရမည္။ ေရႊ၊ ေငြ၊ လွည္း၊ လူဝင္ကိန္း ရရွိ လိမ့္မည္။ အိမ္ေျမႇာင္သည္ ဦးေခါင္း တည့္တည့္အေပၚမွ စုတ္ထိုးခဲ့ေသာ္ ရာထူးလာဘ္လာဘ ဒီေရကဲ့သို႔ တစ္ခဏခ်င္း ရရွိလိမ့္မည္။

ေမာင္ၾကည္မ်ိဳး (ကုန္းတလေဘာင္)

About the author

Aung Lay

Leave a Comment