ပရိသတ်ရဲ့အချစ်တော်တေးသံရှင်မနောကတော့ ဒီနေ့မှာ သီချင်း အသစ်လေး တစ်ပုဒ် ကို လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။ ဒီသီချင်းလေးကိုတော့ မကြာခင်ရက်ပိုင်းအတွင်းမှာ ကျရောက်မယ့် အမေစုရဲ့(၇၅) နှစ်ပြည့်မွေးနေ့အတွက် မွေးနေ့လက်ဆောင်အနေနဲ့ သီဆိုခဲ့ခြင်းဖြစ် ပါတယ်တဲ့ ပရိသတ်ကြီးရေ.
ကျွန်တော် တို့ရဲ့ မြန်မာနိုင်ငံ အတွက် အယူမရှိ အပေးသာရှိတဲ့ မိခင်သဖွယ် အားကိုးရသူ အမေ ဒေါ်အောင်ဆန်းစုကြည် ကို ကျွန်တော်တို့ ဒီသီချင်းလေးနဲ့ (၇၅) နှစ်ပြည့်မွေးနေ့ လက်ဆောင်ပါခင်ဗျာ…အသက်ရာကျော်ရှည်ပါစေအမေ…တေးချစ်သူများနှင့်အားလုံးသော မိတ်ဆွေများ လည်း ရင်ထဲမှာရှိတဲ့ ဆုတောင်းလေးများဖြင့် ဆုတောင်းပေးကြရအောင်လားဗျာ” လို့ရေးသားကာ သူ့သီဆိုထားတဲ့ “အသက်ရာကျော်ရှည်ပါစေ အမေ” ဆိုတဲ့သီချင်းလေးကို မျှဝေပေးခဲ့ပါတယ်။
လာမယ့် ဇွန်လ(၁၉) ရက်နေ့ ကတော့ ပြည်သူတစ်ရပ်လုံးက လေးစားချစ်ခင်နေရသူ အမေစု ရဲ့(၇၅) နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ စိန်ရတုမွေးနေ့ပွဲလေး ဖြစ်တာမို့ အမေ့ကို ချစ်တဲ့သားတွေ သမီးတွေကတော့ ထူးထူးခြားခြားမွေးနေ့လေးဖြစ်အောင် တတ်နို င်သလောက် ဖန်တီး ပေးနေကြတာပဲ ဖြစ်ပါတယ်။ အဆိုတော်မနောကတော့ အမေစုမွေးနေ့အမှီ သီချင်းလေးတစ်ပုဒ်ဖန်တီးခဲ့ပြီး ဒီနေ့မှာသီချင်းခက်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ…
Source : မေနာ Ma Naw
Zawgyi
ပရိသတ္ရဲ႕အခ်စ္ေတာ္ေတးသံရွင္မေနာကေတာ့ ဒီေန ႔မွာ သီခ်င္း အသစ္ေလး တစ္ပုဒ္ ကို လူမႈကြန္ရက္မွာ မွ်ေဝခဲ့ပါတယ္။ ဒီသီခ်င္းေလးကိုေတာ့ မၾကာခင္ရက္ပိုင္းအတြင္းမွာ က်ေရာက္မယ့္ အေမစုရဲ႕(၇၅) ႏွစ္ျပည့္ေမြးေန႔အတြက္ ေမြးေန႔လက္ေဆာင္အေနနဲ႔ သီဆိုခဲ့ျခင္းျဖစ္ ပါတယ္တဲ့ ပရိသတ္ႀကီးေရ.
ကြၽန္ေတာ္ တို႔ရဲ႕ ျမန္မာႏိုင္ငံ အတြက္ အယူမရွိ အေပးသာရွိတဲ့ မိခင္သဖြယ္ အားကိုးရသူ အေမ ေဒၚေအာင္ဆန္းစုၾကည္ ကို ကြၽန္ေတာ္တို႔ ဒီသီခ်င္းေလးနဲ႔ (၇၅) ႏွစ္ျပည့္ေမြးေန႔ လက္ေဆာင္ပါခင္ဗ်ာ…အသက္ရာေက်ာ္ရွည္ပါေစအေမ…ေတးခ်စ္သူမ်ားႏွင့္အားလုံးေသာ မိတ္ေဆြမ်ား လည္း ရင္ထဲမွာရွိတဲ့ ဆုေတာင္းေလးမ်ားျဖင့္ ဆုေတာင္းေပးၾကရေအာင္လားဗ်ာ” လို႔ေရးသားကာ သူ႔သီဆိုထားတဲ့ “အသက္ရာေက်ာ္ရွည္ပါေစ အေမ” ဆိုတဲ့သီခ်င္းေလးကို မွ်ေဝေပးခဲ့ပါတယ္။
လာမယ့္ ဇြန္လ(၁၉) ရက္ေန႔ ကေတာ့ ျပည္သူတစ္ရပ္လုံးက ေလးစားခ်စ္ခင္ေနရသူ အေမစု ရဲ႕(၇၅) ႏွစ္ျပည့္ေမြးေန႔ေလးပဲ ျဖစ္ပါတယ္။ စိန္ရတုေမြးေန႔ပြဲေလး ျဖစ္တာမို႔ အေမ့ကို ခ်စ္တဲ့သားေတြ သမီးေတြကေတာ့ ထူးထူးျခားျခားေမြးေန႔ေလးျဖစ္ေအာင္ တတ္ႏို င္သေလာက္ ဖန္တီး ေပးေနၾကတာပဲ ျဖစ္ပါတယ္။ အဆိုေတာ္မေနာကေတာ့ အေမစုေမြးေန႔အမွီ သီခ်င္းေလးတစ္ပုဒ္ဖန္တီးခဲ့ၿပီး ဒီေန႔မွာသီခ်င္းခက္ေဆာင္ေပးခဲ့တာပဲ ျဖစ္ပါတယ္ ပရိသတ္ႀကီးေရ…
Source : ေမနာ Ma Naw