Knowledge

Memory Card ထဲက ပျောက်သွားတဲ့ ဓာတ်ပုံတွေဖိုင်တွေကို ပြန်ရှာဖွေနိုင်မယ့် နည်းလမ်း

Written by Aung Lay

Memory Card ထဲက ပျောက်သွားတဲ့ ဓာတ်ပုံတွေဖိုင်တွေကို ပြန်ရှာဖွေနိုင်မယ့် နည်းလမ်း

သင်ဟာ Memory Card ကို Format ချလိုက်မိလို့ပဲ ဖြစ် ဖြစ် ၊ Virus ကြောင့်ပဲဖြစ်ဖြစ် ၊ လက်လွန်ပြီး Delete လုပ်လိုက်မိလို့ပဲဖြစ်ဖြစ် သင့်ရဲ့ ကင်မရာ ထဲမှာ ရှိတဲ့ ဓါတ်ပုံတွေကို ရှာမတွေ့တော့တဲ့အခါမှာ လုံးဝ ဆုံးရှုံးသွားပြီလို့ ထင်

လိုက်မိပါလိမ့်မယ်။ Lexar နဲ့ Sandisk တံဆိပ် Memory Card တစ်ခုခုကို သင့်ကင်မရာထဲမှာ သုံးထားတာ ဆိုရင်တော့ သင်ကံကောင်းသွားပါတယ်။ ထိုပျောက်ဆုံးသွားတဲ့ ဓါတ်ပုံတွေကို ပြန်ရှာဖို့ အတွက် Card Reader တစ်ခု ၊ ကွ

န်ပျူတာ တစ်လုံးနဲ့ သင့်ရဲ့ Memory Card သာ ရှိနေဖို့ လိုပါတယ်နော် ….(၁) သင့် Memory Card ထဲက ဓါတ်ပုံတွေ ပျောက်ဆုံးသွားပြီဆိုတာ သိသိချင်း ထိုCard ထဲကို ဘာဓါတ်ပုံ မှ ထပ်မရိုက်ပါနဲ့။ ထို Card ကို ကင်မရာထဲက ချ

က်ချင်းထုတ်ထားပါ …(၂) ပြန်လည်ရှာဖွေနိုင်တဲ့ ဆော့ဖ်ဝဲ ကို ရွေးချယ်ပါ။ Windows စနစ် အတွက် Recuva ဆိုတဲ့ ဆော့ဖ်ဝဲ ကို သုံးနိုင်ပြီး Mac စနစ် အတွက် PhotoRec ဆိုတဲ့ ဆော့ဖ်ဝဲ ကိုရွေးချယ် အသုံးပြုနိုင်ပါတယ် …။(၃) သ

င်ရွေးချယ်ထားတဲ့ဆော့ဖ်ဝဲ ကို Install ပြုလုပ်ပြီး တပ်ဆင်ပါ …(၄) Window စနစ်မှာ အသုံးပြုနိုင်တဲ့ Recuva ဆော့ဖ်ဝဲ အကြောင်းနဲ့ စတင်လိုက်ပါတယ်။ သင်ရှာဖွေလိုတဲ့ ဖိုင်ကို ရွေးချယ်လိုက်တဲ့အခါ ဓါတ်ပုံတွေတင်မဟုတ်ပဲ

အခြားဖိုင်တွေကိုပါ ဆော့ဖ်ဝဲ က ရှာဖွေပေးပါလိမ့်မယ်။ Menu ကနေတဆင့် သင်ရှာဖွေလိုတဲ့ ဖိုင်ကို ရွေးချယ်ဖို့ အတွက် Card Reader ကနေတဆင့် သင့်ရဲ့ Memory Card ကိုထည့်သွင်းပါ။ ပျောက်ဆုံးနေတဲ့ ဓါတ်ပုံ ပါရှိတဲ့

Folder အားရွေးချယ်ပါ …များသောအားဖြင့် DCIM လို့ အမည်ပေးထားတဲ့ Folder ကို ရွေးချယ်ရပါလိမ့်မယ်။ Mac စနစ်မှာ သုံးနိုင်တဲ့ PhotoRec ဆော့ဖ်ဝဲကတော့ အနည်းငယ် ရှုပ်ထွေးပါတယ်။ သင်ဆော့ဖ်ဝဲကို စတင်လိုက်ပြီးတဲ့ေ

နာက်မှာ Memory Card ကို ရှာဖွေလိုတဲ့ ဖိုင်အဖြစ်ရွေးချယ်ရပါမယ်။ အဲဒီနောက် Enter ကို နှိပ်ပြီးပါက FAT16/32 အပိုင်းကို Scan ပြုလုပ်ဖို့ ထပ်မံရွေးချယ်ပြီး Enter ထပ်နှိပ်ပါ။ အဲဒီနောက် Menu ကနေတဆင့် (FAT/NTFS) ကို

ထပ်မံရွေးချယ်လိုက်ပါ။ ပြီးလျှင် “Free” ကို ရွေးချယ်ပြီး “C” ကိုနှိပ်လိုက်ပါက ပျောက်ဆုံးနေတဲ့ ဓါတ်ပုံတွေကို ရှာပေးပါ လိမ့်မယ် …(၅) Scan လုပ်ပြီး ရှာတွေ့တဲ့ ဖိုင်အမျိုးအစားကို ကြည့်ပါ။ များသောအားဖြင့် JPEG အမျိုးအစားကို ေ

တွ့နိုင်မှာပါ။ တစ်ကယ်လို့ သင်ဟာ Raw ဖိုင်တွေကို ရှာဖွေနေတယ်ဆိုရင်တော့ ထပ်မံပြုလုပ်ရ မှာတွေရှိနေပါတယ်။ Recuva မှာဆိုရင် “Switch to advanced mode” ကိုနှိပ်လိုက်ပါ။ ပြီးရင် သင့်ကင်မရာရဲ့ Raw ဖိုင်အမျိုးအစား

ကို ပေါင်းထည့်လိုက်ပါ။ ဥပမာ – .CR2, .NEF , .ARW စသဖြင့် သင့်ကင်မရာ အမျိုးအစားပေါ်မူတည်ပြီးကွဲပြားနိုင်ပါတယ်။ PhotoRec မှာဆိုရင် Main Menu ထဲမှ “FileOpts” ကိုအသုံးပြုပြီး ရှာဖွေပါ။များသောအားဖြင့် .tiff ဖိုင်အ

မျိုးအစားနဲ့သာ ရရှိနိုင်မှာ ဖြစ်ပါတယ် …(၆) Recuva မှာဆိုရင် သင်ပြန်လည် သိမ်းဆည်းထားလိုတဲ့ ဓါတ်ပုံတွေကို ရွေးချယ်လိုက်ပြီး “Recover” ကိုနှိပ်ပါ။ထိုဓါတ်ပုံတွေကို သင်သိမ်းထားလိုတဲ့ ဖိုင်ထဲသို့ထည့်သွင်းပါ။Memory Card

ထဲသို့ ပြန်လည် မထည့်သွင်းမိဖို့ အထူး သတိထားပါ။ PhotoRec မှာဆိုရင် သင်ပြန်လည်သိမ်းဆည်းလိုတဲ့ ဖိုင်နေရာကို အလွယ်တကူရွေးချယ်နိုင်မှာပဲ ဖြစ်ပါတယ်နော် …

Ref:cnet

Zawgyi

Memory Card ထဲက ေပ်ာက္သြားတဲ့ ဓာတ္ပုံေတြဖိုင္ေတြကို ျပန္ရွာေဖြနိုင္မယ့္ နည္းလမ္း

သင္ဟာ Memory Card ကို Format ခ်လိုက္မိလို႔ပဲ ျဖစ္ ျဖစ္ ၊ Virus ေၾကာင့္ပဲျဖစ္ျဖစ္ ၊ လက္လြန္ၿပီး Delete လုပ္လိုက္မိလို႔ပဲျဖစ္ျဖစ္ သင့္ရဲ့ ကင္မရာ ထဲမွာ ရွိတဲ့ ဓါတ္ပုံေတြကို ရွာမေတြ႕ေတာ့တဲ့အခါမွာ လုံးဝ ဆုံးရႈံးသြားၿပီလို႔ ထင္

လိုက္မိပါလိမ့္မယ္။ Lexar နဲ႔ Sandisk တံဆိပ္ Memory Card တစ္ခုခုကို သင့္ကင္မရာထဲမွာ သုံးထားတာ ဆိုရင္ေတာ့ သင္ကံေကာင္းသြားပါတယ္။ ထိုေပ်ာက္ဆုံးသြားတဲ့ ဓါတ္ပုံေတြကို ျပန္ရွာဖို႔ အတြက္ Card Reader တစ္ခု ၊ ကြ

န္ပ်ဴတာ တစ္လုံးနဲ႔ သင့္ရဲ့ Memory Card သာ ရွိေနဖို႔ လိုပါတယ္ေနာ္ ….(၁) သင့္ Memory Card ထဲက ဓါတ္ပုံေတြ ေပ်ာက္ဆုံးသြားၿပီဆိုတာ သိသိခ်င္း ထိုCard ထဲကို ဘာဓါတ္ပုံ မွ ထပ္မရိုက္ပါနဲ႔။ ထို Card ကို ကင္မရာထဲက ခ်

က္ခ်င္းထုတ္ထားပါ …(၂) ျပန္လည္ရွာေဖြနိုင္တဲ့ ေဆာ့ဖ္ဝဲ ကို ေရြးခ်ယ္ပါ။ Windows စနစ္ အတြက္ Recuva ဆိုတဲ့ ေဆာ့ဖ္ဝဲ ကို သုံးနိုင္ၿပီး Mac စနစ္ အတြက္ PhotoRec ဆိုတဲ့ ေဆာ့ဖ္ဝဲ ကိုေရြးခ်ယ္ အသုံးျပဳနိုင္ပါတယ္ …။(၃) သ

င္ေရြးခ်ယ္ထားတဲ့ေဆာ့ဖ္ဝဲ ကို Install ျပဳလုပ္ၿပီး တပ္ဆင္ပါ …(၄) Window စနစ္မွာ အသုံးျပဳနိုင္တဲ့ Recuva ေဆာ့ဖ္ဝဲ အေၾကာင္းနဲ႔ စတင္လိုက္ပါတယ္။ သင္ရွာေဖြလိုတဲ့ ဖိုင္ကို ေရြးခ်ယ္လိုက္တဲ့အခါ ဓါတ္ပုံေတြတင္မဟုတ္ပဲ

အျခားဖိုင္ေတြကိုပါ ေဆာ့ဖ္ဝဲ က ရွာေဖြေပးပါလိမ့္မယ္။ Menu ကေနတဆင့္ သင္ရွာေဖြလိုတဲ့ ဖိုင္ကို ေရြးခ်ယ္ဖို႔ အတြက္ Card Reader ကေနတဆင့္ သင့္ရဲ့ Memory Card ကိုထည့္သြင္းပါ။ ေပ်ာက္ဆုံးေနတဲ့ ဓါတ္ပုံ ပါရွိတဲ့

Folder အားေရြးခ်ယ္ပါ …မ်ားေသာအားျဖင့္ DCIM လို႔ အမည္ေပးထားတဲ့ Folder ကို ေရြးခ်ယ္ရပါလိမ့္မယ္။ Mac စနစ္မွာ သုံးနိုင္တဲ့ PhotoRec ေဆာ့ဖ္ဝဲကေတာ့ အနည္းငယ္ ရႈပ္ေထြးပါတယ္။ သင္ေဆာ့ဖ္ဝဲကို စတင္လိုက္ၿပီးတဲ့ေ

နာက္မွာ Memory Card ကို ရွာေဖြလိုတဲ့ ဖိုင္အျဖစ္ေရြးခ်ယ္ရပါမယ္။ အဲဒီေနာက္ Enter ကို ႏွိပ္ၿပီးပါက FAT16/32 အပိုင္းကို Scan ျပဳလုပ္ဖို႔ ထပ္မံေရြးခ်ယ္ၿပီး Enter ထပ္ႏွိပ္ပါ။ အဲဒီေနာက္ Menu ကေနတဆင့္ (FAT/NTFS) ကို

ထပ္မံေရြးခ်ယ္လိုက္ပါ။ ၿပီးလၽွင္ “Free” ကို ေရြးခ်ယ္ၿပီး “C” ကိုႏွိပ္လိုက္ပါက ေပ်ာက္ဆုံးေနတဲ့ ဓါတ္ပုံေတြကို ရွာေပးပါ လိမ့္မယ္ …(၅) Scan လုပ္ၿပီး ရွာေတြ႕တဲ့ ဖိုင္အမ်ိဳးအစားကို ၾကည့္ပါ။ မ်ားေသာအားျဖင့္ JPEG အမ်ိဳးအစားကို ေ

တြ႕နိုင္မွာပါ။ တစ္ကယ္လို႔ သင္ဟာ Raw ဖိုင္ေတြကို ရွာေဖြေနတယ္ဆိုရင္ေတာ့ ထပ္မံျပဳလုပ္ရ မွာေတြရွိေနပါတယ္။ Recuva မွာဆိုရင္ “Switch to advanced mode” ကိုႏွိပ္လိုက္ပါ။ ၿပီးရင္ သင့္ကင္မရာရဲ့ Raw ဖိုင္အမ်ိဳးအစား

ကို ေပါင္းထည့္လိုက္ပါ။ ဥပမာ – .CR2, .NEF , .ARW စသျဖင့္ သင့္ကင္မရာ အမ်ိဳးအစားေပၚမူတည္ၿပီးကြဲျပားနိုင္ပါတယ္။ PhotoRec မွာဆိုရင္ Main Menu ထဲမွ “FileOpts” ကိုအသုံးျပဳၿပီး ရွာေဖြပါ။မ်ားေသာအားျဖင့္ .tiff ဖိုင္အ

မ်ိဳးအစားနဲ႔သာ ရရွိနိုင္မွာ ျဖစ္ပါတယ္ …(၆) Recuva မွာဆိုရင္ သင္ျပန္လည္ သိမ္းဆည္းထားလိုတဲ့ ဓါတ္ပုံေတြကို ေရြးခ်ယ္လိုက္ၿပီး “Recover” ကိုႏွိပ္ပါ။ထိုဓါတ္ပုံေတြကို သင္သိမ္းထားလိုတဲ့ ဖိုင္ထဲသို႔ထည့္သြင္းပါ။Memory Card

ထဲသို႔ ျပန္လည္ မထည့္သြင္းမိဖို႔ အထူး သတိထားပါ။ PhotoRec မွာဆိုရင္ သင္ျပန္လည္သိမ္းဆည္းလိုတဲ့ ဖိုင္ေနရာကို အလြယ္တကူေရြးခ်ယ္နိုင္မွာပဲ ျဖစ္ပါတယ္ေနာ္ …

Ref:cnet

About the author

Aung Lay

Leave a Comment