Cele News Video

ခန္ဓာကိုယ်လေးကို အမိုက်စားလှုပ်ခါပြီး TIK TOK ရိုက်နေပေမယ့်လည်း ဖြိုးလေးကြောင့် ဂွမ်းသွားခဲ့ရတဲ့ ဝါဆိုမိုးဦးရဲ့အဖြစ်

Written by Aung Lay

အနုပညာရှင်စုံတွဲထဲက အထာကျပြီး ခေတ်ရှေ့ပြေးတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့စုံတွဲက လူငယ်ပရိသတ်တွေရဲ့ အားကျခြင်းခံရသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့က အနုပညာအလုပ်တွေကို ကိုယ်စီလုပ်ကိုင်နေကြသလို တစ်ယောက်ကိုတစ်ယောက် လက်တွဲမဖြုတ်စတမ်း ချစ်လာခဲ့ကြတာ အခုဆိုရင် ချစ်သူသက်တမ်း (၄)နှစ်ကျော်တောင် ရှိပြီပဲ ဖြစ်ပါတယ်။ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးက လက်ရှိမှာလည်း နားလည်မှုတွေကိုယ်စီနဲ့ အလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ဝါဆိုမိုးဦးက သူမရဲ့ ဟာသအဖြစ်အပျက်လေးတစ်ခုကို ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။ ဝါဆိုမိုးဦးက သူမရဲ့ အမိုက်စား ခန္ဓာကိုယ်ကောက်ကြောင်းနဲ့ ခန္ဓာကိုယ်လေးကို အမိုက်စားလှုပ်ခါပြီး Tik Tok ရိုက်နေပေမယ့် ရုတ်တရက်ဆိုသလို ဖြိုးလေးရောက်လာတာကြောင့် ဂွမ်းသွားခဲ့ရကြောင်း အခုလိုပဲ မျှဝေပေးထားပါတယ်။

ဝါဆိုမိုးဦးကတော့ ဖြိုးလေးထက် အသက်အများကြီးငယ်သူတစ်ယောက်ဖြစ်ပြီး ဖြိုးလေးအပေါ် လေးစားမှုတွေနဲ့ ချစ်တဲ့သူလေးတစ်ယောက်ပါပဲ။ ပရိသတ်ကြီးလည်း ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ်လို့ မျှော်လင့်ပါတယ်နော်။

 

Source: Warso Moe Oo’s fb

Zawgyi




Source: Warso Moe Oo’s fb

About the author

Aung Lay

Leave a Comment