FACT: Spraying or introducing bleach or another disinfectant into your body WILL NOT protect you against COVID-19 and can be dangerous.
Unicode
ကဲ ကဲ ထပ်ပြောပါ့မယ်…အစွန်းချွတ်ဆေး bleach သို့မဟုတ် ပိုးသတ်ဆေးကို ခန္ဓာကိုယ်ပေါ်သို့ ဖြန်းခြင်းက ကိုဗစ်ကို မကာကွယ်နိုင်သည့်အပြင် အန္တရာယ်ဖြစ်စေပါတယ်
ဘယ်အခြေအနေမှာဖြစ်ပစေ ခန္ဓာကိုယ်အပေါ် မည်သည့်အရာမှ အဖြန်းမခံပါနဲ့….အဆိုပါအရည်များဟာ အဆိပ်အတောက်ဖြစ်စေပြီး မျိုချမိလျှင် ဆိုးကျိုးကိုဖြစ်စေနိုင်သလို အရေပြားအပေါ်ထိမိလျှင်လည်း အရေပြားယားယံခြင်း မျက်လုံးထိခိုက်ခြင်း ဖြစ်နိုင်ပါတယ်
အစွန်းချွတ်ဆေး သို့ ပိုးသတ်ဆေးတွေဟာ ညစ်ပတ်ပေရေနေတဲ့ ရောဂါပိုးကပ်ငြိနေတဲ့ အရာဝတ္ထု မျက်နှာပြင်များကို ပိုးသန့်စင်ရန်အတွက်သာ သုံးရမှာဖြစ်ပါတယ်
အထူးသတိပြုရမှာကတော့ ဒီလိုအန္တရာယ်ရှိပစ္စည်းတွေကို ကလေးများနဲ့ ဝေးဝေး လက်လှမ်းမမီတဲ့နေရာမှာ သိမ်းဆည်းထားဖို့ အထူးပဲ လိုအပ်ပါတယ် အထူးဂရုပြုကြပါ
Credit : Khin Khin Gyi