ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မယ်လိုဒီက သူမရဲ့ခင်ပွန်းနဲ့ တရားဝင်ကွာရှင်းလိုက်ပြီလို့ ထုတ်ပြောလိုက်ပြီးကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတာပဲ ဖြစ်ပါတယ်။ အဆိုတော် ရေဗက္ကာဝင်းကလည်း အိမ်ထောင်ကွာရှင်းထားသူတစ်ယောက်ဖြစ်ပြီး သူမတို့နှစ်ယောက်စလုံးက တစ်ယောက်နဲ့တစ်ယောက် အထင်အမြင်လွဲမှားမှုတွေဖြစ်နေတာပဲ ဖြစ်ပါတယ်။ အဆိုတော်ရေဗက္ကာဝင်းကလည်း သူမရဲ့ခင်ပွန်းဟောင်းနဲ့ တစ်ကုတင်တည်းမှာ အတူတူရှိခဲ့တယ်ဆိုပြီး ပြောခဲ့တာကြောင့် မယ်လိုဒီကလည်း ဖြေရှင်းနေတာပဲ ဖြစ်ပါတယ်။
ဒီတစ်ခါမှာတော့ မယ်လိုဒီက သူမနဲ့ အဆိုတော်ရေဗက္ကာဝင်းတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အိမ်ထောင်ရေးကိစ္စအရှုပ်အရှင်းတွေနဲ့ ပက်သတ်ပြီး တစ်ယောက်ကိုတစ်ယောက်ပြောထားတဲ့ စာတွေကို ပရိသတ်တွေအားလုံးသိအောင် ချပြလိုက်ပြီပဲ ဖြစ်ပါတယ်။ မယ်လိုဒီက “စိတ်ထားမှန်ပါစေ။ ချစ်ရင်အကျိုး မုန်းရင်အပြစ်မို့ ထူးပြီးခံစားမနေဘူး။ ရက်စွဲတွေကို ရောထွေးရေးပြီး ပေးစားလိုက်ဦး။” ဆိုပြီး သူမတို့နှစ်ယောက်ပြောထားသမျှကို ချပြထားပါတယ်။
သရုပ်ဆောင်မယ်လိုဒီနဲ့ အဆိုတော် ရေဗက္ကာဝင်းတို့ကတော့ တစ်ယောက်နဲ့တစ်ယောက် အမှန်ကိုပေါ်ထွက်လာဖို့ သက်သေတွေနဲ့တကွ ထုတ်ပြောနေကြတာပဲ ဖြစ်ပါတယ်။ အမှန်တရားကတော့ ကာယကံရှင်တွေကိုယ်တိုင်ပဲသိနိုင်တာမို့ ပရိသတ်ကြီးက ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။
Source: Melody Myo’s fb
Zawgyi
႐ုပ္ရွင္သ႐ုပ္ေဆာင္ အကယ္ဒမီ မယ္လိုဒီက သူမရဲ႕ခင္ပြန္းနဲ႔ တရားဝင္ကြာရွင္းလိုက္ၿပီလို႔ ထုတ္ေျပာလိုက္ၿပီးကတည္းက ပရိသတ္ေတြရဲ႕ စိတ္ဝင္စားျခင္းကို ခံေနရတာပဲ ျဖစ္ပါတယ္။ အဆိုေတာ္ ေရဗကၠာဝင္းကလည္း အိမ္ေထာင္ကြာရွင္းထားသူတစ္ေယာက္ျဖစ္ၿပီး သူမတို႔ႏွစ္ေယာက္စလုံးက တစ္ေယာက္နဲ႔တစ္ေယာက္ အထင္အျမင္လြဲမွားမႈေတြျဖစ္ေနတာပဲ ျဖစ္ပါတယ္။ အဆိုေတာ္ေရဗကၠာဝင္းကလည္း သူမရဲ႕ခင္ပြန္းေဟာင္းနဲ႔ တစ္ကုတင္တည္းမွာ အတူတူရွိခဲ့တယ္ဆိုၿပီး ေျပာခဲ့တာေၾကာင့္ မယ္လိုဒီကလည္း ေျဖရွင္းေနတာပဲ ျဖစ္ပါတယ္။
ဒီတစ္ခါမွာေတာ့ မယ္လိုဒီက သူမနဲ႔ အဆိုေတာ္ေရဗကၠာဝင္းတို႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ အိမ္ေထာင္ေရးကိစၥအရႈပ္အရွင္းေတြနဲ႔ ပက္သတ္ၿပီး တစ္ေယာက္ကိုတစ္ေယာက္ေျပာထားတဲ့ စာေတြကို ပရိသတ္ေတြအားလုံးသိေအာင္ ခ်ျပလိုက္ၿပီပဲ ျဖစ္ပါတယ္။ မယ္လိုဒီက “စိတ္ထားမွန္ပါေစ။ ခ်စ္ရင္အက်ိဳး မုန္းရင္အျပစ္မို႔ ထူးၿပီးခံစားမေနဘူး။ ရက္စြဲေတြကို ေရာေထြးေရးၿပီး ေပးစားလိုက္ဦး။” ဆိုျပီး သူမတို့နွစ္ေယာက္ေျပာထားသမွ်ကို ခ်ျပထားပါတယ္။
သရုပ္ေဆာင္မယ္လိုဒီနဲ့ အဆိုေတာ္ ေရဗကၠာဝင္းတို့ကေတာ့ တစ္ေယာက္နဲ့တစ္ေယာက္ အမွန္ကိုေပၚထြက္လာဖို့ သက္ေသေတြနဲ့တကြ ထုတ္ေျပာေနၾကတာပဲ ျဖစ္ပါတယ္။ အမွန္တရားကေတာ့ ကာယကံရွင္ေတြကိုယ္တို္င္ပဲသိနိုင္တာမို့ ပရိသတ္ၾကီးက ဆက္လက္ေစာင့္ၾကည့္ေပးၾကပါဦးေနာ္။
Source: Melody Myo’s fb