ဆင်းရဲပြီး ရိုးသားတဲ့ အမေအိုနှင့် ကူညီတတ်သော မြို့နယ်အုပ်ချုပ်ရေးမှူး ဆုံကြရာဝယ်
စိတ်မနှံ့တဲ့ သမီးလေးကို လုပ်ကျွေးနေတဲ့ ဆင်းရဲသော ဒေါ်… (၇၆)နှစ်ဟာ တောင်ငူမြို့ ၊ အမှတ် (၉)ရပ်ကွက် ၊ ကျူးမှာနေထိုင်တယ်လို့ သိရပါတယ်။
အမေအိုကြီးဟာ တောင်ငူမြို့ စုပေါင်းရုံးဖြစ်သည့် တိုက်ဝါကြီးတွင် နေ့စဉ် ပြောင်းဖူးလာရောင်းချနေတာလဲဖြစ်ပါတယ်။
အမေအိုကြီး ရောင်းမကောင်းတဲ့နေ့ဆိုလျှင် မြို့နယ် အုပ်ချုပ်ရေးမှူးက အမေအိုကြီးကို စာနာ ကရုဏာသက်ပြီး လက်ကျန် ပြောင်းဖူးများကို အကုန်ဝယ်ယူထားသည့်အပြင် အမေအိုကြီးအတွက် မုန်ဖိုးပါပေးလေ့ရှိပါတယ်။
အဲ့ဒီလို ပြောင်းဖူးရောင်းမကောင်းသည့် နေ့ဆိုလျှင် အမေအိုကြီးဟာ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းအနီးမှ အမြဲထိုင်စောင့်နေတတ်ပါတယ်။
တနေ့မှာတော့ အမေအိုကြီးဟာ ကြက်မောက်သီးပြောင်းရောင်းချင်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးကို ပြောလာပါတယ်။ အဲ့ဒီလို ပြောသံကြားတာနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးဟာ ကြက်မောက်သီးရောင်းရန်အတွက် အရင်းငွေ ၃၀၀၀၀ ကျပ် ထုတ်ပေးလိုက်ပါတယ်။
အမေအိုကြီး ဆန္ဒပြည့်ပြီးဆိုတော့ ပိုက်ဆံကိုကိုင်ကာ ရေတွက်ရင်း ပြန်ဆပ်ပါ့မယ်သားရယ် ရပ်ကွက်ထဲဆို နေ့ပြန်တိုးနဲ့ချေးရတာလို့ နှုတ်ကလည်း ရေရွတ်ပြောဆိုနေစဉ် အမေကြီး ရောင်းကြည့်ပါအုံး
အဆင်မပြေလည်းပြောပါလို့ ပြန်ဆပ်စရာမလိုပါဘူးလို့ပြောပေမယ့် အမေအိုကြီးဟာ ပြန်ဆပ်မှာပါဟုသာပြောလေသည်။ အမေကြီးကြက်မောက်သီး ပြောင်းရောင်းနေဟန်တူသည် မတွေ့တော့ပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့မှ စားစရာမုန့်တွေ လာထားပေးလေ့ရှိတယ်။
ဇွန် (၁၇) ရက်နေ့မှာတော့ အမေအိုကြီး ပြန်လာပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးအဆင်းကို ထိုင်စောင့်နေပါပြီ။ လက်ထဲမှာလည်း ငွေ ၃၀၀၀၀ ကျပ် ကိုင်းထားပါပြီ။ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တွေ့တာနဲ့ အမေ
ချေးထားတဲ့ ငွေ ၃၀၀၀၀ ကျပ်လာဆပ်တာပါလို့ ပြောလေသည်။ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အမေအိုကြီးအား ငွေပြန်ပေးရန်မလိုကြောင်း အမေအိုကြီးရဲ့ ရိုးသားမှုအတွက် အသိအမှတ်ပြုကြောင်း ပြောကြားကာ အမေအိုအတွက် စားသောက်စရာများပင် ထည့်ပေးလိုက်လေသည်။
အမေအိုကြီးလည်း ပြန်ဆပ်ရန် ရည်ရွယ်ထားသည့် ငွေ၃၀၀၀၀ ကျပ်အား ကိုင်ဆောင်ကာ ပျော်ရွှင်သွားလေသည်။ (စိတ်ကျန်းမာရေးမကောင်းဖြစ်နေသော အမေအိုကြီး၏ သမီးလေးအတွက် ကုသဖို့ မြို့အုပ်ချုပ်ရေးမှူးမှ ကူညီ ကြိုးစားပေးနေကြောင်းလဲသိရသည်) ခရက်ဒစ်
Zawgyi
ဆင္းရဲၿပီး ရိုးသားတဲ့ အေမအိုႏွင့္ ကူညီတတ္ေသာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဆံုၾကရာဝယ္
စိတ္မႏွံ့တဲ့ သမီးေလးကို လုပ္ေကၽြးေနတဲ့ ဆင္းရဲေသာ ေဒၚ… (၇၆)ႏွစ္ဟာ ေတာင္ငူၿမိဳ့ ၊ အမွတ္ (၉)ရပ္ကြက္ ၊ က်ဴးမွာေနထိုင္တယ္လို့ သိရပါတယ္။
အေမအိုႀကီးဟာ ေတာင္ငူၿမိဳ့ စုေပါင္း႐ုံးျဖစ္သည့္ တိုက္ဝါႀကီးတြင္ ေန႔စဥ္ ေျပာင္းဖူးလာေရာင္းခ်ေနတာလဲျဖစ္ပါတယ္။
အေမအိုႀကီး ေရာင္းမေကာင္းတဲ့ေန႔ဆိုလၽွင္ ၿမိဳ့နယ္ အုပ္ခ်ဳပ္ေရးမွဴးက အေမအိုႀကီးကို စာနာ က႐ုဏာသက္ၿပီး လက္က်န္ ေျပာင္းဖူးမ်ားကို အကုန္ဝယ္ယူထားသည့္အျပင္ အေမအိုႀကီးအတြက္ မုန္ဖိုးပါေပးေလ့ရွိပါတယ္။
အဲ့ဒီလို ေျပာင္းဖူးေရာင္းမေကာင္းသည့္ ေန႔ဆိုလၽွင္ အေမအိုႀကီးဟာ ၿမိဳ့နယ္အုပ္ခ်ဳပ္ေရးမွူး ႐ုံးခန္းအနီးမွ အျမဲထိုင္ေစာင့္ေနတတ္ပါတယ္။
တေန႔မွာေတာ့ အေမအိုႀကီးဟာ ၾကက္ေမာက္သီးေျပာင္းေရာင္းခ်င္တယ္လို့ ၿမိဳ့နယ္အုပ္ခ်ဳပ္ေရးမွူးကို ေျပာလာပါတယ္။ အဲ့ဒီလို ေျပာသံၾကားတာနဲ႔ ၿမိဳ့နယ္အုပ္ခ်ဳပ္ေရးမွူးဟာ ျကက္ေမာက္သီးေရာင္းရန္အတြက္ အရင္းေငြ ၃၀၀၀၀ က်ပ္ ထုတ္ေပးလိုက္ပါတယ္။
အေမအိုႀကီး ဆႏၵျပည့္ၿပီးဆိုေတာ့ ပိုက္ဆံကိုကိုင္ကာ ေရတြက္ရင္း ျပန္ဆပ္ပါ့မယ္သားရယ္ ရပ္ကြက္ထဲဆို ေန႔ျပန္တိုးနဲ႔ေခ်းရတာလို့ ႏွုတ္ကလည္း ေရရြတ္ေျပာဆိုေနစဥ္ အေမႀကီး ေရာင္းၾကည့္ပါအုံး
အဆင္မေျပလည္းေျပာပါလို့ ျပန္ဆပ္စရာမလိုပါဘူးလို့ေျပာေပမယ့္ အေမအိုႀကီးဟာ ျပန္ဆပ္မွာပါဟုသာေျပာေလသည္။ အေမႀကီးၾကက္ေမာက္သီး ေျပာင္းေရာင္းေနဟန္တူသည္ မေတြ႕ေတာ့ေပမယ့္ ၿမိဳ့နယ္အုပ္ခ်ဳပ္ေရးမွူး႐ုံးေရွ႕မွ စားစရာမုန္႔ေတြ လာထားေပးေလ့ရွိတယ္။
ဇြန္ (၁၇) ရက္ေန႔မွာေတာ့ အေမအိုႀကီး ျပန္လာၿပီး ၿမိဳ့နယ္အုပ္ခ်ဳပ္ေရးမွူး ႐ုံးအဆင္းကို ထိုင္ေစာင့္ေနပါၿပီ။ လက္ထဲမွာလည္း ေငြ ၃၀၀၀၀ က်ပ္ ကိုင္းထားပါၿပီ။ ၿမိဳ့နယ္အုပ္ခ်ဳပ္ေရးမွူးနဲ႔ ေတြ႕တာနဲ႔ အေမ
ေခ်းထားတဲ့ ေငြ ၃၀၀၀၀ က်ပ္လာဆပ္တာပါလို့ ေျပာေလသည္။ ၿမိဳ့နယ္အုပ္ခ်ဳပ္ေရးမွူးမွ အေမအိုႀကီးအား ေငြျပန္ေပးရန္မလိုေၾကာင္း အေမအိုႀကီးရဲ့ ရိုးသားမွုအတြက္ အသိအမွတ္ျပဳေၾကာင္း ေျပာၾကားကာ အေမအိုအတြက္ စားေသာက္စရာမ်ားပင္ ထည့္ေပးလိုက္ေလသည္။
အေမအိုႀကီးလည္း ျပန္ဆပ္ရန္ ရည္ရြယ္ထားသည့္ ေငြ၃၀၀၀၀ က်ပ္အား ကိုင္ေဆာင္ကာ ေပ်ာ္ရႊင္သြားေလသည္။ (စိတ္က်န္းမာေရးမေကာင္းျဖစ္ေနေသာ အေမအိုႀကီး၏ သမီးေလးအတြက္ ကုသဖို့ ၿမိဳ့အုပ္ခ်ဳပ္ေရးမွဴးမွ ကူညီ ႀကိဳးစားေပးေနေၾကာင္းလဲသိရသည္) ခရက္ဒစ္