ဗိုလ်ချုပ်ေ အာင်ဆန်းပုံပါ သည့် ကျပ် ၅၀၀ တန်အ သစ် အာ ဇာနည်နေ့တွင် ထွက်ရှိမည်
အ မျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ပုံဖြင့် ငွေစက္ကူပုံစံသစ်အမျိုးမျိုးကို ထုတ်ဝေရန်ဆောင်ရွက်လျက်ရှိရာ ငါးရာကျပ်တန် ပုံစံသစ်ငွေစက္ကူကို ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၁၉ (အာဇာနည်နေ့) တွင် စတင်ထုတ်ဝေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကြေညာလိုက်ပါတယ်။
ဗိုလ် ချုပ်အောင်ဆန်းဓာတ်ပုံပါ ၅၀၀ ကျပ်တန် ငွေစက္ကူအရွယ်အစားမှာ အလျား ၁၅၀ မီလီမီတာ၊ အနံ ၇၀ မီလီမီတာရှိပါသည်။ အဆိုပါငွေစက္ကူသည် ပေါ်လွင်သော နီညိုရောင်ရှိပြီး ငွေစက္ကူအပေါ်ဘက်တွင် “မြန်မာနိုင်ငံတော် ဗဟိုဘဏ်”စာတမ်းရိုက်နှိပ်ထားပါတယ်။
၅၀၀ ကျပ်တန် ငွေစက္ကူ၏ မျက်နှာစာဘက်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံရိုက်နှိပ်ထားပြီး၊ ငွေစက္ကူ၏ လက်ယာဘက်တွင် ငွေစက္ကူ၏တန်ဖိုးကို မြန်မာစာသားဖြင့် “ငါးရာကျပ်”ဟု ဖော်ပြထားပါသည်။ ထောင့်သုံးထောင့်တွင်လည်း ငွေစက္ကူ၏တန်ဖိုးကို ဂဏန်းများဖြင့်ရိုက်နှိပ်ထားပါတယ်။
ငွေစက္ကူနံပါတ်ကို မြန်မာအက္ခရာ၊ မြန်မာနံပါတ်ဖြင့် အလျားလိုက်၊ အင်္ဂလိပ်အက္ခရာ အင်္ဂလိပ်ဂဏန်းဖြင့် ဒေါင်လိုက်ရိုက်နှိပ်ထားပါသည်။ ငွေစက္ကူ၏လက်ဝဲဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ရေစာပါရှိပါသည်။ ငွေစက္ကူတွင် လုံခြုံရေးကြိုးကို ဒေါင်လိုက်မြှုပ်နှံထည့်သွင်း ထားပါသည်။ ငွေစက္ကူ၏ ဘယ်ညာအစွန်းတွင် ဖောင်းကြွလိုင်းတိုများ ထည့်သွင်းထားပါတယ်။
ငါးရာကျပ်တန်ငွေစက္ကူ၏ ကျောဘက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အဆောက်အဦပုံ ရိုက်နှိပ်ထားပြီး အပေါ်ပိုင်း၌ “CENTRAL BANK OF MYANMAR” စာတန်း၊ စာတန်းအောက်ပိုင်း၌ “FIVE HUNDRED KYATS” စာတမ်းများရိုက်နှိပ်ထားပါသည်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူ၏ တန်ဖိုးများကို ဂဏန်းများဖြင့်ရိုက်နှိပ်ထားပါတယ်။ လက်ရှိသုံးစွဲနေသော ၅၀၀ ကျပ်တန်များကိုလည်း ဆက်လက်ထားရှိမည်ဟု သိရပါတယ်။
Zawgyi
ဗုိလ္ခ်ဳပ္ေ အာင္ဆန္းပံုပါ သည့္ က်ပ္ ၅၀၀ တန္အ သစ္ အာ ဇာနည္ေန႔တြင္ ထြက္ရွိမည္
အ မ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ပုံျဖင့္ ေငြစကၠဴပုံစံသစ္အမ်ိဳးမ်ိဳးကို ထုတ္ေဝရန္ေဆာင္႐ြက္လ်က္ရွိရာ ငါးရာက်ပ္တန္ ပုံစံသစ္ေငြစကၠဴကို ၂၀၂၀ျပည့္ႏွစ္ ဇူလိုင္လ ၁၉ (အာဇာနည္ေန႔) တြင္ စတင္ထုတ္ေဝမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္က ေၾကညာလိုက္ပါတယ္။
ဗိုလ္ ခ်ဳပ္ေအာင္ဆန္းဓာတ္ပုံပါ ၅၀၀ က်ပ္တန္ ေငြစကၠဴအ႐ြယ္အစားမွာ အလ်ား ၁၅၀ မီလီမီတာ၊ အနံ ၇၀ မီလီမီတာရွိပါသည္။ အဆိုပါေငြစကၠဴသည္ ေပၚလြင္ေသာ နီညိဳေရာင္ရွိၿပီး ေငြစကၠဴအေပၚဘက္တြင္ “ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္”စာတမ္း႐ိုက္ႏွိပ္ထားပါတယ္။
၅၀၀ က်ပ္တန္ ေငြစကၠဴ၏ မ်က္ႏွာစာဘက္တြင္ အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံ႐ိုက္ႏွိပ္ထားၿပီး၊ ေငြစကၠဴ၏ လက္ယာဘက္တြင္ ေငြစကၠဴ၏တန္ဖိုးကို ျမန္မာစာသားျဖင့္ “ငါးရာက်ပ္”ဟု ေဖာ္ျပထားပါသည္။ ေထာင့္သုံးေထာင့္တြင္လည္း ေငြစကၠဴ၏တန္ဖိုးကို ဂဏန္းမ်ားျဖင့္႐ိုက္ႏွိပ္ထားပါတယ္။
ေငြစကၠဴနံပါတ္ကို ျမန္မာအကၡရာ၊ ျမန္မာနံပါတ္ျဖင့္ အလ်ားလိုက္၊ အဂၤလိပ္အကၡရာ အဂၤလိပ္ဂဏန္းျဖင့္ ေဒါင္လိုက္႐ိုက္ႏွိပ္ထားပါသည္။ ေငြစကၠဴ၏လက္ဝဲဘက္တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံ ေရစာပါရွိပါသည္။ ေငြစကၠဴတြင္ လုံၿခဳံေရးႀကိဳးကို ေဒါင္လိုက္ျမႇဳပ္ႏွံထည့္သြင္း ထားပါသည္။ ေငြစကၠဴ၏ ဘယ္ညာအစြန္းတြင္ ေဖာင္းႂကြလိုင္းတိုမ်ား ထည့္သြင္းထားပါတယ္။
ငါးရာက်ပ္တန္ေငြစကၠဴ၏ ေက်ာဘက္တြင္ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္အေဆာက္အဦပုံ ႐ိုက္ႏွိပ္ထားၿပီး အေပၚပိုင္း၌ “CENTRAL BANK OF MYANMAR” စာတန္း၊ စာတန္းေအာက္ပိုင္း၌ “FIVE HUNDRED KYATS” စာတမ္းမ်ား႐ိုက္ႏွိပ္ထားပါသည္။ ေထာင့္သုံးေထာင့္တြင္ ေငြစကၠဴ၏ တန္ဖိုးမ်ားကို ဂဏန္းမ်ားျဖင့္႐ိုက္ႏွိပ္ထားပါတယ္။ လက္ရွိသုံးစြဲေနေသာ ၅၀၀ က်ပ္တန္မ်ားကိုလည္း ဆက္လက္ထားရွိမည္ဟု သိရပါတယ္။