Cele News

ဆေး ခွင့်တင်ပြီး ၁၅ ကြိမ်မြောက် ရုံးချိန်း ကို ရောက်မလာ ခဲ့ တဲ့ သ ရုပ်ဆောင် မိုးအောင် ရင်”

Written by Aung Lay

ဆေး ခွင့်တင်ပြီး ၁၅ ကြိမ်မြောက် ရုံးချိန်း ကို ရောက်မလာ ခဲ့ တဲ့ သ ရုပ်ဆောင် မိုးအောင် ရင်”

ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင်ရဲ့ ၁၅ ကြိမ်မြောက် ရုံးချိန်းကို မနေ့က ဇွန်လ ၁၇ ရက်နေ့ ရန်ကင်းတရားရုံးမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီရုံးချိန်ကိုတော့ တရားစွဲခံထားရသူ သရုပ်ဆောင်မိုးအောင်ရင်ဟာ ဆေးခွင့်တင်ထားတဲ့အတွက် ရောက်မလာမနိုင်ခဲ့ပါဘူး။

အခုလိုမျိုး ရုံးချိန်းကို မိုးအောင်ရင် ရောက်မလာခဲ့တဲ့ အပေါ်မှာ မခင်မြတ်နိုးကတော့ အခုလိုပြောပြပါတယ်။

“ ဒီနေ့ အမှု မစစ်ဖြစ်ပါဘူး။ မစစ်ဖြစ်တာကလည်း ဟိုဘက်က ဆေးခွင့်တင်တာ။ ပြီးခဲ့တဲ့ တစ်ပတ်ကတော့ မဖြစ်မနေ စစ်မယ်လို့ပြောထားတာ ဒါပေမယ့် သူကလည်း လိပ်ခေါင်းဖြစ်လို့ဆိုလား မသိဘူး ဆေးခန်းသွားပြပြီး မလာနိုင်ဘူးဆိုပြီး ခွင့်တင်တော့ တရားသူကြီးကလည်း ခွင့်ပေးလိုက်ပါတယ်” ဆိုပြီးတော့ ဇွန်လ ၁၇ ရက်နေ့ ရုံးချိန်းမှာ ပြောခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်

“ ညီမတို့ဆိုရင် အခု ၁၂ နာရီချိန်းတယ်ဆိုရင် အစောကြီးရောက်အောင် လာခဲ့တယ်။ ကိုယ်တွေလည်း ကျန်းမာရေး ကောင်းတဲ့သူမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်အလုပ်ကိစ္စရှိတဲ့ အရာကိုတော့ လုပ်တယ်။ တကယ်ကို လေးလေးစားစားနဲ့ တရားရုံးကိုလည်း အချိန်မီရောက်အောင်လာခဲ့တယ်” လို့ လည်းသူကဆိုပါတယ်။

ုသရုပ်ဆောင် မိုးအောင်ရင် နဲ့ မခင်မြတ်နိုးတို့ရဲ့ အမှုဟာ စစ်ဆေးနေတာ ၆ လ ခန့်ကြာမြင့်ပြီးတာတောင် အမှုက မပြီးပြတ်နိုင်သေးဘဲ ကြန့်ကြာနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၄ ကြိမ်မြောက်ရုံးချိန်မှာဆိုရင်လည်းသရုပ်ဆောင် မိုးအောင်ရင်ရဲ့ရှေ့နေဟာ ခွင့်တင်ခဲ့လို့ ရုံးချိန်းဟာ ပျက်ပြယ်ခဲ့ရပါသေးတယ်။ အခုလိုမျိုး အမှုကြန့်ကြာနေတာနဲ့ပက်သက်ပြီး မခင်မြတ်နိုးက

“ အမှုက အရမ်းကြာနေတဲ့အပေါ် မြန်မြန်ဆန်ဆန်လေး ပြီးသွားရင်တော့ ကောင်းတာပေါ့နော်။ အမှု အရမ်းကြာနေတဲ့ဟာကလည်း တကယ်တော့ ကိုယ့် အတွက်တင်မဟုတ်ဘူး။ သူ့အတွက်လည်း နစ်နာမှု ရှိတဲ့အတွက် တကယ်တမ်းဆို မြန်မြန် ပြီးသင့်ပါတယ်။ နောက်တစ်ခေါက် ရုံးချိန်းကိုတော့ ဇူလိုင် ၈ ရက်နေ့ ပြန်ချိန်းလိုက်ပါတယ်” ဆိုပြီးတော့လည်းဖွင့်ဟခဲ့ပါတယ်။

သရုပ်ဆောင်မိုးအောင်ရင်ကို ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက ကာမလိမ်လည်နဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ စတင်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

KS

Zawgyi

ေဆး ခြင့္တင္ၿပီး ၁၅ ႀကိမ္ေျမာက္ ႐ုံးခ်ိန္း ကို ေရာက္မလာ ခဲ့ တဲ့ သ ႐ုပ္ေဆာင္ မိုးေအာင္ ရင္”

ကာမလိမ္လည္မႈနဲ႔ တရားစြဲဆိုခံထားရတဲ့ သ႐ုပ္ေဆာင္ မိုးေအာင္ရင္ရဲ့ ၁၅ ႀကိမ္ေျမာက္ ႐ုံးခ်ိန္းကို မေန႔က ဇြန္လ ၁၇ ရက္ေန႔ ရန္ကင္းတရား႐ုံးမွာ ျပဳလုပ္ခဲ့ပါတယ္။ ဒီ႐ုံးခ်ိန္ကိုေတာ့ တရားစြဲခံထားရသူ သ႐ုပ္ေဆာင္မိုးေအာင္ရင္ဟာ ေဆးခြင့္တင္ထားတဲ့အတြက္ ေရာက္မလာမနိုင္ခဲ့ပါဘူး။

အခုလိုမ်ိဳး ႐ုံးခ်ိန္းကို မိုးေအာင္ရင္ ေရာက္မလာခဲ့တဲ့ အေပၚမွာ မခင္ျမတ္နိုးကေတာ့ အခုလိုေျပာျပပါတယ္။

“ ဒီေန႔ အမႈ မစစ္ျဖစ္ပါဘူး။ မစစ္ျဖစ္တာကလည္း ဟိုဘက္က ေဆးခြင့္တင္တာ။ ၿပီးခဲ့တဲ့ တစ္ပတ္ကေတာ့ မျဖစ္မေန စစ္မယ္လို႔ေျပာထားတာ ဒါေပမယ့္ သူကလည္း လိပ္ေခါင္းျဖစ္လို႔ဆိုလား မသိဘူး ေဆးခန္းသြားျပၿပီး မလာနိုင္ဘူးဆိုၿပီး ခြင့္တင္ေတာ့ တရားသူႀကီးကလည္း ခြင့္ေပးလိုက္ပါတယ္” ဆိုၿပီးေတာ့ ဇြန္လ ၁၇ ရက္ေန႔ ႐ုံးခ်ိန္းမွာ ေျပာခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္

“ ညီမတို႔ဆိုရင္ အခု ၁၂ နာရီခ်ိန္းတယ္ဆိုရင္ အေစာႀကီးေရာက္ေအာင္ လာခဲ့တယ္။ ကိုယ္ေတြလည္း က်န္းမာေရး ေကာင္းတဲ့သူမ်ိဳးမဟုတ္ပါဘူး။ ဒါေပမယ့္ ကိုယ့္အလုပ္ကိစၥရွိတဲ့ အရာကိုေတာ့ လုပ္တယ္။ တကယ္ကို ေလးေလးစားစားနဲ႔ တရား႐ုံးကိုလည္း အခ်ိန္မီေရာက္ေအာင္လာခဲ့တယ္” လို႔ လည္းသူကဆိုပါတယ္။

ုသ႐ုပ္ေဆာင္ မိုးေအာင္ရင္ နဲ႔ မခင္ျမတ္နိုးတို႔ရဲ့ အမႈဟာ စစ္ေဆးေနတာ ၆ လ ခန႔္ၾကာျမင့္ၿပီးတာေတာင္ အမႈက မၿပီးျပတ္နိုင္ေသးဘဲ ၾကန႔္ၾကာေနတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၁၄ ႀကိမ္ေျမာက္႐ုံးခ်ိန္မွာဆိုရင္လည္းသ႐ုပ္ေဆာင္ မိုးေအာင္ရင္ရဲ့ေရွ႕ေနဟာ ခြင့္တင္ခဲ့လို႔ ႐ုံးခ်ိန္းဟာ ပ်က္ျပယ္ခဲ့ရပါေသးတယ္။ အခုလိုမ်ိဳး အမႈၾကန႔္ၾကာေနတာနဲ႔ပက္သက္ၿပီး မခင္ျမတ္နိုးက

“ အမႈက အရမ္းၾကာေနတဲ့အေပၚ ျမန္ျမန္ဆန္ဆန္ေလး ၿပီးသြားရင္ေတာ့ ေကာင္းတာေပါ့ေနာ္။ အမႈ အရမ္းၾကာေနတဲ့ဟာကလည္း တကယ္ေတာ့ ကိုယ့္ အတြက္တင္မဟုတ္ဘူး။ သူ႔အတြက္လည္း နစ္နာမႈ ရွိတဲ့အတြက္ တကယ္တမ္းဆို ျမန္ျမန္ ၿပီးသင့္ပါတယ္။ ေနာက္တစ္ေခါက္ ႐ုံးခ်ိန္းကိုေတာ့ ဇူလိုင္ ၈ ရက္ေန႔ ျပန္ခ်ိန္းလိုက္ပါတယ္” ဆိုၿပီးေတာ့လည္းဖြင့္ဟခဲ့ပါတယ္။

သ႐ုပ္ေဆာင္မိုးေအာင္ရင္ကို ရည္းစားေဟာင္းျဖစ္သူ မခင္ျမတ္နိုးက ကာမလိမ္လည္နဲ႔ နိုဝင္ဘာလ ၂၂ ရက္ေန႔မွာ စတင္တရားစြဲဆိုခဲ့တာျဖစ္ပါတယ္။

KS

About the author

Aung Lay

Leave a Comment