News

ကျောင်းများ ဖွင့်လှစ်ခွင့်ပြုသော်လည်း ပြင်ပကျူရှင် နှင့် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်းများ ဖွင့်လှစ်ခွင့်မပြုသေးဘူးတဲ့

Written by Aung Lay

အခြေခံပညာ ဦးစီးဌာန လက်အောက်ရှိ နဝမတန်းနှင့် ဒသမတန်းများကို လာမည့် ဇူလိုင်လ၂၁ရက်နေ့တွင် စတင်ဖွင့် လှစ်ပေး မည်ဖြစ်ပြီး သော်လည်း ပြင်ပကျူရှင် နှင့်

ကိုယ်ပိုင် ဘာသာရပ် သင်သင်တန်းကျောင်းများ ဖွင့်လှစ်ခွင့် ပြုထားခြင်း မရှိသေး ကြောင်း အခြေခံ ပညာဦးစီး ဌာနမှ သိရသည်။

“ ကျူရှင်က ဖွင့်ခွင့် မရှိဘူး။ အပြင်ကျူရှင်ကော၊ ကိုယ်ပိုင် ဘာသာရပ်သင် သင်တန်းတွေက အခု ဖြေလျော့တဲ့ အထဲမှာ မပါ သေး ဘူး” ဟု အခြေခံပညာ ဦးစီး ဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက NEWS watch သို့ပြောသည်။

Covid-19 ကာကွယ် ထိန်းချုပ်ရေး ကော်မတီ\ ဖြေလျော့ ထားမှုတွင် အခြေခံပညာကျောင်းများ ၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်း တော် ကြီးတင် ပညာရေးကျောင်း စသည့် ၃ခုသာ ဖွင့်လှစ် ရန်ပါ ရှိပြီး ဘာသာရပ်သင် ကိုယ်ပိုင် သင်တန်းများ မပါသေးကြောင်း သိရ သည်။

ကျောင်းများ ဖွင့်လှစ်ခွင့်ပြုသော်လည်း ပြင်ပကျူရှင် နှင့် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်းများ ဖွင့်လှစ်ခွင့်မပြုသေးဘူးတဲ့

“ ကျူရှင်တွေ ကိုယ်ပိုင် ဘာသာရပ်သင် ကျောင်းတွေ မပါသေး ဘူး။ အဲဒါ တွေက ဖွင့်ခွင့် လောလောဆယ် မပါ သေးဘူး” ဟု ဦးကိုလေးဝင်းက ပြော သည်။

ထိုသို့ ဖွင့်လှစ်ခွင့် မပြုသေးကြောင်းကိုလည်း ညွှန်ကြား ထားသည့် အတွက် ယင်းညွှန်ကြားချက်ကို လိုက်နာ ဆောင် ရွက်ခြင်းမ ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ကျောင်းများ ဖွင့်လှစ်ခွင့်ပြုသော်လည်း ပြင်ပကျူရှင် နှင့် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်းများ ဖွင့်လှစ်ခွင့်မပြုသေးဘူးတဲ့

“ ဖွင့်ရင်တော့ အရေးယူခံရ မှာပေါ့။ မဖွင့်နဲ့ဆိုတာ ဖွင့်ရင် အရေးယူ ခံရ မှာလေ” ဟု ဦးကိုလေးဝင်းက ပြောသည်။

Covid-19ရောဂါကြောင့် မြန်မာနိုင်ငံတွင် အခြေခံ ပညာဦးစီးဌာန လက်အောက်ရှိ နဝမတန်းနှင့်တက္ကသိုလ်ဝင် တန်း များကို ပုံမှန် ကာလထက် ( ၅၁ )ရက်နောက်ကျပြီးမှသာ ပြန်လည်

ဖွင့်လှစ် ခွင့် ပြုခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ဒုတိယ အ ပတ်တွင် တက္ကသိုလ် ဝင်တန်းနှင့် နဝမတန်း ကိုကျောင်းအ ပ်နှံရေးလုပ် ငန်းများလုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရ သည်။

မိုးသောက်(ဒဂုံ)

Zawgyi












မိုးသောက်(ဒဂုံ)

About the author

Aung Lay

Leave a Comment