Knowledge

ဘဒ္ဒကမ္ဘာမှာ … အချစ်တတ်ဆုံးအမျိုးသမီး

Written by Aung Lay

ဟောဒီဘဒ္ဒကမ္ဘာမှာ … အချစ်တတ်ဆုံးအမျိုးသမီး ၊ ရိုမန်တစ်အဆန်ဆုံးအမျိုးသမီးက … ဘုရား အလောင်းတော် သိဒ္ဓထ္ထမင်းသားရဲ့ ကြင်ယာတော် … ယသော်ဓယာဒေဝီပဲ ။

ဒီပင်္ကရာ ဘုရားရှင် လက်ထက်မတိုင်မီ ရှေ့ဘုရားရှင် တစ်ဆူ လက်ထက်မှာ ကထဲက … ပါရမီဖြည့်ဖက်အဖြစ် ဆုတောင်းခဲ့တယ် ။

ဒီပင်္ကရာဘုရားရှင်လက်ထက်မှာ ဗျာဒိတ်ပေးတော့လည်း … သုမေဓာရသေ့လေးကို ချစ်ခင်မြတ်နိုးလွန်းလို့ … ပါရမီဖြည့်ဖက်ဖြစ်ဖို့ ဆုတောင်းခဲ့တယ် ။

တကယ့် Platonic Love ပဲ ။

ာက်ဆုံးဘဝမှာ … ကြင်ယာတော်သိဒ္ဓထ္ထမင်းသားတောထွက်တော်မူတဲ့အခါ … အထောက် တော်တွေကို လွှတ်ပြီး … သိဒ္ဓထ္ထမင်းသားက တစ်နပ်ပဲစားတော့တယ်ဆိုရင် တစ်နပ်ပဲစားတယ် သိဒ္ဓထ္ထမင်းသားက သစ်သီးကိုပဲ သုံးဆောင်တော့တယ်ဆိုရင် သစ်သီးကိုပဲ စားတော့တယ်။

မြေမှာအိပ်တယ်လို့ သိရရင် … သူလည်းသလွန်ပေါ်ကဆင်းပြီး မြေမှာအိပ်တယ် ။

ပါရမီဖြည့်ဖက်ပီသစွာ … နေထိုင်ခဲ့တယ် ။

ပထမဆုံးအကြိမ် … ဘုရားရှင်က ကပ္ပိလဝထ္ထုကို ကြွတော်မူလာတော့ …

ဘုရားရှင်ရဲ့ ခြေတော်စုံကို ဆံပင်နဲ့ပွတ်ပြီး သည်းထန်စွာငိုကြွေးတယ် ။

ခွဲခွာခဲ့ရတာ ၈ နှစ်လောက်ကြာခဲ့ပြီကိုး ။

သားတော်ရာဟုလာကို ဒါမင့်အဖေပဲ အမွေသွားတောင်းချေလို့ ထည့်ပေးလိုက်တယ် ။

တကယ်က အဖေနဲ့သားကို အတူဆုံစေချင်တဲ့စေတနာလို့ထင်တယ် ။

ဒီလိုနဲ့ သူကိုယ်တိုင်လည်း မြတ်စွာဘုရားရဲ့ တရားတွေကိုနာကြားပြီး ရဟန္တာဖြစ်တော်မူတယ် ။ ယသော်ဓယာထေရီမဟာ ပရိနိဗ္ဗာန်ပြုမယ့်ဆိုတာသိပြီဆိုတာနဲ့ တရားအားထုတ်ဖော် ထေရီမတစ်ထောင်ကို ခေါ်ပြီးဘုရားဆီကိုလာတယ် ။

” ဒီနေ့ တပည့်တော် ပရိနိဗ္ဗာန် ပြုပါတော့မယ်ဘုရား ” လို့ လျောက်တယ် ။

ပြီးတော့ တစ်ဆယ့်ခြောက်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းပတ်လုံး ဘဝပေါင်း များစွာ … များစွာ ချစ်သူအဖြစ် လင်ယောကျာ်းအဖြစ် ချစ်မြတ်နိုးခဲ့ရတဲ့ ပါရမီဖြည့်ခဲ့ရတဲ့သူကို … နောက်ဆုံးကြည့်ခြင်းနဲ့ … ခုနှစ်ကြိမ်ပတ်ပြီး မမှိတ်မသုန်ကြည့်တယ် ။

ပြီးတော့ …

နောက်ဆုံးစကား… သံသရာမှာ ဘယ်တော့မှ ပြန်ဆုံမှာမဟုတ်တော့တဲ့ သူနှစ်ယောက်ရဲ့ နောက်ဆုံးနှုတ်ဆက်စကား ( ဥဒါန်း) ကိုဆိုတယ် …

” အရှင်ဘုရား …

တပည့်တော်မ ဟာ … အရှင်ဘုရားကို ဘဝအဆက်ဆက် ပါရမီဖြည့်ဖက်အဖြစ် အမြဲအတူရှိနေခဲ့ပါတယ်ဘုရား ကြီးကျယ်မြင့်မြတ်တဲ့ဘဝတွေကို အတူခံစားစံစားခဲ့သလို … ဆင်းရဲဒုက္ခတွေကို အတူခံစားခဲ့ပါတယ်ဘုရား

ချမ်းသာခြင်းကို အတူခံစားခဲ့သလို … ဆင်းရဲဒုက္ခကြုံရတဲ့အခါမှာလည်း မငြိုငြင်ခဲ့ပါဘုရား … ” လျောက်တယ် ။

ပြီးတော့ ကောင်းကင်ကိုဈာန်နဲ့ပျံကြွပြီး …

ဆင်ရုပ် ၊မြင်းရုပ် ၊သိကြားမင်းရုပ်၊နဂါးရုပ်၊ ဂဠုန်ရုပ်စတဲ့ … နာနာရုပ်တွေကို တန်ခိုးနဲ့ဖန်ဆင်းပြီးပူဇော်တယ် ။

ကောင်းကင်မှာပဲ ပရိနိဗ္ဗာန်ပြုပြီး တေဇောဓာတ်လောင်တယ် ။

ယသော်ဓယာဒေဝီဟာ ကြီးကျယ်ခမ်းနားတဲ့ ချစ်ခြင်းများနဲ့ သံသရာတစ်လျောက်လုံး ချစ်ခဲ့တဲ့သူ …

ကိုယ်ချစ်တဲ့သူကို နောင်ဘဝထိ သံသရာထိ ကောင်းစေလိုတဲ့ စေတနာနဲ့ မငြီးမငြူပါရမီဖြည့်ခဲ့တဲ့ … အချစ်တတ်ဆုံး ပုဂ္ဂိုလ်ကြီးပါ ။

ကလျာဏမိတ္တတစ်ယောက်ရဲ့ ဖြည့်ဆည်းမှုတွေနဲ့ ကိုယ့်ချစ်သူကို သံသရာတစ်လျောက်လုံး အရှုံးအမြတ်မတွက်ပဲ ချစ်သွားခဲ့တဲ့ … အချစ်တတ်ဆုံး မိန်းမပါ ။

ဆရာကြီးငွေဥဒေါင်း၏ ဗုဒ္ဓစာပန်းချီ မှအများသိစေရန်ဝေမျှပါတယ်

Zawgyi

ေဟာဒီဘဒၵကမာၻမွာ … အခ်စ္တတ္ဆုံးအမ်ိဳးသမီး ၊ ႐ိုမန္တစ္အဆန္ဆုံးအမ်ိဳးသမီးက … ဘုရား အေလာင္းေတာ္ သိဒၶထၳမင္းသားရဲ႕ ၾကင္ယာေတာ္ … ယေသာ္ဓယာေဒဝီပဲ ။

ဒီပကၤရာ ဘုရားရွင္ လက္ထက္မတိုင္မီ ေရွ႕ဘုရားရွင္ တစ္ဆူ လက္ထက္မွာ ကထဲက … ပါရမီျဖည့္ဖက္အျဖစ္ ဆုေတာင္းခဲ့တယ္ ။

ဒီပကၤရာဘုရားရွင္လက္ထက္မွာ ဗ်ာဒိတ္ေပးေတာ့လည္း … သုေမဓာရေသ့ေလးကို ခ်စ္ခင္ျမတ္ႏိုးလြန္းလို႔ … ပါရမီျဖည့္ဖက္ျဖစ္ဖို႔ ဆုေတာင္းခဲ့တယ္ ။

တကယ့္ Platonic Love ပဲ ။

ေနာက္ဆုံးဘဝမွာ … ၾကင္ယာေတာ္သိဒၶထၳမင္းသားေတာထြက္ေတာ္မူတဲ့အခါ … အေထာက္ ေတာ္ေတြကို လႊတ္ၿပီး … သိဒၶထၳမင္းသားက တစ္နပ္ပဲစားေတာ့တယ္ဆိုရင္ တစ္နပ္ပဲစားတယ္ သိဒၶထၳမင္းသားက သစ္သီးကိုပဲ သုံးေဆာင္ေတာ့တယ္ဆိုရင္ သစ္သီးကိုပဲ စားေတာ့တယ္။

ေျမမွာအိပ္တယ္လို႔ သိရရင္ … သူလည္းသလြန္ေပၚကဆင္းၿပီး ေျမမွာအိပ္တယ္ ။

ပါရမီျဖည့္ဖက္ပီသစြာ … ေနထိုင္ခဲ့တယ္ ။

ပထမဆုံးအႀကိမ္ … ဘုရားရွင္က ကပၸိလဝထၳဳကို ႂကြေတာ္မူလာေတာ့ …

ဘုရားရွင္ရဲ႕ ေျခေတာ္စုံကို ဆံပင္နဲ႔ပြတ္ၿပီး သည္းထန္စြာငိုေႂကြးတယ္ ။

ခြဲခြာခဲ့ရတာ ၈ ႏွစ္ေလာက္ၾကာခဲ့ၿပီကိုး ။

သားေတာ္ရာဟုလာကို ဒါမင့္အေဖပဲ အေမြသြားေတာင္းေခ်လို႔ ထည့္ေပးလိုက္တယ္ ။

တကယ္က အေဖနဲ႔သားကို အတူဆုံေစခ်င္တဲ့ေစတနာလို႔ထင္တယ္ ။

ဒီလိုနဲ႔ သူကိုယ္တိုင္လည္း ျမတ္စြာဘုရားရဲ႕ တရားေတြကိုနာၾကားၿပီး ရဟႏၲာျဖစ္ေတာ္မူတယ္ ။ ယေသာ္ဓယာေထရီမဟာ ပရိနိဗၺာန္ျပဳမယ့္ဆိုတာသိၿပီဆိုတာနဲ႔ တရားအားထုတ္ေဖာ္ ေထရီမတစ္ေထာင္ကို ေခၚၿပီးဘုရားဆီကိုလာတယ္ ။

” ဒီေန႔ တပည့္ေတာ္ ပရိနိဗၺာန္ ျပဳပါေတာ့မယ္ဘုရား ” လို႔ ေလ်ာက္တယ္ ။

ၿပီးေတာ့ တစ္ဆယ့္ေျခာက္သေခ်ၤနဲ႔ ကမာၻတစ္သိန္းပတ္လုံး ဘဝေပါင္း မ်ားစြာ … မ်ားစြာ ခ်စ္သူအျဖစ္ လင္ေယာက်ာ္းအျဖစ္ ခ်စ္ျမတ္ႏိုးခဲ့ရတဲ့ ပါရမီျဖည့္ခဲ့ရတဲ့သူကို … ေနာက္ဆုံးၾကည့္ျခင္းနဲ႔ … ခုႏွစ္ႀကိမ္ပတ္ၿပီး မမွိတ္မသုန္ၾကည့္တယ္ ။

ၿပီးေတာ့ …

ေနာက္ဆုံးစကား… သံသရာမွာ ဘယ္ေတာ့မွ ျပန္ဆုံမွာမဟုတ္ေတာ့တဲ့ သူႏွစ္ေယာက္ရဲ႕ ေနာက္ဆုံးႏႈတ္ဆက္စကား ( ဥဒါန္း) ကိုဆိုတယ္ …

” အရွင္ဘုရား …

တပည့္ေတာ္မ ဟာ … အရွင္ဘုရားကို ဘဝအဆက္ဆက္ ပါရမီျဖည့္ဖက္အျဖစ္ အၿမဲအတူရွိေနခဲ့ပါတယ္ဘုရား ႀကီးက်ယ္ျမင့္ျမတ္တဲ့ဘဝေတြကို အတူခံစားစံစားခဲ့သလို … ဆင္းရဲဒုကၡေတြကို အတူခံစားခဲ့ပါတယ္ဘုရား

ခ်မ္းသာျခင္းကို အတူခံစားခဲ့သလို … ဆင္းရဲဒုကၡႀကဳံရတဲ့အခါမွာလည္း မၿငိဳျငင္ခဲ့ပါဘုရား … ” ေလ်ာက္တယ္ ။

ၿပီးေတာ့ ေကာင္းကင္ကိုစ်ာန္နဲ႔ပ်ံႂကြၿပီး …

ဆင္႐ုပ္ ၊ျမင္း႐ုပ္ ၊သိၾကားမင္း႐ုပ္၊နဂါး႐ုပ္၊ ဂဠဳန္႐ုပ္စတဲ့ … နာနာ႐ုပ္ေတြကို တန္ခိုးနဲ႔ဖန္ဆင္းၿပီးပူေဇာ္တယ္ ။

ေကာင္းကင္မွာပဲ ပရိနိဗၺာန္ျပဳၿပီး ေတေဇာဓာတ္ေလာင္တယ္ ။

ယေသာ္ဓယာေဒဝီဟာ ႀကီးက်ယ္ခမ္းနားတဲ့ ခ်စ္ျခင္းမ်ားနဲ႔ သံသရာတစ္ေလ်ာက္လုံး ခ်စ္ခဲ့တဲ့သူ …

ကိုယ္ခ်စ္တဲ့သူကို ေနာင္ဘဝထိ သံသရာထိ ေကာင္းေစလိုတဲ့ ေစတနာနဲ႔ မၿငီးမျငဴပါရမီျဖည့္ခဲ့တဲ့ … အခ်စ္တတ္ဆုံး ပုဂၢိဳလ္ႀကီးပါ ။

ကလ်ာဏမိတၱတစ္ေယာက္ရဲ႕ ျဖည့္ဆည္းမႈေတြနဲ႔ ကိုယ့္ခ်စ္သူကို သံသရာတစ္ေလ်ာက္လုံး အရႈံးအျမတ္မတြက္ပဲ ခ်စ္သြားခဲ့တဲ့ … အခ်စ္တတ္ဆုံး မိန္းမပါ ။

ဆရာႀကီးေငြဥေဒါင္း၏ ဗုဒၶစာပန္းခ်ီ မွအမ်ားသိေစရန္ေဝမွ်ပါတယ္

About the author

Aung Lay

Leave a Comment