မြန်မာနိုင်ငံရဲ့ နာမည်ကြီး အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်။
စိုင်းစိုင်းကတော့ အနုပညာနဲ့ပတ်သက်ရင် ရူးသွပ်သူတစ်ဦးဖြစ်ပြီး အနုပညာ အလုပ်တွေကိုလုပ်ကိုင်ရင်း သူ့ရဲ့အချိန်တွေကို ကုန်ဆုံးနေသူပါ။
သူ့ရဲ့မွေးနေ့တိုင်းကို ချစ်တဲ့ပရိသတ်တွေနဲ့ Birthday Party ကျင်းပကာ နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိပြီး ဒီနှစ်မွေးနေ့ကိုတော့ Birthday Show ကို Bedroom လေးထဲမှာပဲ Live လွှင့်ကာ ကျင်းပခဲ့ပါတယ်။
Sai Sai Pay Applications ကနေတစ်ဆင့် Birthday Show လေးကိုကျင်းပခဲ့ပြီး ထည့်ဝင်လှူဒါန်းခဲ့တဲ့ ပရိသတ်တွေရဲ့ ရန်ပုံငွေတွေကိုလည်း နေရာ ၄ ခုခွဲပြီး လှူဒါန်းလိုက်တဲ့အကြောင်းလေးကို စိုင်းစိုင်းက ဇွန်လ ၁၈ ရက်နေ့မှာတော့ “SAISAI Birthday Show in Bedroom မှ ကောက်ခံရရှိသော အလှူငွေများမှ
နောက်ဆုံးလက်ကျန် ၄,၇၆၉,၈၆၀ ကျပ်ကို ကျွန်တော်လှူဒါန်းသော ၅,၂၃၀,၁၄၀ ကျပ်ထပ်ပေါင်း၍ သိန်း ၁၀၀ ကျပ်တိတိကို မန္တလေး Covid-19 ကိစ္စအသုံးပြုနိုင်ပါရန် လှူဒါန်းပြီးဖြစ်ပါကြောင်း တင်ပြပါတယ်။ အလှူငွေအားလုံးကို တစ်ပြားမကျန် လှူဒါန်းပြီးပါပြီခင်ဗျာ။
၄ နေရာခွဲပြီး လှူခဲ့ပါတယ်။ COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီကို သိန်း ၃၀၀၊ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနကို သိန်း ၃၀၀၊ ရန်ကုန်တိုင်း (ဖောင်ကြီးစင်တာ) ကို အသက်ရှူစက် ၁ လုံး (သိန်း ၂၀၀ ဝန်းကျင်)၊ မန္တလေးကို သိန်း ၁၀၀ ဖြစ်ပါတယ်။
ကျွန်တော့်မွေးနေ့ ဖျော်ဖြေပွဲအကြောင်းပြုပြီး ပရိသတ်များနဲ့ မိတ်ဆွေများအားလုံးရဲ့ စုပေါင်းအလှူ ဖြစ်ပါတယ်။” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။ စိုင်းစိုင်းကတော့ ပရိသတ်တွေရဲ့ ထည့်ဝင်ခဲ့တဲ့ ရန်ပုံငွေတွေကို နေရာ
၄ နေရာခွဲကာ သူ့ရဲ့ ပိုက်ဆံလေးကိုပါ ထပ်ဖြည့်ပြီးလှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်နော်။ ပရိသတ်ကြီးလည်း သိန်း ၉၀၀ နီးပါးရရှိခဲ့တဲ့ ရန်ပုံငွေတွေကို လှူဒါန်းခဲ့တဲ့ စိုင်းစိုင်းရဲ့အလှူအတွက် သာဓု ခေါ်ဆိုသွားကြပါဦးနော်။
Zawgyi
ျမန္မာနိုင္ငံရဲ႕ နာမည္ႀကီး အဆုိေတာ္ သရုပ္ေဆာင္ စိုင္းစိုင္းခမ္းလိႈင္ကိုေတာ့ ပရိသတ္ႀကီးလည္း ခ်စ္ခင္ရင္းနွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္။
စိုင္းစိုင္းကေတာ့ အနုပညာနဲ႔ပတ္သက္ရင္ ရူးသြပ္သူတစ္ဦးျဖစ္ၿပီး အနုပညာ အလုပ္ေတြကိုလုပ္ကိုင္ရင္း သူ႔ရဲ႕အခ်ိန္ေတြကို ကုန္ဆံုးေနသူပါ။
သူ႔ရဲ႕ေမြးေန႔တိုင္းကို ခ်စ္တဲ့ပရိသတ္ေတြနဲ႔ Birthday Party က်င္းပကာ နွစ္စဥ္နွစ္တိုင္း က်င္းပေလ့ရွိၿပီး ဒီနွစ္ေမြးေန႔ကိုေတာ့ Birthday Show ကုိ Bedroom ေလးထဲမွာပဲ Live လႊင့္ကာ က်င္းပခဲ့ပါတယ္။
Sai Sai Pay Applications ကေနတစ္ဆင့္ Birthday Show ေလးကိုက်င္းပခဲ့ၿပီး ထည့္ဝင္လွဴဒါန္းခဲ့တဲ့ ပရိသတ္ေတြရဲ႕ ရန္ပံုေငြေတြကိုလည္း ေနရာ ၄ ခုခြဲၿပီး လွဴဒါန္းလိုက္တဲ့အေၾကာင္းေလးကို စိုင္းစိုင္းက ဇြန္လ ၁၈ ရက္ေန႔မွာေတာ့ “SAISAI Birthday Show in Bedroom မွ ေကာက္ခံရရွိေသာ အလႉေငြမ်ားမွ
ေနာက္ဆုံးလက္က်န္ ၄,၇၆၉,၈၆၀ က်ပ္ကို ကၽြန္ေတာ္လွဴဒါန္းေသာ ၅,၂၃၀,၁၄၀ က်ပ္ထပ္ေပါင္း၍ သိန္း ၁၀၀ က်ပ္တိတိကို မႏၲေလး Covid-19 ကိစၥအသုံးျပဳႏိုင္ပါရန္ လႉဒါန္းၿပီးျဖစ္ပါေၾကာင္း တင္ျပပါတယ္။ အလႉေငြအားလုံးကို တစ္ျပားမက်န္ လႉဒါန္းၿပီးပါၿပီခင္ဗ်ာ။
၄ ေနရာခြဲၿပီး လႉခဲ့ပါတယ္။ COVID-19 ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရး ေကာ္မတီကို သိန္း ၃၀၀၊ ရန္ကုန္တိုင္း ျပည္သူ႔က်န္းမာေရးႏွင့္ ကုသေရး ဦးစီးဌာနကို သိန္း ၃၀၀၊ ရန္ကုန္တိုင္း (ေဖာင္ႀကီးစင္တာ) ကို အသက္ရႉစက္ ၁ လုံး (သိန္း ၂၀၀ ဝန္းက်င္)၊ မႏၲေလးကို သိန္း ၁၀၀ ျဖစ္ပါတယ္။
ကၽြန္ေတာ့္ေမြးေန႔ ေဖ်ာ္ေျဖပြဲအေၾကာင္းျပဳၿပီး ပရိသတ္မ်ားနဲ႔ မိတ္ေဆြမ်ားအားလုံးရဲ႕ စုေပါင္းအလႉ ျဖစ္ပါတယ္။” ဆုိၿပီး သူ႔ရဲ႕လူမႈကြန္ယက္ စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္။ စိုင္းစိုင္းကေတာ့ ပရိသတ္ေတြရဲ႕ ထည့္ဝင္ခဲ့တဲ့ ရန္ပံုေငြေတြကို ေနရာ
၄ ေနရာခြဲကာ သူ႔ရဲ႕ ပိုက္ဆံေလးကိုပါ ထပ္ျဖည့္ၿပီးလွဴဒါန္းခဲ့တာပဲ ျဖစ္ပါတယ္ေနာ္။ ပရိသတ္ႀကီးလည္း သိန္း ၉၀၀ နီးပါးရရွိခဲ့တဲ့ ရန္ပံုေငြေတြကို လွဴဒါန္းခဲ့တဲ့ စိုင္းစိုင္းရဲ႕အလွဴအတြက္ သာဓု ေခၚဆိုသြားၾကပါဦးေနာ္။