Cele News
အမေစု အတွက် အားကျဖွယ် မွေးနေ့ဆုတောင်းပေး လိုက် တဲ့ ရေပက္ကာဝင်း.
Written by Aung Lay
အမေစု အတွက် အားကျဖွယ် မွေးနေ့ဆုတောင်းပေး လိုက် တဲ့ ရေပက္ကာဝင်း.
ဒီကနေ့ ဇွန်လ (၁၉) ရက်နေ့ကတော့ တစ်နိုင်လုံးကပြည်သူတွေက လေးစားယုံကြည်အားထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၇၅)နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။
အမေစုအတွက် တစ်နိုင်ငံလုံးက သားသမီးတွေက မွေးနေ့ဆုမွန်ကောင်း တောင်းပေးနေကြသလို အနုပညာရှင်တွေကလည်း အမှတ်တရတွေနဲ့အတူတူ
မွေးနေ့ဆုတောင်းတောင်းပေးနေလျက်ရှိပါတယ်။ အဆိုတော် ရေဗက္ကာဝင်းကလည်း မွေးမိခင်နဲ့ တစ်ဂိုဏ်းတည်းထားရတဲ့ စံပြမိခင် ဒေါ်အောင်ဆန်းစုကြည်အတွက် အခုလိုပဲ မွေးနေ့ဆုတောင်းတောင်းပေးထားပါတယ်။
“Happy birthday Aunty Su
ဘဝမှာ မွေးသမိခင်ရယ် အတုယူအားကျရတဲ့ စံပြမိခင်ရယ် နှစ်ဉီးရှိပါတယ်။ မွေးသမိခင်က လောကကြီးမှာ လူဖြစ်ခွင့်ပေးပြီး ဘဝအတွက်တတ်အပ်တဲ့ အတန်းပညာ အသိပညာတွေကို သင်ပြပေးတယ်။ စံပြမိခင်ကတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် စွန့်လွှတ်အနစ်နာခံမှုတွေ ဉာဏ်ပညာကြီး
မားပြီး မေတ္တာတရားထားနိုင်မှု‌တွေ ပြဿနာအခက်အခဲတွေကို အပြုံးမပျက်ရင်ဆိုင်နိုင်ပြီး ခိုင်မာတဲ့စိတ်ဓာတ် မလျှော့သောဇွဲလုံ့လတွေအတွက် ပြည်သူရဲ့ ချစ်ခင်လေးစားအားကျမှုတွေနဲ့အတူ တစ်နိုင်ငံလုံးကို သင်ပြပေးနေတယ်။ အမေစု အသက်ရှည်ကျန်းမာပါ‌စေ
ပြည်သူတွေကိုဆက်လက်ဦးဆောင်လမ်းပြနိုင်ပါစေ” ဆိုပြီး ဆုတောင်းပေးထားပါတယ်။
ရေဗက္ကာဝင်းကတော့ သူမရဲ့ စံပြမိခင်တစ်ယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းပေးထားတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ေကျေးဇူးအထူးတင်ရှိပါတယ်။
Source: Ma May Hnin Nu’s fb
Zawgyi
About the author
Aung Lay
Leave a Comment