Baydin

မိမိ အိမ်တွင်း မှာ အတိုက် အခိုက် ရှိနေ ရင် မကောင်း တာ တစ်ခု ခု ကပ်နေ ရင် ဒီနည်းအတိုင်း သာ ရှင်း ထုတ်လိုက်ပါ

Written by Aung Lay

မိမိ အိမ်တွင်း မှာ အတိုက် အခိုက် ရှိနေ ရင် မကောင်း တာ တစ်ခု ခု ကပ်နေ ရင် ဒီနည်းအတိုင်း သာ ရှင်း ထုတ်လိုက်ပါ

အိမ်တွင်း မှာ အတိုက်အခိုက် ရှိနေရင် မကောင်းတာ တစ်ခုခုကပ်နေရင် ဒီနည်းအတိုင်းသာ ရှင်းထုတ် လိုက်ပါတဲ့…

အိမ်အတိုက် အခိုက် ရှိရင် မကောင်းတာ တခုခုကပ်နေရင် ဆားအပြည့် ပန်းကန်မှာထည့် ဆားပေါ်မှာ စဓဗဝ ရေး ဘုရားစင်အောက်မှာ ဖယောင်းတိုင်ထွန်းပါ။

ဖယောင်းတိုင် ကုန်ရင် ဆားကို လက်နဲ့ဆုပ် စက်ကြီး တစ်ဆယ့်သုံးပါး ဂါထာ တပုဒ်ရွတ် တခါပက် ဆားကုန်အောင် နေရာအပြည့် ပက်ပါ။ တခါဆားနှင့် ပက်တိုင်း တခါရွတ်ဆိုပေးပါ….။Credit photo & post to orginal uplonder

စက်ကြီး တစ်ဆယ့်သုံးပါး

(၁) သြောင်း-တစ်ရာ့ ရှစ်ကွက် ဗုဒ္ဓစက်

(၂) တစ်ဆယ့်လေးချက် ဓမ္မစက်

(၃) တစ်ဆယ့်ရှစ်ချက် သံဃစက်

(၄) လရောင်းဝင်းလျှက် ရှင်ပစ္စေက ဗုဒ္ဓ ရဟန္တာစက်

(၅) မြင့်မိုရ်တောင်ဦး မြင့်ခေါင်ကျူးလျှက် မိဘစက်

(၆) ဂုဏ်ကျေးဇူးကို အထူးသိလျှက် ဆရာစက်

(၇) ဝရဇိန်လက်နက် ဗြဟ္မာစက်

(၈) မိုးကြိုးလက်နက် သကြားစက်

(၉) လောင်မီးကျလျှက် နတ်တို့စက်

(၁၀) ဘွဲ့ဖြူလက်နက် ဘီလူးစက်

(၁၁) တောင်ဟုန်ပြင်းလျှက် ဂဠုန်စက်

(၁၂) အာခံတွင်းက ဝင်းဝင်းတောက်လျှက် နဂါးစက်

(၁၃) သုံးတောင်သင်္ချာ ဟိမဝန္တာ အာဏာစိုးလျှက် သီဟစက် ။

စက်ကြီး တစ်ဆယ့်သုံးပါး၊ ရွတ်သံကြားက၊

ဘေးများမြင်မှု၊ မကောင်းမှု တို့၊ ဝေးကကြဉ်ရှောင်၊

အောင်စေတတ်သည် မြတ်သည့် ဆရာ ပညာတည်း။

သြောင်း-နမော ဗုဒ္ဓါ နုဘာဝေန

သြောင်း-နမော ဓမ္မာ နုဘာဝေန

သြောင်း-နမော သံဃာ နုဘာဝေန

သြောင်း-နမော ဒူရေ ဒူရေ၊သွား ဟုံ ဟုံ။

ဓမ္မစာပေများ နှင့် ဗဟုသုတများတိုးပွားရာ

Credit – ရဟန္တာ နှင့် ပုဂ္ဂိုလ်ထူးများ

Zawgyi




























About the author

Aung Lay

Leave a Comment