ဟိန်းဝေယံ ကို လူပျိုကြီး ဘ၀ က ကျွတ်စေချင် တယ် ဆို တဲ့ စိုးပြည့်သ ဇင်
သ ရုပ်ဆောင် ဟိန်းဝေယံ နဲ့ စိုးပြည့်သဇင်တို့ကတော့ အနုပညာလောကမှာ အသီးသီးအောင်မြင်နေကြတဲ့ မင်းသား မင်းသမီး နှစ်ယောက်ဖြစ်ကြပါတယ်။
သူ တို နှစ်ဦးဟာ ဒါရိုက်တာ ဝိုင်း ရိုက်ကူးတဲ့ ” ဧဒင်ရဲ့ကျေးကျွန်များ ” ဇာတ်ကားမှာ စတင်ဆုံဖြစ်ခဲ့ကြရာကတဆင့် ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်လာခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
သူတို့နှစ်ဦးရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကြောင့် ချစ်သူတွေဖြစ်ခဲ့ကြဖူးတယ်ဆိုတဲ့ ကောလဟလ သတင်းတွေ ထွက်ပေါ်လာခဲ့ဖူးသလို သူတို့နှစ်ဦးလုံးကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကလည်း ဒီကောလဟလသတင်းဟာ အမှန်ဖြစ်ဖို့ မျှော်လင့်ခဲ့ကြတာလည်းဖြစ်ပါတယ်။
ဒါပေမယ့် ဟိန်းဝေယံ နဲ့ စိုးပြည့်သဇင် တို့နှစ်ဦးကတော့ သူတို့ဟာ ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းများသာဖြစ်တယ်ဆိုတဲ့အကြောင်း အင်တာဗျူးတွေမှာ အကြိမ်ကြိမ်ပြောဆိုခဲ့ဖူးပါတယ်။
လတ်တလောမှာလည်း စိုးပြည့်သဇင်က အင်တာဗျူး တစ်ခုမှာ ဟိန်းဝေယံကို တကယ်ချစ်တဲ့သူနဲ့ အမြန်ဆုံးတွေ့ပြီး လူပျိုကြီးဘဝကကျွတ်စေချင်ပြီ လို့ ပြောခဲ့ပါသေးတယ်။
ဟိန်းဝေယံ နဲ့ စိုးပြည့်သဇင်တို့ဟာ မကြာသေးခင်က ဇာတ်လမ်းတွဲတစ်ခုမှာ အတူတကွပါဝင်သရုပ်ဆောင်လျှက်ရှိနေပြီး ကိုဗစ်ကာလကြောင့် ရိုက်ကူးရေးကို ခေတ္တရပ်နားထားခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။
KS
Zawgyi
KS