Cele News

အလုပ် ပါးနေကြတဲ့ အနုပညာ ရှင်သရုပ်ဆောင်ကြီးတွေ ကို ကြော်ငြာရိုက် ဖို့ တွဲခေါ်ပြီး ကန်တော့ ခဲ့ တဲ့ ဖြူဖြူထွေး

Written by Aung Lay

ပရိသတ်တွေ ရဲ့ အချစ်တော် သရုပ်ဆောင်ဖြူဖြူထွေး ကတော့ သရုပ်ဆောင်ကောင်း သလို ဖြူစင်ပွင့်လင်းပြီး ချစ်စရာကောင်း တဲ့ သိတ်ထားလေးကိုလည်း ပိုင်ဆိုင်ထားသူလေးပါ..။

ဟာသဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေရင်ထဲ တစ်စတစ်စရောက်ရှိလာတဲ့ ဖြူဖြူထွေးလေးကတော့ အခုဆိုရင် အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်အဖြစ် ရပ်တည်လျှောက်လှမ်းနေပြီ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေ ရဲ့အသည်းကျော်လေး ဖြူဖြူထွေးကတော့ ကြော်ငြာတွေ ဆက်တိုက်ရိုက်ကူး ကာ အနုပညာအလုပ်တွေ အဆက်မပြတ် လုပ်ဆောင်နေပြီး လှူဒါန်းမှုလေးတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိသူလေးပါပဲနော်..။

ကြုံရင်ကြုံသလို လှူဒါန်းကုသိုလ်ယူ တတ်တဲ့ ဖြူဖြူထွေးလေးကတော့ အခုတစ်ခါမှာ လည်း ဟာသဇာတ်ပို့သရုပ်ဆောင် အနုပညာရှင်ကြီးတွေ ကိုလည်း လှူဒါန်းကန်တော့ခဲ့ပြန်ပါတယ်နော်..။

အလုပ် ပါးနေကြတဲ့ ဝါရင့် အနုပညာရှင် သရုပ်ဆောင်ကြီးတွေကို ကြော်ငြာအတူရိုက်ဖို့ခေါ်ကာ အလုပ်ပေးတဲ့အပြင် အစားအသောက်များကျွေးမွေး ဧည့်ခံကာ ကန်တော့ခဲ့တာ ဖြစ်ပါတယ်နော်..။

အခုလို သူမရဲ့ ကြည်နူးပီတိဖြစ်စရာ အမှတ်တရလေးတွေကိုလည်း “ဖြူဖြူ ပြောမပြတက်အောင် ပီတိဖြစ်မိပါတယ်..” ဆိုပြီး ကြည်နူးစရာ အမှတ်လေးတွေကို အပျော်လေးတွေနဲ့အတူ ချစ်အတွက်တွေကိုလည်း ဝေမျှထားတာ ဖြစ်ပါတယ်နော်..။

Source & Photo Credit – Phyu Phyu Htwe’s FB Account

Zawgyi








About the author

Aung Lay

Leave a Comment