ပွေး၊ညှင်း၊တင်းတိတ်၊ဝက်ခြံဖု မပေါက်ဖူးတဲ့သူမရှိပါဘူး ပေါက်ဖူးတဲ့သူတွေပါပဲ။စိုးရိမ်စရာ ရောဂါအနာ မဟုတ်ပေမယ့် မျက်နာပေါ်မှာအပေါက်များတဲ့ ရောဂါတွေဖြစ်လို့ အလှပျက်၊မျက်နာပြရခက်ပါတယ်။
ငါးရက်အတွင်း သက်သာပျောက်ကင်းစေတဲ့ မြန်မာ့ရိုးရာလိမ်ဆေး လိမ်းကြည့်ပါ။ဆေးဖော်ဖို့ကလည်းအလွန်လွယ်ကူပါတယ်။
ဆေးနည်းမှာ-ကြက်သွန်နီဥသေးတစ်လုံးကို အခွံနွာပြီး ညက်အောင်ထောင်း ပါ။ပြီးရင် ကြွေပုဂံလုံးထဲ ထည့်ပြီး သံပရာသီးတစ်လုံးကို အရည်ညစ်ချလို့ရောဖျော်ပါ။
သင့်ရဲ့ပွေးကွက်၊ညှင်းကွက်၊တင်းတိတ်ကွက်၊ ဝက်ခြံဖုကို လိမ်းပေးပါတစ်နေ့နှစ်ကြိမ်လိမ်းပေးပါ။ညပိုင်းမှာ မျက်နာကို ရေနွေးနဲ့သန့်စင်ပြီး သနပ်ခါးအမြစ်လိမ်းပြီး အိပ်ပါ။
ငါးရက် လောက် ဆက်တိုက်လုပ်ရင် သင့်မျက်နာဟာ ကြည်လင်ရှင်းသန့်ပြီး ကျက်သရေရှိစွာ လှပနေပါလိမ့်မယ်။မယုံမရှိပါနဲ့။ လက်တွေ့ပါ။ သူငယ်ချင်း၊မိတ်ဆွေများကို ဒီဆေးနည်းလေးပေးပြီးလက်ဖက်ရည်သောက်ခဲ့ရပေါင်း များခဲ့ပြီ မို့တင်ပြလိုက်တာပါ။
Zawgyi
ေပြး၊ညွင္း၊တင္းတိတ္၊ဝက္ျခံဖု မေပါက္ဖူးတဲ့သူမရိွပါဘူး ေပါက္ဖူးတဲ့သူေတြပါပဲ။စိုးရိမ္စရာ ေရာဂါအနာ မဟုတ္ေပမယ့္ မ်က္နာေပၚမွာအေပါက္မ်ားတဲ့ ေရာဂါေတြျဖစ္လို႔ အလွပ်က္၊မ်က္နာျပရခက္ပါတယ္။
ငါးရက္အတြင္း သက္သာေပ်ာက္ကင္းေစတဲ့ ျမန္မာ့ရိုးရာလိမ္ေဆး လိမ္းၾကည့္ပါ။ေဆးေဖာ္ဖို႔ကလည္းအလြန္လြယ္ကူပါတယ္။
ေဆးနည္းမွာ-ၾကက္သြန္နီဥေသးတစ္လံုးကို အခံြႏြာျပီး ညက္ေအာင္ေထာင္း ပါ။ျပီးရင္ ေၾကြပုဂံလုံးထဲ ထည့္ျပီး သံပရာသီးတစ္လံုးကို အရည္ညစ္ခ်လို႔ေရာေဖ်ာ္ပါ။
သင့္ရဲ႕ေပြးကြက္၊ညွင္းကြက္၊တင္းတိတ္ကြက္၊ ဝက္ျခံဖုကို လိမ္းေပးပါတစ္ေန႔ႏွစ္ၾကိမ္လိမ္းေပးပါ။ညပိုင္းမွာ မ်က္နာကို ေရေႏြးနဲ႔သန္႔စင္ျပီး သနပ္ခါးအျမစ္လိမ္းျပီး အိပ္ပါ။
ငါးရက္ ေလာက္ ဆက္တိုက္လုပ္ရင္ သင့္မ်က္နာဟာ ၾကည္လင္ရွင္းသန္႔ျပီး က်က္သေရရိွစြာ လွပေနပါလိမ့္မယ္။မယံုမရိွပါနဲ႔။ လက္ေတြ႕ပါ။ သူငယ္ခ်င္း၊မိတ္ေဆြမ်ားကို ဒီေဆးနည္းေလးေပးျပီးလက္ဖက္ရည္ေသာက္ခဲ့ရေပါင္း မ်ားခဲ့ျပီ မို႔တင္ျပလိုက္တာပါ။