Cele News

သီချင်းတစ်ပုဒ်ကို အတူတူဖန်တီးပြီး ရရှိသမျှ အကျိုးအမြတ်အားလုံးကို ခေတ်သစ်ဒေးရှင်းကို တစ်သက်စာ လှူဒါန်းမယ့် လင်းလင်းနဲ့ မျိုးကြီး

Written by Aung Lay

Rock သီချင်း ကြမ်းကြမ်းတွေကို သီဆိုတတ်တဲ့ အဆိုတော် မျိုးကြီးက ပြီးခဲ့တဲ့လပိုင်းက Covid – 19 ရောဂါကူးစက်ခံရခဲ့ပြီး အခုဆိုရင် ပြန်လည်ကောင်းမွန်ပြီး ကျန်းမာလာပြီပဲ ဖြစ်ပါတယ်။ မျိုးကြီးက သူကိုယ်တိုင် ကပ်ရောဂါကြီးနဲ့ ရင်ဆိုင်ခဲ့ရသူမို့ Covid – 19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လှူဒါန်းမှုတွေ ပြုလုပ်မှာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း လင်းလင်းက သူနဲ့ မျိုးကြီးတို့ သီချင်းတစ်ပုဒ်ကို အတူတူဖန်တီးပြီး ထိုသီချင်းမှ ရရှိတဲ့ အကျိုးအမြတ်ကို လှူဒါန်းမယ့်အကြောင်း အခုလိုပဲ ပြောပြထားပါတယ်။

“ကိုမျိုးကြီးအတွက် ရေးဖြစ်တဲ့ သီချင်းတစ်ပုဒ် မကြာခင် တေးသံသာကနေ နားထောင်လို့ရပါမယ်။ ကျနော်တို့နှစ်ယောက် ဒီသီချင်းကနေ ရရှိမယ့် အကျိုးအမြတ်အားလုံးကို “ခေတ်သစ် ဖောင်ဒေးရှင်း” ထံသို့ လှူပါတယ်။တေးသံသာမှ ကိုညီကလဲ ထပ်တိုးလှူပါတယ်။ ကျနော်တို့အားလုံးရဲ့ ငွေသားစုစုပေါင်း ၃၂၅၀၀၀၀ ( သုံးဆယ့်နှစ်သိန်းငါးသောင်း) တိတိပါ။ ဒီသီချင်းမှ ထပ်မံရရှိလာမယ့် အကျိုးအမြတ်အားလုံးကိုလဲ ကျနော်နဲ့ ကိုမျိုးကြီးမှ ဖောင်းဒေးရှင်းသို့ တစ်သတ်စာလှူပါတယ်။ မကြာခင်နားဆင်ရမယ့် ဒီသီချင်းနဲ့ပတ်သတ်ပြီး ပရိသတ်ရောင်းရင်းများလဲ ကုသိုလ်ယူနိုင်ကြပါစေ။” ဆိုပြီး ပြောထားပါတယ်။

လင်းလင်းနဲ့ မျိုးကြီးကတော့ အရင်ကတည်းက သီချင်းတွေကို အတူတူဖန်တီးဖြစ်ခဲ့ကြပြီး ထိုသီချင်းတွေအားလုံးကလည်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မကြာခင်ထွက်ရှိမယ့် လင်းလင်းရေးပြီး မျိုးကြီးသီဆိုမယ့် သီချင်းသစ်လေးကို စောင့်မျှော်အားပေးကြပါဦးနော်။

Source: Htwe Lynn Ko’s fb

Zawgyi

Rock သီခ်င္း ၾကမ္းၾကမ္းေတြကို သီဆိုတတ္တဲ့ အဆိုေတာ္ မ်ိဳးၾကီးက ျပီးခဲ့တဲ့လပိုင္းက Covid – 19 ေရာဂါကူးစက္ခံရခဲ့ျပီး အခုဆိုရင္ ျပန္လည္ေကာင္းမြန္ျပီး က်န္္းမာလာျပီပဲ ျဖစ္ပါတယ္။ မ်ိဳးၾကီးက သူကိုယ္တိုင္ ကပ္ေရာဂါၾကီးနဲ့ ရင္ဆိုင္ခဲ့ရသူမို့ Covid – 19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ လွဴဒါန္းမႈေတြ ျပဳလုပ္မွာပဲ ျဖစ္ပါတယ္။ ဒီေန့မွာလည္း လင္းလင္းက သူနဲ့ မ်ိဳးၾကီးတို့ သီခ်င္းတစ္ပုဒ္ကို အတူတူဖန္တီးျပီး ထိုသီခ်င္းမွ ရရိွတဲ့ အက်ိဳးအျမတ္ကို လွဴဒါန္းမယ့္အေၾကာင္း အခုလိုပဲ ေျပာျပထားပါတယ္။

“ကိုမ်ိဳးႀကီးအတြက္ ေရးျဖစ္တဲ့ သီခ်င္းတစ္ပုဒ္ မၾကာခင္ ေတးသံသာကေန နားေထာင္လို႔ရပါမယ္။ က်ေနာ္တို႔ႏွစ္ေယာက္ ဒီသီခ်င္းကေန ရရွိမယ့္ အက်ိဳးအျမတ္အားလုံးကို “ေခတ္သစ္ ေဖာင္ေဒးရွင္း” ထံသို႔ လႉပါတယ္။ေတးသံသာမွ ကိုညီကလဲ ထပ္တိုးလႉပါတယ္။ က်ေနာ္တို႔အားလုံးရဲ႕ ေငြသားစုစုေပါင္း ၃၂၅၀၀၀၀ ( သုံးဆယ့္ႏွစ္သိန္းငါးေသာင္း) တိတိပါ။ ဒီသီခ်င္းမွ ထပ္မံရရွိလာမယ့္ အက်ိဳးအျမတ္အားလုံးကိုလဲ က်ေနာ္နဲ႔ ကိုမ်ိဳးႀကီးမွ ေဖာင္းေဒးရွင္းသို႔ တစ္သတ္စာလႉပါတယ္။ မၾကာခင္နားဆင္ရမယ့္ ဒီသီခ်င္းနဲ႔ပတ္သတ္ၿပီး ပရိသတ္ေရာင္းရင္းမ်ားလဲ ကုသိုလ္ယူႏိုင္ၾကပါေစ။” ဆိုျပီး ေျပာထားပါတယ္။

လင္းလင္းနဲ့ မ်ိဳးၾကီးကေတာ့ အရင္ကတည္းက သီခ်င္းေတြကို အတူတူဖန္တီးျဖစ္ခ့ဲၾကျပီး ထိုသီခ်င္းေတြအားလံုးကလည္း ပရိသတ္ေတြရဲ့ အားေပးမႈကို အခိုင္အမာရရိွခ့ဲတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း မၾကာခင္ထြက္ရိွမယ့္ လင္းလင္းေရးျပီး မ်ိဳးၾကီးသီဆိုမယ့္ သီခ်င္းသစ္ေလးကို ေစာင့္ေမွ်ာ္အားေပးၾကပါဦးေနာ္။

Source: Htwe Lynn Ko’s fb

About the author

Aung Lay

Leave a Comment