Cele News

အမေ စု အတွက် အား မကိုးရ တဲ့သမီးဖြစ်ခဲ့ တဲ့အကြောင်းပြောပြ လာ တဲ့ ချစ် သုဝေ

Written by Aung Lay

အမေ စု အတွက် အား မကိုးရ တဲ့သမီးဖြစ်ခဲ့ တဲ့အကြောင်းပြောပြ လာ တဲ့ ချစ် သုဝေ

ပရိသ တ်တွေအားလုံးချစ်ခင်ရတဲ့ သရုပ်ဆောင် အဆိုတော် ချစ်သုဝေကတော့ သူမ ချစ်တဲ့အနုပညာအလုပ်တွေကိုလုပ်ရင်း မိသားစုဘဝလေးတခုကိုပိုင်ဆိုင်ပြီး အေးချမ်းတဲ့ဘဝလေးကိုလျှောက်လှမ်းနေသူလေးပါ ။ အမေစုကို ချစ်ကြတဲ့ ပြည်သူတွေထဲမှာ ချစ်သုဝေလည်း တစ်ယောက်အပါဝင်လို့တောင်ဆိုရမှာပါ ။

ဒီနေ့မှာကျရောက်တဲ့ အမေစုရဲ့ (၇၅) နှစ်ပြည့်မွေးနေ့ လေးမှာ အမေစု စိတ်နှလုံး အေးမြစွာ မျော်မှန်းသမျှ ပြီးပြည့်စုံပါစေ အနီးအဝေးမှ အန္တရာယ်အပေါင်းလည်း ကင်းဝေးပါစေ..အမြဲတန်ဖိုးထားချစ်မြတ်နိုးစွာ တတ်သည့်နေရာစွမ်းသည့်နေရာမှလည်းအမြဲပါရမီဖြည့်နိုင်ရပါစေ!!စိတ်ရောကိုယ်ရောအနှောင့်အယှက်ကင်းစေချင်မိတာပါပဲ..အမေဖြစ်ချင်တဲ့ ဆန္ဒတွေအမြန်ပြီးပြည့်စုံလို့ တိုင်ချီဒိုလေးနဲ့ အပင်လေးတွေစိုက် ပန်းချီလေးတွေဆွဲ ကွတ်ကီးလေးတွေဖုတ်…အဲ့လိုလေးပဲကိုနေစေချင်မိတော့တာ ဆိုတဲ့ သူမရဲ့ ဆန္ဒလေးကိုလည်း လူမှုကွန်ရက်စာမျက်နှာကနေ တဆင့်ရေးသားခဲ့ပါသေးတယ် ။

ဒါအပြင် အားမကိုးရတဲ့သမီးတော့ဖြစ်ခဲ့တာပါပဲ ကလေးနှစ်ယောက်နဲ့ဘဝကို ပိုအလေးပေးထားမိလေတော့ ပုံလေးတွေကြည့်တိုင်းရင်ထဲနွေးနေတုန်းဆိုတဲ့ စာသားလေးနဲ့အတူ အမေစုနဲ့တွဲရိုက်ထားတဲ့ သူမရဲ့ အမှတ်တရပုံလေးကိုလည်း မိုင်ဒေးမှာ မျှဝေပေးထားပါသေးတယ် ။

Source : Chit Thu Wai

Zawgyi





Source : Chit Thu Wai

About the author

Aung Lay

Leave a Comment