ေ႐ႊပိုးအိမ္ကေတာ့ မြန္ျမတ္လွတဲ့ပရဟိတစိတ္ေတြေၾကာင့္ ပရိသတ္ေတြအခ်စ္ပိုေနရသူတစ္ေယာက္ပါ။ သ႐ုပ္ေဆာင္မင္းသားႀကီး ဦးေက်ာ္သူတည္ေထာင္ထားတဲ့ နာေရးကူညီမႈအသင္းႀကီးမွာလည္း အဖြဲ႕ဝင္တစ္ေယာက္အျဖစ္ ပါဝင္ကူညီေနသူပါ။
သူတတ္ကြၽမ္းတဲ့အႏုပညာအလုပ္ကေန ရရွိလာတဲ့ေငြေၾကးေတြကိုလည္း ေဝပုံက်ခြဲၿပီး မၾကာခဏဆိုသလို လိုအပ္ေနတဲ့ေနရာေတြကို လႉဒါန္းေလ့ရွိသူပါ။ မေန႔က ဧၿပီ(၂၉) ရက္ေန႔မွာလည္း ေ႐ႊပိုးအိမ္ကေတာ့ တေန႔တာလုပ္အားေပးကုသိုလ္အေနနဲ႔ ေရေဝးသုႆန္မွာ သြားေရာက္သၿဂိဳလ္မယ့္ ႐ုပ္အေလာင္းကို ေသဆုံးသူေနအိမ္မွ ေရေဝးသုႆန္အထိ ကိုယ္တိုင္နိဗၺာန္ယာဥ္ကိုေမာင္းၿပီး ပို႔ေဆာင္ေပးခဲ့ေၾကာင္း နာေရးကူညီမႈအသင္းႀကီးက မွ်ေဝခဲ့ပါတယ္။
အခုလို Covid -19 ကာလမွာေတာ့ ေရာဂါပိုးကူးစက္ခံရမႈအႏၲရာယ္လည္း မ်ားလြန္းတာေၾကာင့္ ေတာ္႐ုံပရဟိတသမားေတြ အျပင္ထြက္မကူႏိုင္တဲ့ ကာလလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ ေ႐ႊပိုးအိမ္ကေတာ့ Covid-19 ကာလမွာေတာင္ နာေရးကားကို သြားေရာက္ကူညီေမာင္းႏွင္ေပးၿပီး တစ္ေန႔တာကုသိုလ္ယူခဲ့ေၾကာင္း မွ်ေဝေပးလိုက္ပါတယ္ေနာ္။
Unicode
ရွှေပိုးအိမ်ကတော့ မွန်မြတ်လှတဲ့ပရဟိတစိတ်တွေကြောင့် ပရိသတ်တွေအချစ်ပိုနေရသူတစ်ယောက်ပါ။ သရုပ်ဆောင်မင်းသားကြီး ဦးကျော်သူတည်ထောင်ထားတဲ့ နာရေးကူညီမှုအသင်းကြီးမှာလည်း အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်ကူညီနေသူပါ။
သူတတ်ကျွမ်းတဲ့အနုပညာအလုပ်ကနေ ရရှိလာတဲ့ငွေကြေးတွေကိုလည်း ဝေပုံကျခွဲပြီး မကြာခဏဆိုသလို လိုအပ်နေတဲ့နေရာတွေကို လှူဒါန်းလေ့ရှိသူပါ။ မနေ့က ဧပြီ(၂၉) ရက်နေ့မှာလည်း ရွှေပိုးအိမ်ကတော့ တနေ့တာလုပ်အားပေးကုသိုလ်အနေနဲ့ ရေဝေးသုဿန်မှာ သွားရောက်သဂြိုလ်မယ့် ရုပ်အလောင်းကို သေဆုံးသူနေအိမ်မှ ရေဝေးသုဿန်အထိ ကိုယ်တိုင်နိဗ္ဗာန်ယာဉ်ကိုမောင်းပြီး ပို့ဆောင်ပေးခဲ့ကြောင်း နာရေးကူညီမှုအသင်းကြီးက မျှဝေခဲ့ပါတယ်။
အခုလို Covid -19 ကာလမှာတော့ ရောဂါပိုးကူးစက်ခံရမှုအန္တရာယ်လည်း များလွန်းတာကြောင့် တော်ရုံပရဟိတသမားတွေ အပြင်ထွက်မကူနိုင်တဲ့ ကာလလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ရွှေပိုးအိမ်ကတော့ Covid-19 ကာလမှာတောင် နာရေးကားကို သွားရောက်ကူညီမောင်းနှင်ပေးပြီး တစ်နေ့တာကုသိုလ်ယူခဲ့ကြောင်း မျှဝေပေးလိုက်ပါတယ်နော်။