အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံကတော့ စိတ်တူကိုယ်တူနဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်သလို အများအကျိုးကို သယ်ပိုးဆောင်ရွက်နေသူတွေလည်း ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့က သမီးလေးတွေနာမည်နဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကိုတည်ထောင်ထားပြီး အလှူရှင်တွေနဲ့အတူတူ လိုအပ်နေတဲ့နေရာလေးတွေကို ဖြည့်စွက်လှူဒါန်းနေတာပဲ ဖြစ်ပါတယ်။ ခေတ်သစ်ဖောင်ဒေးရှင်းက အခုလက်ရှိမှာ ကိုဗစ်ရောဂါအတွက် လိုအပ်တဲ့ဆေးဝါးထောက်ပံ့မှုတွေပြုလုပ်ပေးနေသလို မူလတန်းကျောင်းဆောင်လေးကိုလည်း လှူဒါန်းနေတာပဲ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ လင်းလင်းက သူတို့လှူဒါန်းလက်စ စာသင်ကျော်ငးလေးနဲ့ပက်သတ်ပြီး “ခေတ်သစ်ဖောင်ဒေးရှင်းက ဆောက်လုပ်လှူဒါန်းနေတဲ့ မူလတန်းကျောင်းဆောင်လေးက မိုးတွင်း မိုးအရမ်းရွာတဲ့အချိန်ဆို ကျောင်းရှေ့မှာ ရေဝပ်ဧရိယာက ပုံမှာပါတဲ့အတိုင်း အတော်အခြေအနေဆိုးပါတယ်။ ကျောင်းအောက်ခြေကို (၃) ပေလောက်မြှင့်ဆောက်ထားပေမယ့် ရေဝပ်ဧရိယာကြောင့် ကျောင်းကိုလာတဲ့ ကလေးတွေ အခက်အခဲ ဖြစ်မှာစိုးလို့ ကျောင်းရှေ့ကို မြေဖို့ပြီး ကွန်ကရစ်လမ်းခင်းလှူဖို့ ဖောင်ဒေးရှင်းကနေဆက်လက်ဆောင်ရွက်နေပါတယ်။ ကျောင်းအလှူ၊ လမ်းအလှူအပြင်၊ ကလေးငယ်လေးတွေကျောင်းပြင်ပအချိန် ဆော့ကစားဖို့ ကစားကွင်းများပါ ထပ်မံလှူဒါန်းသွားပါဦးမယ်။” ဆိုပြီး ပြောထားပါတယ်။
လင်းလင်းနဲ့ ချစ်သုဝေကတော့ အလှူရှင်တွေနဲ့ စုပေါင်းပြီး အမှန်တကယ်လိုအပ်နေတဲ့နေရာလေးကို လှူဒါန်းကုသိုလ်ယူနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း လင်းလင်းတို့ဇနီးမောင်နှံနဲ့ (၇)ရက်သားသမီးအလှူရှင်တွေရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာသာဓုခေါ်ပေးကြပါဦးနော်။
Source: Htwe Lynn Ko’s fb
Zawgyi
အဆိုေတာ္ လင္းလင္းနဲ့ ခ်စ္သုေဝတို့ ဇနီးေမာင္နွံကေတာ့ စိတ္တူကိုယ္တူနဲ့ အနုပညာအလုပ္ေတြကို လုပ္ကိုင္သလို အမ်ားအက်ိဳးကို သယ္ပိုးေဆာင္ရြက္ေနသူေတြလည္း ျဖစ္ပါတယ္။ လင္းလင္းနဲ့ ခ်စ္သုေဝတို့က သမီးေလးေတြနာမည္နဲ့ ေခတ္သစ္ေဖာင္ေဒးရွင္းကိုတည္ေထာင္ထားျပီး အလွဴရွင္ေတြနဲ့အတူတူ လိုအပ္ေနတဲ့ေနရာေလးေတြကို ျဖည့္စြက္လွဴဒါန္းေနတာပဲ ျဖစ္ပါတယ္။ ေခတ္သစ္ေဖာင္ေဒးရွင္းက အခုလက္ရိွမွာ ကိုဗစ္ေရာဂါအတြက္ လိုအပ္တဲ့ေဆးဝါးေထာက္ပံ့မႈေတြျပဳလုပ္ေပးေနသလို မူလတန္းေက်ာင္းေဆာင္ေလးကိုလည္း လွဴဒါန္းေနတာပဲ ျဖစ္ပါတယ္။
ဒီေန့မွာေတာ့ လင္းလင္းက သူတို့လွဴဒါန္းလက္စ စာသင္ေက်ာ္ငးေလးနဲ့ပက္သတ္ျပီး “ေခတ္သစ္ေဖာင္ေဒးရွင္းက ေဆာက္လုပ္လႉဒါန္းေနတဲ့ မူလတန္းေက်ာင္းေဆာင္ေလးက မိုးတြင္း မိုးအရမ္း႐ြာတဲ့အခ်ိန္ဆို ေက်ာင္းေရွ႕မွာ ေရဝပ္ဧရိယာက ပုံမွာပါတဲ့အတိုင္း အေတာ္အေျခအေနဆိုးပါတယ္။ ေက်ာင္းေအာက္ေျခကို (၃) ေပေလာက္ျမႇင့္ေဆာက္ထားေပမယ့္ ေရဝပ္ဧရိယာေၾကာင့္ ေက်ာင္းကိုလာတဲ့ ကေလးေတြ အခက္အခဲ ျဖစ္မွာစိုးလို႔ ေက်ာင္းေရွ႕ကို ေျမဖို႔ၿပီး ကြန္ကရစ္လမ္းခင္းလႉဖို႔ ေဖာင္ေဒးရွင္းကေနဆက္လက္ေဆာင္႐ြက္ေနပါတယ္။ ေက်ာင္းအလႉ၊ လမ္းအလႉအျပင္၊ ကေလးငယ္ေလးေတြေက်ာင္းျပင္ပအခ်ိန္ ေဆာ့ကစားဖို႔ ကစားကြင္းမ်ားပါ ထပ္မံလႉဒါန္းသြားပါဦးမယ္။” ဆိုျပီး ေျပာထားပါတယ္။
လင္းလင္းနဲ့ ခ်စ္သုေဝကေတာ့ အလွဴရွင္ေတြနဲ့ စုေပါင္းျပီး အမွန္တကယ္လိုအပ္ေနတဲ့ေနရာေလးကို လွဴဒါန္းကုသိုလ္ယူေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း လင္းလင္းတို့ဇနီးေမာင္နွံနဲ့ (၇)ရက္သားသမီးအလွဴရွင္ေတြရဲ့ ကုသိုလ္ေလးကို ဝမ္းေျမာက္စြာသာဓုေခၚေပးၾကပါဦးေနာ္။
Source: Htwe Lynn Ko’s fb