Health

သွားကိုက်လျှင် ချက်ချင်းပျောက်တဲ့ဆေး

Written by Aung Lay

သွားကိုက်ပျောက်ဆေးနည်း

သွားကိုက်ရောဂါများ မည်သည့်နည်းနဲ့ကိုက်ကိုက် ဘယ်လောက်ပဲကိုက်ကိုက် (၅) မိနစ်အတွင်း ပျောက်ကင်းသွားစေမယ့် ဆေးနည်း

မည်သည့်နည်းနဲ့ သွားကိုက်ကိုက် အသုံးဝင်ထိရောက်စေသော သွားကိုက်သွားနာ ဆေးနည်းတစ်လက်မှာ

(၁) ကပ်စေးနှဲသီးများကို မီးဖြင့်ကျွမ်းအောင်လှော်

(၂) အမှုန့်ထောင်းပြီး ဖန်ပုလင်းထဲထည့်

(၃) ကိုက်ပါတယ်ဆိုတဲ့ သွားကို ဆေးမှုန့်သိပ် ပေးခြင်းဖြစ်ပါတယ်။

(၄) သွားဘယ်လောက်ပဲ ကိုက်ကိုက် (၅) မိနစ်အတွင်း ပျောက်ကင်းသွားမည်ဟုဆရာကြီးရန်ရှင်း ကိုယ်တိုင် မှာလိုက်ကြောင်း ဖေါ်ပြထားပါတယ်။ နက္ခတ္တရောင်ခြည် မဂ္ဂဇင်း စာအုပ်ဟောင်းမှ ဖြစ်ပါတယ်။ သွားကိုက်ပျောက်ဆေး ချီးမြှင့်ပေးသူက ဆရာကြီးရန်ရှင်းလို့ ဖော်ပြပေးထားပါတယ်။

ဆရာကြီးမှာ အောင်လံမြို့နဲ (၄) မိုင်ဝေးတဲ့ သံရွာကလို့ ဆိုပါတယ်။ ရောဂါဝေဒနာ တစ်ခုအတွက် အရွက်တစ်မျိုးတည်း၊ ဆေးမြစ်တစ်မျိုးတည်းနဲ့ ကုသလို့ရတဲ့ မြစ်ချင်းပြီး ဆေးနည်းတိုတွေ ပြည့်လို့ပါ။ တည့်/မတည့်၊ ပျောက်/မပျောက် ဆိုတာကိုတော့ ကိုယ်တိုင်သုံးကြည့်မှ သိမှာပါလို့ ဖော်ပြထားပါတယ်။

အစ်မ ဖြစ်သူမှာ မကြာခဏ သွားကိုက်ပါတယ်။ နေ့စဉ် နေ့တိုင်းလည်း နံနက် ညသွားတိုက်ခြင်း၊ ဆားရည်ငုံထွေးခြင်းလည်း လုပ်ပါတယ်။ ဒါပေမယ့် သွားကိုက်ခြင်းက တစ်လ(၁) ခါ၊ နှစ်လ(၁) ခါ ဖြစ်ရကာ သွားဆေးခန်းကို သွားရကြိမ်လည်း မနည်းတော့ပါ။

ခဏတာ သက်သာသော်လည်း အရှင်းပျောက်ကင်းခြင်း မရှိဘဲ ဖြစ်နေပါတော့တယ်။ဆေးနည်းလည်း စုံနေပါပြီ။ အသက်ကြီးသူများပင် မျက်ရည်ကျအောင် ကိုက်ခဲနာ ကျင်ခြင်းခံရပါတယ်။

လက်တွေ့ အသုံးပြုလိုစိတ်ဖြင့် နက္ခတ္တရောင်ခြည် မဂ္ဂဇင်းပါ ဆေးနည်းအတိုင်းလမ်းဘေးဝဲယာ ပေါပေါသီသီ ပေါက်နေသည့် နွားမြီးကပ်(ခေါ်) ကပ်စေးနှဲပင်မှ အသီးများကို မီးကျွမ်းအောင် လှော်ပြီး၊ အမှုန့်ကို သိပ်ပေးကြည့်ရာ အမှန်ပင် သွားကိုက်ခြင်း ပျောက်ကင်းခြင်းအပြင်၊ ယနေ့တိုင်သွား မကိုက်တော့ပါ။

နွားမြီးကပ်(ခေါ်) ကပ်စေးနှဲပင်မှာ မြန်မာပြည်အနှံ့ အတော်များများ ပေါက်နေတတ်ပါတယ်။ သွားကိုက် ဝေဒနာရှင်များ အလွန်ပေါသော ကပ်စေးနှဲ (နွားမြီးကပ်) သီးကို ခူးပြီး လှော်ရုံ၊ အမှုန့်ပြုရုံ ငွေကြေးမကုန်ဘဲ ဆေးတစ်ဖုံ ဖေါ်စပ်ထားလိုက်ပါ။

အဓိက သွားနာ၊ သွားကိုက် ဖြစ်နေကြပြီး ဆေးရုံ၊ ဆေးခန်း၊ သွား ဆရာဝန်များနှင့် ဝေးကွာစွာ ရှိနေကြသော ကျေးလက်နေပြည်သူများအား ရည်စူးပါတယ်။ ကျေးလက်နေသူတို့အဖို့ နွားမြီးကပ်( ကပ်စေးနဲစေ့)ကို သိကြပြီး ဖြစ်ပါတယ်။

လိုသူတို့သုံး လက်တွေ့အပြုံးဖြင့် ခံစားရ ခက်သော သွားကိုက်၊ သွားနာဝေဒနာ ပျောက်ကင်းနိုင်ကြပါစေ။

စာကိုး နက္ခတ္တရောင်ခြည်မဂ္ဂဇင်း

ခရစ်ဒစ်

Zawgyi

သြားကိုိက္ေပ်ာက္ေဆးနည္း

သြားကိုက္ေရာဂါမ်ား မည္သည့္နည္းနဲ႔ကိုိက္ကိုက္ ဘယ္ေလာက္ပဲကိုက္ကိုက္ (၅) မိနစ္အတြင္း ေပ်ာက္ကင္းသြားေစမယ့္ ေဆးနည္း

မည္သည့္နည္းနဲ႔ သြားကိုက္ကိုက္ အသုံးဝင္ထိေရာက္ေစေသာ သြားကိုက္သြားနာ ေဆးနည္းတစ္လက္မွာ

(၁) ကပ္ေစးႏွဲသီးမ်ားကို မီးျဖင့္ကြၽမ္းေအာင္ေလွာ္

(၂) အမႈန႔္ေထာင္းၿပီး ဖန္ပုလင္းထဲထည့္္

(၃) ကိုက္ပါတယ္ဆိုတဲ့ သြားကို ေဆးမႈန႔္သိိပ္ ေပးျခင္းျဖစ္ပါတယ္။

(၄) သြားဘယ္ေလာက္ပဲ ကိုက္ကိုိက္ (၅) မိနစ္အတြင္း ေပ်ာက္ကင္းသြားမည္ဟုဆရာႀကီးရန္ရွင္း ကိုယ္တိုင္ မွာလိုက္ေၾကာင္း ေဖၚျပထားပါတယ္။ နကၡတၱေရာင္ျခည္္ မဂၢဇင္း စာအုပ္ေဟာင္းမွ ျဖစ္ပါတယ္။ သြားကိုက္ေပ်ာက္ေဆး ခ်ီးျမႇင့္ေပးသူက ဆရာႀကီးရန္ရွင္းလို႔ ေဖာ္ျပေပးထားပါတယ္။

ဆရာႀကီးမွာ ေအာင္လံၿမိဳ႕နဲ (၄) မိုင္ေဝးတဲ့ သံ႐ြာကလို႔ ဆိုပါတယ္။ ေရာဂါေဝဒနာ တစ္ခုအတြက္ အ႐ြက္တစ္မ်ိဳးတည္း၊ ေဆးျမစ္တစ္မ်ိဳးတည္းနဲ႔ ကုသလို႔ရတဲ့ ျမစ္ခ်င္းၿပီး ေဆးနည္းတိုေတြ ျပည့္လို႔ပါ။ တည့္/မတည့္၊ ေပ်ာက္/မေပ်ာက္ ဆိုတာကိုေတာ့ ကိုယ္တိုင္သုံးၾကည့္မွ သိမွာပါလို႔ ေဖာ္ျပထားပါတယ္။

အစ္မ ျဖစ္သူမွာ မၾကာခဏ သြားကိုက္ပါတယ္။ ေန႔စဥ္ ေန႔တိုိင္းလည္း နံနက္ ညသြားတိုက္ျခင္း၊ ဆားရည္ငုံေထြးျခင္းလည္း လုပ္ပါတယ္။ ဒါေပမယ့္ သြားကိုိက္ျခင္းက တစ္လ(၁) ခါ၊ ႏွစ္လ(၁) ခါ ျဖစ္ရကာ သြားေဆးခန္းကို သြားရႀကိမ္လည္း မနည္းေတာ့ပါ။

ခဏတာ သက္သာေသာ္လည္း အရွင္းေပ်ာက္ကင္းျခင္း မရွိဘဲ ျဖစ္ေနပါေတာ့တယ္။ေဆးနည္းလည္း စုံေနပါၿပီ။ အသက္ႀကီးသူမ်ားပင္ မ်က္ရည္က်ေအာင္ ကိုက္ခဲနာ က်င္ျခင္းခံရပါတယ္။

လက္ေတြ႕ အသုံးျပဳလိုစိတ္ျဖင့္ နကၡတၱေရာင္ျခည္ မဂၢဇင္းပါ ေဆးနည္းအတိုင္းလမ္းေဘးဝဲယာ ေပါေပါသီသီ ေပါက္ေနသည့္ ႏြားၿမီးကပ္(ေခၚ) ကပ္ေစးႏွဲပင္မွ အသီးမ်ားကိုိ မီးကြၽမ္းေအာင္ ေလွာ္ၿပီး၊ အမႈန႔္ကို သိပ္ေပးၾကည့္ရာ အမွန္ပင္ သြားကိုက္ျခင္း ေပ်ာက္ကင္းျခင္းအျပင္၊ ယေန႔တိုင္သြား မကိုက္ေတာ့ပါ။

ႏြားၿမီးကပ္(ေခၚ) ကပ္ေစးႏွဲပင္မွာ ျမန္မာျပည္အႏွံ႔ အေတာ္မ်ားမ်ား ေပါက္ေနတတ္ပါတယ္။ သြားကိုိက္ ေဝဒနာရွင္မ်ား အလြန္ေပါေသာ ကပ္ေစးႏွဲ (ႏြားၿမီးကပ္) သီးကို ခူးၿပီး ေလွာ္႐ုံ၊ အမႈန႔္ျပဳ႐ုံ ေငြေၾကးမကုန္ဘဲ ေဆးတစ္ဖုံ ေဖၚစပ္ထားလိုက္ပါ။

အဓိက သြားနာ၊ သြားကိုက္ ျဖစ္ေနၾကၿပီး ေဆး႐ုံ၊ ေဆးခန္း၊ သြား ဆရာဝန္မ်ားႏွင့္ ေဝးကြာစြာ ရွိေနၾကေသာ ေက်းလက္ေနျပည္သူမ်ားအား ရည္စူးပါတယ္။ ေက်းလက္ေနသူတို႔အဖို႔ ႏြားၿမီးကပ္( ကပ္ေစးနဲေစ့)ကို သိၾကၿပီး ျဖစ္ပါတယ္။

လိုိသူတို႔သုံး လက္ေတြ႕အၿပဳံးျဖင့္ ခံစားရ ခက္ေသာ သြားကိုက္၊ သြားနာေဝဒနာ ေပ်ာက္ကင္းႏိုင္ၾကပါေစ။

စာကိုး နကၡတၱေရာင္ျခည္မဂၢဇင္း

ခရစ္ဒစ္္

About the author

Aung Lay

Leave a Comment