Cele News

အလှမယ် အဖြစ် ရပ်တည် မယ် ဆို တဲ့ ငြိမ်းမြတ် သူ ရဲ့ စကား ကို ဒဲ့ဝေဖန် ဖြေရှင်းလိုက်တဲ့ အလှမယ် အမရာငြိမ်း

Written by Aung Lay

အလှမယ် အဖြစ် ရပ်တည် မယ် ဆို တဲ့ ငြိမ်းမြတ် သူ ရဲ့ စကား ကို ဒဲ့ဝေဖန် ဖြေရှင်းလိုက်တဲ့ အလှမယ် အမရာငြိမ်း

အ လှမယ် အမရာငြိမ်းကတော့ ၂၀၁၅ ခုနှစ်ရဲ့ Miss Myanmar International ဆုကို ရရှိခဲ့ပြီး အလှမယ်ဆိုင်ရာ ပြိုင်ပွဲများကိုလည်း ဝင်ပြိုင်ခဲ့ကာ ဆုများစွာကိုလည်း ရရှိပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ အိမ်ထောင်ကျသွားပြီး နောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေနဲ့ ဝေးကွာခဲ့ပေမဲ့ အရင်လို လှပနေဆဲ အလှမယ်တစ်ဦးပါနော်။

Tik Tok ကစားရင်း နာမည်ကြီး လူကြိုက်များလာတဲ့ ငြိမ်းမြတ်သူကတော့ အင်တာဗျူးတစ်ခုမှာ သူဟာ အလှမယ်တစ်ယောက်အဖြစ် ရပ်တည်သွားမယ်လို့ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။ အခုလို အလှမယ် တစ်ယောက်အဖြစ် ရပ်တည်မယ်ဆိုတဲ့ စကားအပေါ် အမရာငြိမ်းက အခုလိုပဲ ဝေဖန်ထောက်ပြခဲ့တာ ဖြစ်ပါတယ်။

” “အလှမယ်” ဆိုတဲ့ ကိုယ်အင်မတန် တန်ဖိုးထားရသော၊ ဂုဏ်ယူမြတ်နိုးမဆုံးဖြစ်ခဲ့ရသောအရာဟာ ဒီလောက်ထိတန်ဖိုးလျော့ကျသွားတာလား? 😢တခါမှ Facebook Cele၊ Tiktok Cele တွေကို မဝေဖန်ခဲ့ မတိုက်ခိုက်ခဲ့ဘူးပါ….မနာလိုဖို့လည်း အဝေးကြီးပါ….ဒါပေမယ့် ဒီတစ်ခါတော့ ကိုယ်တန်ဖိုးထားရသောအရာကို ထိခိုက်လာလို့ ရင်ထဲတော်တော်မကောင်းလို့ ပြောမိတာပါ 😔 “အလှမယ်” ဆိုတာ ဘယ်လိုလူမျိုးတွေကိုသတ်မှတ်သလဲ? အလှတစ်ခုထဲလား? လူအများကြားမှာ ပေါ်လွင်ထင်ရှားနေတတ်တာ တစ်ခုထဲလား? ဉာဏ်ပညာနဲ့ပြည့်စုံတာ တစ်ခုထဲလား? စိတ်ထားမြင့်မြတ်ရင့်ကျက်တာတစ်ခုထဲလား? ပေါင်းသင်းဆက်ဆံရေးကောင်းပြီး personality ထူးခြားတာတစ်ခုထဲလား?

Spoke person ဖြစ်လာဖို့ တိုင်းရေးပြည်ရာမှာနှံ့စပ်တာတစ်ခုထဲလား? သူနေထိုင်ရာဘဝမှာ အစွန်းထင်းမရှိအောင် စောင့်စည်းနေထိုင်တာတစ်ခုထဲလား? မဟုတ်ဘူး….အဲ့ဒါတွေအကုန်ပေါင်းမှ “အလှမယ်” ဆိုတာ ဖြစ်လာတာပါနော် 👸🏻တွေ့ရာလူကို နာမည်ကြီးနေတာတစ်ခုထဲနဲ့၊ စိတ်ထားလေးရိုးသားလို့ပါဆိုတာတစ်ခုထဲနဲ့၊ ဒေါက်ဖိနပ်ကောင်းကောင်းစီးတတ်လာတာ တစ်ခုထဲနဲ့တော့ “အလှမယ်” ဆိုတဲ့ ခေါင်းစဉ်အောက်ကို လွယ်လွယ်လေးဆွဲမထည့်ကြပါနဲ့ရှင် မေတ္တာရပ်ခံပါတယ် 😞” ဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုရေးသားခဲ့တာ ဖြစ်ပါတယ်။

ပရိတ်သတ်ကြီးရေ Tik Tok Cele ငြိမ်းမြတ်သူက အလှမယ် တစ်ယောက်အဖြစ် ရပ်တည်သွားမယ်ဆိုတဲ့အပေါ် ပရိတ်သတ်ကြီးရဲ့ အမြင်လေးတွေကိုလည်း ဝေမျှပေးခဲ့ပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

Zawgyi

အလွမယ္ အျဖစ္ ရပ္တည္ မယ္ ဆို တဲ့ ၿငိမ္းျမတ္ သူ ရဲ႕ စကား ကို ဒဲ့ေဝဖန္ ေျဖရွင္းလိုက္တဲ့ အလွမယ္ အမရာၿငိမ္း

အ လွမယ္ အမရာၿငိမ္းကေတာ့ ၂၀၁၅ ခုႏွစ္ရဲ႕ Miss Myanmar International ဆုကို ရရွိခဲ့ၿပီး အလွမယ္ဆိုင္ရာ ၿပိဳင္ပြဲမ်ားကိုလည္း ဝင္ၿပိဳင္ခဲ့ကာ ဆုမ်ားစြာကိုလည္း ရရွိပိုင္ဆိုင္ထားသူတစ္ေယာက္ ျဖစ္ပါတယ္။ အိမ္ေထာင္က်သြားၿပီး ေနာက္ပိုင္းမွာလည္း အႏုပညာအလုပ္ေတြနဲ႔ ေဝးကြာခဲ့ေပမဲ့ အရင္လို လွပေနဆဲ အလွမယ္တစ္ဦးပါေနာ္။

Tik Tok ကစားရင္း နာမည္ႀကီး လူႀကိဳက္မ်ားလာတဲ့ ၿငိမ္းျမတ္သူကေတာ့ အင္တာဗ်ဴးတစ္ခုမွာ သူဟာ အလွမယ္တစ္ေယာက္အျဖစ္ ရပ္တည္သြားမယ္လို႔ ေျဖဆိုခဲ့တာ ျဖစ္ပါတယ္။ အခုလို အလွမယ္ တစ္ေယာက္အျဖစ္ ရပ္တည္မယ္ဆိုတဲ့ စကားအေပၚ အမရာၿငိမ္းက အခုလိုပဲ ေဝဖန္ေထာက္ျပခဲ့တာ ျဖစ္ပါတယ္။

” “အလွမယ္” ဆိုတဲ့ ကိုယ္အင္မတန္ တန္ဖိုးထားရေသာ၊ ဂုဏ္ယူျမတ္ႏိုးမဆုံးျဖစ္ခဲ့ရေသာအရာဟာ ဒီေလာက္ထိတန္ဖိုးေလ်ာ့က်သြားတာလား? 😢တခါမွ Facebook Cele၊ Tiktok Cele ေတြကို မေဝဖန္ခဲ့ မတိုက္ခိုက္ခဲ့ဘူးပါ….မနာလိုဖို႔လည္း အေဝးႀကီးပါ….ဒါေပမယ့္ ဒီတစ္ခါေတာ့ ကိုယ္တန္ဖိုးထားရေသာအရာကို ထိခိုက္လာလို႔ ရင္ထဲေတာ္ေတာ္မေကာင္းလို႔ ေျပာမိတာပါ 😔 “အလွမယ္” ဆိုတာ ဘယ္လိုလူမ်ိဳးေတြကိုသတ္မွတ္သလဲ? အလွတစ္ခုထဲလား? လူအမ်ားၾကားမွာ ေပၚလြင္ထင္ရွားေနတတ္တာ တစ္ခုထဲလား? ဉာဏ္ပညာနဲ႔ျပည့္စုံတာ တစ္ခုထဲလား? စိတ္ထားျမင့္ျမတ္ရင့္က်က္တာတစ္ခုထဲလား? ေပါင္းသင္းဆက္ဆံေရးေကာင္းၿပီး personality ထူးျခားတာတစ္ခုထဲလား?

Spoke person ျဖစ္လာဖို႔ တိုင္းေရးျပည္ရာမွာႏွံ႔စပ္တာတစ္ခုထဲလား? သူေနထိုင္ရာဘဝမွာ အစြန္းထင္းမရွိေအာင္ ေစာင့္စည္းေနထိုင္တာတစ္ခုထဲလား? မဟုတ္ဘူး….အဲ့ဒါေတြအကုန္ေပါင္းမွ “အလွမယ္” ဆိုတာ ျဖစ္လာတာပါေနာ္ 👸🏻ေတြ႕ရာလူကို နာမည္ႀကီးေနတာတစ္ခုထဲနဲ႔၊ စိတ္ထားေလး႐ိုးသားလို႔ပါဆိုတာတစ္ခုထဲနဲ႔၊ ေဒါက္ဖိနပ္ေကာင္းေကာင္းစီးတတ္လာတာ တစ္ခုထဲနဲ႔ေတာ့ “အလွမယ္” ဆိုတဲ့ ေခါင္းစဥ္ေအာက္ကို လြယ္လြယ္ေလးဆြဲမထည့္ၾကပါနဲ႔ရွင္ ေမတၱာရပ္ခံပါတယ္ 😞” ဆိုၿပီး ပြင့္ပြင့္လင္းလင္း ေျပာဆိုေရးသားခဲ့တာ ျဖစ္ပါတယ္။

ပရိတ္သတ္ႀကီးေရ Tik Tok Cele ၿငိမ္းျမတ္သူက အလွမယ္ တစ္ေယာက္အျဖစ္ ရပ္တည္သြားမယ္ဆိုတဲ့အေပၚ ပရိတ္သတ္ႀကီးရဲ႕ အျမင္ေလးေတြကိုလည္း ေဝမွ်ေပးခဲ့ပါဦးေနာ္။ ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးကို အထူးပဲ ေက်းဇူးတင္ရွိပါတယ္ရွင္။

About the author

Aung Lay

Leave a Comment