Knowledge
အခုတလော လူမှု့ကွန်ယက်မှာ ခေတ်စားနေတဲ့ Face App သုံးရင် ကိုယ့်ဆီက ဘာတွေပါသွားလဲ..?
Written by Aung Lay
FaceApp သုံးရင် ကိုယ့်ဆီက ဘာတွေပါသွားလဲ ? ?
ပထမဆုံး သူက သင့်ရဲ့ friend list ကိုယူပါတယ်။ ပြီးရင် ဖုန်း နဲ့ ကွန်ပျူတာ အမျိုးအစား model IP address စတာတွေအပြင်၊ ဘယ် website တွေဝင်ကြည့်ထားလဲ အွန်လိုင်းမှာ ဘာတွေ လုပ်နေလဲ ဆိုတဲ့
သတင်းအချက်အလက်တွေကို ယူသွားပါမယ်။ ဖုန်းထဲကို App တခုသွင်းရင် install လုပ်တဲ့အခါ yes I agree ဆိုပြီး ဘာမှ မဖတ်ပဲ မသွင်းလိုက်ပါနဲ့ ။ သူ့ စာချုပ် (terms and condition အောက်ကပုံမှာ)
အတိအလင်း ရေးထားပါတယ်။ yes I agree ဆိုရင် သူ့ကို လိုချင်တာ ယူပါလို့ ကတိပေးလိုက်ရတာပါ။
သူက သင့်ဆီက သတင်းအချက်အလက်တွေကို အွန်လိုင်း ဈေးရောင်းတဲ့ သူတွေဆီ ပြန်ပေးပြီး ဝင်ငွေရှာပါတယ်။ ဥပမာ သင်က “မင်္ဂလာဆောင်မှာ ဘာဝတ်ရမလဲ ၈၃၄ တို့” ဆိုပြီး စာတကြောင်းရေးလိုက်တာနဲ့ ၊
သင်နဲ့ သင့်သူငယ်ချင်း Facebook တွေမှာ အဝတ်အစားရောင်းတဲ့ ကြော်ငြာတွေ တန်းစီ တက်လာပါတော့တယ်။ သတင်းအချက်အလက်တွေကို အခြားနေရာမှာ အသုံးချမှုတွေလဲ ရှိနိုင်ပါသေးတယ်။
သင်က app စသွင်းထားထဲက ငါ့အချက်အလက်တွေကို လိုသလိုသုံးပါတော့လို့ ကတိပေးထားပြီးသား ဖြစ်နေပါပြီ။ FaceApp တခုထဲ မဟုတ်ပါ အခြားသော အလကားရတဲ့ software တိုင်း ဒီလိုလုပ်တတ်ကြပါတယ်။
သုံးစွဲသူ သူငယ်ချင်းများ အားလုံး သိရှိစေချင်ရုံသက်သက်ပါ…
Zawgyi
About the author
Aung Lay
Leave a Comment