News

မွန်ပြည်နယ် တွင် MASK မတပ် သူတွေ ကို ဒဏ်ကြေး ကောက် ခံမှု ဆယ်ရက် အတွင်း သိန်း (၁၀၀) နီးပါးရ ရှိ

Written by Aung Lay

Mask မတပ်ဘဲ အပြင် သွားလာ သူတွေကို ဇွန်လ ၁ ရက် ကနေ ၇ ရက်အတွင်း အသိပညာပေးတာတွေ ပြုလုပ်ခဲ့ပြီးနောက် အရေးယူမှုတွေ စတင်ခဲ့တာပါ။မွန်ပြည်နယ်မှာ နှာခေါင်းစည်းမတပ်သူတွေကို ဒဏ်ငွေရိုက်နေရာ ဇွန်လ ၈ ရက်ကနေ ၁၇ ရက်အထိ ဒဏ်ကြေးငွေ သိန်း ၁၀၀ နီးပါးရရှိခဲ့ တယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးထံကနေ သိရပါတယ်။လမ်းဆုံ၊လမ်းခွ လူစည်ကားရာနေရာတွေမှာ သက်ဆိုင်ရာအဖွဲ့တွေ၊ စေတနာ့ဝန်ထမ်းတွေက နှာခေါင်းစည်းစနစ်တကျတပ်ဆင်ခြင်းမရှိဘဲ အပြင်သွားလာတဲ့သူတွေ တွေ့ရှိပါ က တစ်ဦး လျှင် ဒဏ်ငွေ ၃၀၀၀ ကောက်ခံကာ ပြန်လည် အသုံးပြု လို့ရတဲ့ Mask နှစ်ခုစီ ပြန်ပေး ခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်တော် တို့က ဒီဒဏ်ကြေးငွေတွေကို အစိုးရဘဏ္ဍာရံ ပုံငွေထဲကို ထည့်သွင်းမယ်။ ပြီးရင် ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွေမှာ သုံးစွဲသွားမယ်။ “ လို့မွန်ပြည်နယ်အစိုးရအဖွဲ့ ညွန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောပါတယ်။ Mask မပါဘဲ အပြင်သွား လာသူတွေ ကိုတော့ ပထမတစ်ကြိမ် နဲ့ ဒုတိယအကြိမ်မှာ ဒဏ်ကြေးငွေ ၃၀၀၀ ကောက်ခံကာ သတိပေးတာတွေ ပြုလုပ်မှာဖြစ်ပြီး တတိယအကြိမ်အထိ လိုက်နာမှုမရှိခဲ့ရင် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ညွန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ဆိုပါတယ်။

မွန်ပြည်နယ် ရှိ မြို့နယ် (၁၀) မြို့နယ် မှာတော့ ဇွန်လ ၈ ရက်ကနေ ၁၇ ရက်အနေ့အထိ ဆယ်ရက်အတွင်း Mask မတပ်ဘဲ အပြင်သွားလာခဲ့သူ ၃၀၀၀ ကျော်ကို ဒဏ်ကြေးငွေ ကောက်ခံခဲ့တယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးကနေသိရပါတယ်။ မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ Mask မတပ်ဘဲ အပြင်သွားလာသူတွေကို ဇွန်လ ၁ ရက်ကနေ ၇ ရက်အတွင်း အသိပညာပေးတာတွေ ပြုလုပ်ခဲ့ပြီးနောက် ဇွန်လ ၈ ရက်မှာ စတင်အရေးယူမှုတွေ ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

Credit Duwun

Zawgyi

Mask မတပ္ဘဲ အျပင္ သြားလာ သူေတြကို ဇြန္လ ၁ ရက္ ကေန ၇ ရက္အတြင္း အသိပညာေပးတာေတြ ျပဳလုပ္ခဲ့ၿပီးေနာက္ အေရးယူမႈေတြ စတင္ခဲ့တာပါ။မြန္ျပည္နယ္မွာ ႏွာေခါင္းစည္းမတပ္သူေတြကို ဒဏ္ေငြ႐ိုက္ေနရာ ဇြန္လ ၈ ရက္ကေန ၁၇ ရက္အထိ ဒဏ္ေၾကးေငြ သိန္း ၁၀၀ နီးပါးရရွိခဲ့ တယ္လို႔ မြန္ျပည္နယ္ အစိုးရအဖြဲ႕႐ုံးထံကေန သိရပါတယ္။လမ္းဆုံ၊လမ္းခြ လူစည္ကားရာေနရာေတြမွာ သက္ဆိုင္ရာအဖြဲ႕ေတြ၊ ေစတနာ့ဝန္ထမ္းေတြက ႏွာေခါင္းစည္းစနစ္တက်တပ္ဆင္ျခင္းမရွိဘဲ အျပင္သြားလာတဲ့သူေတြ ေတြ႕ရွိပါ က တစ္ဦး လွ်င္ ဒဏ္ေငြ ၃၀၀၀ ေကာက္ခံကာ ျပန္လည္ အသုံးျပဳ လို႔ရတဲ့ Mask ႏွစ္ခုစီ ျပန္ေပး ခဲ့တယ္လို႔ ဆိုပါတယ္။

“ကြၽန္ေတာ္ တို႔က ဒီဒဏ္ေၾကးေငြေတြကို အစိုးရဘ႑ာရံ ပုံေငြထဲကို ထည့္သြင္းမယ္။ ၿပီးရင္ ကိုဗစ္ကာကြယ္ထိန္းခ်ဳပ္ကုသေရးလုပ္ငန္းေတြမွာ သုံးစြဲသြားမယ္။ “ လို႔မြန္ျပည္နယ္အစိုးရအဖြဲ႕ ၫြန္ၾကားေရးမႉး ဦးျမင့္သန္းဝင္းက ေျပာပါတယ္။ Mask မပါဘဲ အျပင္သြား လာသူေတြ ကိုေတာ့ ပထမတစ္ႀကိမ္ နဲ႔ ဒုတိယအႀကိမ္မွာ ဒဏ္ေၾကးေငြ ၃၀၀၀ ေကာက္ခံကာ သတိေပးတာေတြ ျပဳလုပ္မွာျဖစ္ၿပီး တတိယအႀကိမ္အထိ လိုက္နာမႈမရွိခဲ့ရင္ ကူးစက္ေရာဂါကာကြယ္ႏွိမ္နင္းေရးဥပေဒအရ ဆက္လက္ေဆာင္႐ြက္သြားမယ္လို႔ မြန္ျပည္နယ္အစိုးရအဖြဲ႕ ၫြန္ၾကားေရးမႉး ဦးျမင့္သန္းဝင္းက ဆိုပါတယ္။

မြန္ျပည္နယ္ ရွိ ၿမိဳ႕နယ္ (၁၀) ၿမိဳ႕နယ္ မွာေတာ့ ဇြန္လ ၈ ရက္ကေန ၁၇ ရက္အေန႔အထိ ဆယ္ရက္အတြင္း Mask မတပ္ဘဲ အျပင္သြားလာခဲ့သူ ၃၀၀၀ ေက်ာ္ကို ဒဏ္ေၾကးေငြ ေကာက္ခံခဲ့တယ္လို႔ မြန္ျပည္နယ္အစိုးရအဖြဲ႕႐ုံးကေနသိရပါတယ္။ မြန္ျပည္နယ္အစိုးရအဖြဲ႕အေနနဲ႔ Mask မတပ္ဘဲ အျပင္သြားလာသူေတြကို ဇြန္လ ၁ ရက္ကေန ၇ ရက္အတြင္း အသိပညာေပးတာေတြ ျပဳလုပ္ခဲ့ၿပီးေနာက္ ဇြန္လ ၈ ရက္မွာ စတင္အေရးယူမႈေတြ ျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။

Credit Duwun

About the author

Aung Lay

Leave a Comment