ၾကားသိရသမ်ွ

ဂျာမန်နဲ့ အမေရိကန် ကုမ္ပဏီနှစ်ခုရဲ့ COVID-19 ကာကွယ်ဆေး ယခု နှစ်ကုန်မှာ ၁၀ သန်းမှ သန်း ၂၀ ထုတ်ရန်ရည်ရွယ်

Written by Aung Lay

အလားအလာရွိတဲ့ စမ္းသပ္အဆင့္ COVID-19 ကာကြယ္ေဆးကို လူေတြမွာစမ္းသပ္မႈ စတင္ေနၿပီျဖစ္ပါတယ္။ဂ်ာမနီ ဇီဝနည္းပညာကုမၸဏီ BioNTech နဲ႔ အေမရိကန္ ေဆးဝါးကုမၸဏီႀကီး Pfizer တို႔ ပူးေပါင္းထုတ္လုပ္ထားၿပီး အလားအလာရွိတဲ့ စမ္းသပ္အဆင့္ COVID-19 ကာကြယ္ေဆးကို လူေတြမွာစမ္းသပ္မႈ စတင္ေနၿပီျဖစ္ၿပီး ယခုႏွစ္ကုန္ပိုင္းအေရာက္မွာ လူဦးေရ သန္းနဲ႔ခ်ီ ကာကြယ္ေဆးရရွိႏိုင္မယ္လို႔ ကုမၸဏီႏွစ္ခုက ေျပာပါတယ္။

Pfizer ရဲ႕ အဆိုအရ လာမယ့္ သီတင္းပတ္အတြင္း အေမရိကန္မွာ ၎တို႔ရဲ႕ ကာကြယ္ေဆးကို စတင္စမ္းသပ္သြားမွာျဖစ္ၿပီး အေရးေပၚသုံးရန္အတြက္ လာမယ့္ ေဆာင္းဦးရာသီမွာ အသင့္ျဖစ္ႏိုင္ေၾကာင္း Wall Street Journal က အဂၤါေန႔ (ဧၿပီ ၂၈ ရက္) မွာ ေဖာ္ျပခဲ့ပါတယ္။ဂ်ာမနီႏိုင္ငံ မိန႔္ဇ္ၿမိဳ႕အေျခစိုက္ BioNTech ကုမၸဏီက BNT162 လို႔ အမည္ေပးထားတဲ့ COVID-19 ကာကြယ္ေဆးကို ဧၿပီ ၂၃ ရက္ေန႔ကတည္းက ဂ်ာမနီမွာ ထိုးႏွံစမ္းသပ္မႈ စတင္ခဲ့ေၾကာင္းလည္း သိရပါတယ္။ လက္ရွိအခ်ိန္အထိေတာ့ BioNTech နဲ႔ Pfizer တို႔ရဲ႕ COVID-19 ကာကြယ္ေဆး စမ္းသပ္မႈရလဒ္ေတြကို မသိရေသးပါဘူး။

BioNTech က အသက္ ၁၈ ႏွစ္မွ ၅၅ ႏွစ္ၾကားရွိ က်န္းမာေရးေကာင္းမြန္ၿပီး မိမိတို႔သေဘာဆႏၵအေလ်ာက္ အစမ္းသပ္ခံသူ ၂၀၀ ခန႔္ကို COVID-19 ကာကြယ္ေဆး ထိုးႏွံေပးသြားမယ္လို႔ ေျပာထားပါတယ္။ BioNTech နဲ႔ Pfizer တို႔က BNT162 ကာကြယ္ေဆးကို အေမရိကန္မွာ စမ္းသပ္ႏိုင္ရန္ FDA ထံမွ ခြင့္ျပဳခ်က္ရရွိေရး ေဆာင္႐ြက္ေနၿပီး မၾကာမီ ရရွိသြားမယ္လို႔ ကုမၸဏီႏွစ္ခုရဲ႕ ပူးတြဲထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဂ်ာမနီႏိုင္ငံမွာေတာ့ လူေတြကို BNT162 ကာကြယ္ေဆး ထိုးႏွံစမ္းသပ္ရန္ ဧၿပီ ၂၂ ရက္ေန႔က ခြင့္ျပဳခဲ့တာ ျဖစ္ပါတယ္။ ယခုႏွစ္ကုန္အေရာက္မွာ COVID-19 ကာကြယ္ေဆး ၁၀ သန္းမွ သန္း ၂၀ ၾကား ထုတ္လုပ္သြားရန္ ရည္႐ြယ္ထားတယ္လို႔ Pfizer က ဆိုပါတယ္။

ထိုအေတာအတြင္း COVID-19 ကာကြယ္ေဆးေတြနဲ႔ ဆက္စပ္တဲ့ အျခား သတင္းတစ္ရပ္အရ ၿဗိတိန္ႏိုင္ငံမွာ လူေတြကို စတင္ထိုးႏွံ စမ္းသပ္ေနတဲ့ ChAdOx1 nCoV-19 ကာကြယ္ေဆး အေျမာက္အျမားထုတ္လုပ္ရန္ AstraZeneca ေဆးဝါးကုမၸဏီက ဧၿပီ ၃၀ ရက္ေန႔မွာ သေဘာတူညီမႈရရွိခဲ့ေၾကာင္း သိရပါတယ္။ ၿဗိတိန္မွာ စမ္းသပ္ေနတဲ့ အဆိုပါ COVID-19 ကာကြယ္ေဆးကို ေအာက္စ္ဖို႔တကၠသိုလ္မွ သိပၸံပညာရွင္အဖြဲ႕က ထုတ္လုပ္ခဲ့ၾကတာျဖစ္ၿပီး ဧၿပီ ၂၃ ရက္ေန႔က လူေတြမွာ ထိုးႏွံစမ္းသပ္မႈ စတင္ခဲ့ပါတယ္။

ယေန႔ (ေမ ၁ ရက္) မနက္အေစာပိုင္း စာရင္းေတြအရ ကမာၻတစ္ဝွမ္းမွာ ကူးစက္ခံရသူ ၃ သန္းေက်ာ္၊ ေသဆုံးသူ ၂ သိန္းေက်ာ္နဲ႔ ျပန္လည္သက္သာသူ ၁ သန္းေက်ာ္ရွိခဲ့တဲ့ COVID-19 ကပ္ေရာဂါအတြက္ လက္ရွိအခ်ိန္အထိ အတည္ျပဳထားတဲ့ ကာကြယ္ေဆးနဲ႔ ကုသေဆး မရွိေသးပါဘူး။ ကမာၻတစ္ဝွမ္းမွ သိပၸံပညာရွင္ေတြ၊ အဖြဲ႕အစည္းနဲ႔ ကုမၸဏီေတြကေတာ့ COVID-19 ကာကြယ္ေဆးနဲ႔ ကုသေဆး ရရွိႏိုင္ရန္ အပတ္တကုတ္ ႀကိဳးပမ္းလုပ္ေဆာင္ေနၾကပါတယ္။

Unicode

အလားအလာရှိတဲ့ စမ်းသပ်အဆင့် COVID-19 ကာကွယ်ဆေးကို လူတွေမှာစမ်းသပ်မှု စတင်နေပြီဖြစ်ပါတယ်။ဂျာမနီ ဇီဝနည်းပညာကုမ္ပဏီ BioNTech နဲ့ အမေရိကန် ဆေးဝါးကုမ္ပဏီကြီး Pfizer တို့ ပူးပေါင်းထုတ်လုပ်ထားပြီး အလားအလာရှိတဲ့ စမ်းသပ်အဆင့် COVID-19 ကာကွယ်ဆေးကို လူတွေမှာစမ်းသပ်မှု စတင်နေပြီဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းအရောက်မှာ လူဦးရေ သန်းနဲ့ချီ ကာကွယ်ဆေးရရှိနိုင်မယ်လို့ ကုမ္ပဏီနှစ်ခုက ပြောပါတယ်။

Pfizer ရဲ့ အဆိုအရ လာမယ့် သီတင်းပတ်အတွင်း အမေရိကန်မှာ ၎င်းတို့ရဲ့ ကာကွယ်ဆေးကို စတင်စမ်းသပ်သွားမှာဖြစ်ပြီး အရေးပေါ်သုံးရန်အတွက် လာမယ့် ဆောင်းဦးရာသီမှာ အသင့်ဖြစ်နိုင်ကြောင်း Wall Street Journal က အင်္ဂါနေ့ (ဧပြီ ၂၈ ရက်) မှာ ဖော်ပြခဲ့ပါတယ်။ဂျာမနီနိုင်ငံ မိန့်ဇ်မြို့အခြေစိုက် BioNTech ကုမ္ပဏီက BNT162 လို့ အမည်ပေးထားတဲ့ COVID-19 ကာကွယ်ဆေးကို ဧပြီ ၂၃ ရက်နေ့ကတည်းက ဂျာမနီမှာ ထိုးနှံစမ်းသပ်မှု စတင်ခဲ့ကြောင်းလည်း သိရပါတယ်။ လက်ရှိအချိန်အထိတော့ BioNTech နဲ့ Pfizer တို့ရဲ့ COVID-19 ကာကွယ်ဆေး စမ်းသပ်မှုရလဒ်တွေကို မသိရသေးပါဘူး။

BioNTech က အသက် ၁၈ နှစ်မှ ၅၅ နှစ်ကြားရှိ ကျန်းမာရေးကောင်းမွန်ပြီး မိမိတို့သဘောဆန္ဒအလျောက် အစမ်းသပ်ခံသူ ၂၀၀ ခန့်ကို COVID-19 ကာကွယ်ဆေး ထိုးနှံပေးသွားမယ်လို့ ပြောထားပါတယ်။ BioNTech နဲ့ Pfizer တို့က BNT162 ကာကွယ်ဆေးကို အမေရိကန်မှာ စမ်းသပ်နိုင်ရန် FDA ထံမှ ခွင့်ပြုချက်ရရှိရေး ဆောင်ရွက်နေပြီး မကြာမီ ရရှိသွားမယ်လို့ ကုမ္ပဏီနှစ်ခုရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂျာမနီနိုင်ငံမှာတော့ လူတွေကို BNT162 ကာကွယ်ဆေး ထိုးနှံစမ်းသပ်ရန် ဧပြီ ၂၂ ရက်နေ့က ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ်ကုန်အရောက်မှာ COVID-19 ကာကွယ်ဆေး ၁၀ သန်းမှ သန်း ၂၀ ကြား ထုတ်လုပ်သွားရန် ရည်ရွယ်ထားတယ်လို့ Pfizer က ဆိုပါတယ်။

ထိုအတောအတွင်း COVID-19 ကာကွယ်ဆေးတွေနဲ့ ဆက်စပ်တဲ့ အခြား သတင်းတစ်ရပ်အရ ဗြိတိန်နိုင်ငံမှာ လူတွေကို စတင်ထိုးနှံ စမ်းသပ်နေတဲ့ ChAdOx1 nCoV-19 ကာကွယ်ဆေး အမြောက်အမြားထုတ်လုပ်ရန် AstraZeneca ဆေးဝါးကုမ္ပဏီက ဧပြီ ၃၀ ရက်နေ့မှာ သဘောတူညီမှုရရှိခဲ့ကြောင်း သိရပါတယ်။ ဗြိတိန်မှာ စမ်းသပ်နေတဲ့ အဆိုပါ COVID-19 ကာကွယ်ဆေးကို အောက်စ်ဖို့တက္ကသိုလ်မှ သိပ္ပံပညာရှင်အဖွဲ့က ထုတ်လုပ်ခဲ့ကြတာဖြစ်ပြီး ဧပြီ ၂၃ ရက်နေ့က လူတွေမှာ ထိုးနှံစမ်းသပ်မှု စတင်ခဲ့ပါတယ်။

ယနေ့ (မေ ၁ ရက်) မနက်အစောပိုင်း စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ ကူးစက်ခံရသူ ၃ သန်းကျော်၊ သေဆုံးသူ ၂ သိန်းကျော်နဲ့ ပြန်လည်သက်သာသူ ၁ သန်းကျော်ရှိခဲ့တဲ့ COVID-19 ကပ်ရောဂါအတွက် လက်ရှိအချိန်အထိ အတည်ပြုထားတဲ့ ကာကွယ်ဆေးနဲ့ ကုသဆေး မရှိသေးပါဘူး။ ကမ္ဘာတစ်ဝှမ်းမှ သိပ္ပံပညာရှင်တွေ၊ အဖွဲ့အစည်းနဲ့ ကုမ္ပဏီတွေကတော့ COVID-19 ကာကွယ်ဆေးနဲ့ ကုသဆေး ရရှိနိုင်ရန် အပတ်တကုတ် ကြိုးပမ်းလုပ်ဆောင်နေကြပါတယ်။

About the author

Aung Lay

Leave a Comment