News

မြန်မာပြည်က အထွတ်အထိပ် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ နာမည် သုံးပြီး လိမ်တဲ့ အွန်လိုင်းပေါ်က လိမ်လည်မှုကြီ

Written by Aung Lay

မြန်မာပြည်က အထွတ်အထိပ် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ နာမည် သုံးပြီး လိမ်တဲ့ အွန်လိုင်းပေါ်က လိမ်လည်မှုကြီး

ယနေ့ ထိတိုင် အလိမ်ခံနေကြရ တဲ့ လွန်ခဲ့သော နှစ်ပေါင်း ( ၂၂၀ ) ကျော် ကတည်း က လိမ်စား လာ တဲ့ လိမ်နည်း…

လွန်ခဲ့တဲ့ နှစ်အတော်ကြာက မနက်အိပ်ရာ နိုးတာ နဲ့ ထုံးစံအတိုင်း ကွန်ပျူတာ ရှေ့မှာ ကော်ဖီပူပူလေးတစ်ခွက် နဲ့ အီးမေးလ်တွေ စစ်နေပါတယ် ၊ အံ့အားသင့်စရာ အီးမေးလ်တစ်စောင် တွေ့လိုက် လို့ လက်ထဲက ကော်ဖီခွက် လွတ်ကျမတတ် တုန်လှုပ်သွား မိတယ်။ ဘယ်သူ့ဆီက အီးမေးလ်ထင်သလဲ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ ချစ်သမီးလေးဆီ ကပါခင်ဗျာ ။

အင်္ဂလိပ်ဘာသာ အီးမေးလ်မှာ နိဒါန်းပျိုး သူ့ကိုယ်သူ မိတ်ဆက်ထား တာကတော့ သူဟာ အရှေ့တောင် အာရှ မြန်မာပြည်က အထွတ်အထိပ် ခေါင်းဆောင်ကြီး ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းေ ရွှရဲ့ အငယ်ဆုံးသမီး တီနာရွှေ ဖြစ်ပါသတဲ့။ ဟင်… စိန်စီသောညဆိုပြီး ပွက်လောထအောင် မင်္ဂလာပွဲကြီး ဆင်နွှဲခဲ့တာ သန္တာရွှေ မဟုတ်လား။ အခု ဘယ်က တီနာရွှေလဲ။ သူက ဒီလို ဆက်ရှင်း ထားတယ်။

Senior General ကြီးဟာ မြန်မာပြည် မှာ အလှဆုံး ဖက်ရှင်မော်ဒယ်လ် ရုပ်ရှင်မင်းသမီးဖြစ်တဲ့ သူ့မိခင် နဲ့ တိတ်တိတ်ပုန်း ညားပြီး သူ့ကို မွေးဖွားခဲ့တာ ဆိုပဲ ။ ကျနော်လည်း ခွေးဘီလူးကြီး ရဲ့ ဘယ်သူမှ မသိသေး တဲ့ အရှုပ်တော်ပုံတော့ ပေါ်လာပြီဆိုပြီး မျက်လုံးပြူးမျက်ဆန်ပြူး ဆက်ဖတ်ကြည့်မိတယ်။ သူ့နာမည်ကတော့ Tina Shwe ဖြစ်ပြီး အပြင်လူတွေ မသိပေမဲ့ ဖခင် ဗိုလ်ချုပ်မှူးကြီးက တုန်နေအောင် ချစ်တယ် ။ အခု အသက် ၁၉ နှစ်ရှိပြီး ဖက်ရှင် ဒီဇိုင်းပညာသင်တန်း တက်နေဆဲ ချစ်သူရည်းစားလည်း မရှိသေးပါဘူးတဲ့။

အင်း… ခွေးဘီလူးကြီးရဲ့ သမီးတွေ တစ်ယောက် မှ ပုံမလာဘဲ စိတ်ပျက်ရွံရှာစရာ ရုပ်ကြီးတွေချည်းပဲ။ ဟောဒီ တီနာရွှေတစ်ယောက်တော့ အမေက ရုပ်ရှင်မင်းသမီးဆိုရင် ငယ်ငယ်ချောချောလေးများလား၊ ရင်တွေတောင် ခုန်လာတယ်။

ဆက်ဖတ်ကြည့်တဲ့ အခါ၊ သူ့ဖခင်ဟာ အာဏာလက်လွတ် ဖြစ်သွား ပြီးတဲ့နောက် အပြင်ကို လုံးဝမထွက်တော့ဘဲ နေပြည်တော်က မြေအောက်လိုဏ်ခေါင်း စံအိမ်တော်ကြီးထဲမှာ အစောင့် အထပ်ထပ် နဲ့ ခိုအောင်းနေထိုင်နေတဲ့အကြောင်း၊ သူ့မှာ ဖခင်နဲ့လည်း တွေ့ခွင့်မရတော့ဘဲ ဖခင်အမွေပေးထားတဲ့ ဒေါ်လာ ၇၂၈ သန်းနဲ့ ဘယ်ဆီပြေးလို့ ပုန်းရှောင်ရမလဲ ရတက်ပွေကာ အခက်တွေ ကြုံနေရပါကြောင်း ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးထား တယ်။

စိတ်ပူပန်သောက ဖိစီးနေ တဲ့ သူ့မိခင်ဟာလည်း အိပ်မပျော်နိုင်လို့ အိပ်ဆေးတွေ သောက်ရင်း လွန်ခဲ့တဲ့ ၆ လတုန်းက အိပ်ဆေးလွန်ကာ ကွယ်လွန်သွားရှာရောတဲ့။

တစ်ကောင်ကြွက် သမီးလေးခမျာ ကြံရာမရလို့ အွန်လိုင်းဆွေးနွေးပွဲတစ်ခုမှာ ကျနော့အီးမေးလ်လိပ်စာကို အမှတ်မထင်ရပြီး အားကိုးတကြီး အကူအညီတောင်းလိုက်ရတာ ဖြစ်ပါတယ်တဲ့။ သူဟာ မြန်မာပြည်တွင်း မှာ အသက် အန္တရာယ်ဖြစ်နိုင်တာကြောင့် နယ်စပ်ကတဆင့် တခြားနိုင်ငံကို ထွက်ပြေးဖို့ ကြံစည်နေတဲ့အတွက် သူ့ရဲ့ ဒေါ်လာ ၇၂၈ သန်းကို ပြည်ပဘဏ်စာရင်းထဲ တိတ်တဆိတ် ကြိုတင်လွှဲပေးဖို့ စိတ်ချရသူ တစ်ယောက် ကို လိုက်ရှာနေတာလို့ ပြောတယ် ။ ကျနော့ ရဲ့ ဓာတ်ပုံထဲမှာ ချောမောခန့်ညား တည်ကြည်တဲ့ ဥပဓိရုပ်ကို မြင်လိုက်တာ နဲ့ ယောက်ျားကောင်း တစ်ယောက်မှန်း အကဲခတ်မိတယ် လို့ ဆိုပါတယ်။ (သူပြောတာ ဟုတ်မှာပါ။)

ဒါကြောင့် ကျနော့ ရဲ့ ဘဏ်စာရင်းထဲ ကို ဒေါ်လာ ၇၂၈ သန်း လွှဲပြောင်းပေးတာ လက်ခံပြီး ပြည်ပကို သူရောက်လာတဲ့ အထိ ခေတ္တထိန်းသိမ်းစောင့်ရှောက်ပေးနိုင်မလား လို့ မေးရတာပါတဲ့ ။ ခုလို ဆောင်ရွက်ပေးရတဲ့အတွက် ၁၀ ရာခိုင်နှုန်း အကျိုးခံစားခွင့် အပြင် အထွေထွေစရိတ် အဖြစ် နောက်ထပ် ၃ သန်း စုစုပေါင်း ၇၅.၈ သန်း ပေးပါမယ် လို့ သူကတိပြုကြောင်း ရေးထားတယ်။

နယ်စပ်ကတဆင့် နိုင်ငံခြားတိုင်းပြည်တစ်ခုခုကို သူရောက်လာတဲ့ အခါ ကျန်တဲ့ ၆၅၂.၂ သန်းကို ပြန်ပေးဖို့ ကတိသစ္စာ ပြုရမယ်လို့ သေသေချာချာ ရေးထားတယ်။

အလွန်အရေးကြီးတဲ့အချက်က ငွေလွှဲပေးရမယ့် ကျနော့ ဘဏ်စာရင်းနံပါတ် အလွဲအမှား မရှိအောင်နဲ့ ယုံကြည် စိတ်ချမှု ရှိမရှိ သေချာစေဖို့ ကျနော်အသုံးပြုမယ့် ဘဏ်စာရင်းကနေ အင်္ဂလန်က ဘဏ်စာရင်းတစ်ခုထဲကို ဒေါ်လာ ၂၅၀၀ အစမ်းပို့ပေးပါလို့ တောင်း ဆိုထားတယ် ။

ကျနော်ရရှိမယ့် ၇၅.၈ သန်းနဲ့ နှိုင်းစာ ရင် ဒေါ်လာ ၂၅၀၀ ဟာ မပြောပလောက်တဲ့ အသေးအဖွဲလေး ဖြစ်လို့ အမြန်ဆုံး လုပ်ငန်း စဖို့ တိုက်တွန်းတယ်။ သူ့မှာ အချိန်မရွေး ဘေးအန္တရာယ်ကျရောက်နိုင်တဲ့အတွက် ကျနော် နဲ့ အဆင်မပြေရင် တခြားလူတစ်ယောက် ကို ဆက်သွယ်ရမှာ မို့ ၄၈ နာရီ အတွင်း အကြောင်းပြန် ပါတဲ့ဗျာ။

အောင်မငီး… ရင်တွေခုန်လိုက်တာနော်။ နေရင်းထိုင်ရင်း ဒေါ်လာ ၇၅ သန်းကျော် ထီပေါက်တာ ပါလား။ တကယ်လို့ ချစ်သူရည်းစား မရှိသေးတဲ့ တီနာရွှေသာ အမေတူ ချောခချာလှလှလေးဆိုရင် ဖူးစာဆုံရွှေလက်တွဲလို့ ဒေါ်လာ ၇၂၈ သန်းနဲ့ တူနှစ်ကိုယ် ဘဝတစ်ခု ထူထောင်ကြမယ်လေ။ စိတ်ယုတ်မာမွေးပြီး တစ်ကိုယ်ကောင်းကြံမယ်ဆိုရင် တီနာရွှေကို ခေါက်ထားပြီး ကိုယ့်ဘဏ်ထဲ ရောက်လာတဲ့ ပိုက်ဆံအားလုံး ဝိုက်လိုက်လို့လည်း ရသေးတယ်။

အိုးဟိုးဟိုး… ကျနော် ဒီလောက် ဘယ် အ ပါမလဲဗျာ။ ဒီလိုမျိုးဇာတ်လမ်းတွေ နဲ့ လိမ်စားလာတာ ပြင်သစ်တော်လှန်ရေးခေတ် လွန်ခဲ့တဲ့ နှစ် ၂၂၀ ကျော်ကတည်းကပါ။ တကယ်လို့သာ ယုံကြည်မိပြီး ဒေါ်လာ ၂၅၀၀ အရင်လွှဲပေးလိုက်ရင် ပလုံကနဲတောင် အသံမမြည်ဘဲ ဆုံးပြီပေါ့ ။

၁၇၈၉ ကနေ ၁၇၉၉ ခုနှစ် အထိ ဖြစ်ပွားခဲ့တဲ့ ပြင်သစ်တော်လှန်ရေးကြီးကတည်းက လိမ်နည်းပဲ။ မြန်မာပြည်မှာ ဘိုးတော်ဘုရားခေတ်ပေါ့။ နောက်တာမဟုတ်ဘူး၊ တကယ်ဘိုးတော် ဘုရား လက်ထက်ပါ။

ပြင်သစ်ဘုရင်၊ မိဖုရားနဲ့ မင်းဆွေမင်းမျိုး၊ မှူးမတ်တွေကို ခေါင်းဖြတ်စက်နဲ့ ကွပ်မျက်ပစ်တဲ့ တော်လှန်ရေးကြီးမှာ ထွက်ပြေးခဲ့ရတဲ့ ပြင်သစ် မင်းညီမင်းသား တစ်ယောက်က သူ့ရဲ့ ရွှေငွေရတနာသေတ္တာတွေ ကို အခုလောလောဆယ် သယ်မပြေးနိုင် လို့ ခဏအပ်ထားပါရစေ ၊ ပြေးရင်းလွှားရင်း သယ်စရာ လှည်းခမရှိသေးလို့ ယခုစာယူလာသူ လှည်းသမားကို အသပြာ ဒင်္ဂါး ၁၀၀ လောက် ခဏစိုက်ပေးပါ လို့ တောင်းတဲ့ ဇာတ်လမ်းပါ ပဲ။ အပ်ထားတဲ့ ရတနာသေတ္တာတွေ ရောက်လာတဲ့ အချိန်ကျမှ ဘယ်ရွေ့ဘယ်မျှ ဝေစုယူပါပေါ့လေ ။

အောင်မယ်လေး၊ အလိမ်ခံရသူတွေ ဒုနဲ့ဒေး အများကြီးပဲပေါ့။ အဲဒီခေတ် ကစပြီး ဒီနည်းကို ပုံစံအမျိုးမျိုး ဆန်းသစ်ပြီး လိမ်စားလာကြတာ ပါ။ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်လောက် မှာတော့ နိုင်ဂျီးရီးယားမင်းသား သဝဏ်လွှာလို့ ခေါ်ကြပါတယ်။

အာဖရိကတိုက် နိုင်ဂျီးရီးယားနိုင်ငံက မင်းညီမင်းသားတစ်ပါး ဒီလိုအခက်အခဲကြုံလို့ အကူအညီတောင်းတဲ့ စာကို လက်နှိပ်စက်နဲ့ သေသေသပ်သပ်ရိုက်ပြီး အာဖရိကတံဆိပ်ခေါင်းနဲ့ စာတိုက်က ပို့လာတော့လည်း ယုံကြည်ပြီး အလိမ်ခံရသူ အများကြီးတဲ့။

အခုအင်တာနက်ခေတ် မှာလည်း နိုင်ဂျီရီးယားကစာ (Nigerian Letter) လို့ ခေါ်ကြတဲ့ အီးမေးလ်တွေ ပို့ပြီး ဒီနည်းအတိုင်း လိမ်ကြတာပဲ ။ ဒီလိမ်လည်နည်းက အလွန်ကျော်ကြားတာကြောင့် နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့က အထူးစုံစမ်းရေးဌာနတစ်ခုတောင် ဖွင့်ပေးထား ရတယ်။ အင်္ဂလိပ်ကိုလိုနီ ဖြစ်ဖူးတဲ့ နိုင်ဂျီးရီးယားရဲ့ လိမ်လည်မှု ဥပဒေပုဒ်မ ၄၁၉ ကို အစွဲပြုပြီး 419 (ဖိုးနိုင်တင်း) အမှုလို့လည်း ခေါ်ကြတယ်။ မြန်မာဥပဒေအတိုင်းဆို ဖိုးတွမ်တီးပေါ့လေ။

နိုင်ဂျီးရီးယားကစာ လိမ်လည်နည်းဆိုပေမဲ့ ခုနောက်ပိုင်းမှာ လူလိမ် အများစုဟာ ဗြိတိန်နဲ့ အမေရိကားက ဖြစ်ပါသတဲ့ ။ လိမ်လည်မှုတွေ ရဲ့ ၆ ရာခိုင်နှုန်းသာ နိုင်ဂျီးရီးယားက ဖြစ်ပြီး ကျန်တာက တခြားနိုင်ငံတွေကတဆင့် လိမ်လည်တာပါ။ နိုင်ဂျီးရီးယားအီးမေးလ်ဆိုရင် လိမ်တာမှန်း လူအတော်များများ သိလာတဲ့အခါ ပုံစံပြောင်းလဲဆန်းသစ် လာတယ်။

လူတိုင်းသိ နာမည်ကျော်အာဏာရှင်ကြီး တစ်ယောက်ယောက် ရဲ့ နာမည်သုံးပြီး သူ့သားသမီးအယောင်ဆောင်တာမျိုးပေါ့ ။ ကဒါဖီ၊ ဆက်ဒမ်ဟူစိန်၊ မူဂါဘီတို့အပြင် ကျနော်ရခဲ့တဲ့ အီးမေးလ် လို ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တိတ်တိတ်ပုန်းသမီး တီနာရွှေတို့လည်း ပါတာပေါ့။ (ပို့သူက ကျနော် မြန်မာမှန်းမသိဘဲ ရမ်းသမ်းအားလုံးကို လျှောက်ပို့တာ ထင်တယ် ။ အဲဒီအီးမေးလ်ရတုန်းက မိတ်ဆွေ သူငယ်ချင်း တွေပြပြီး ရယ်ကြတယ် ။ ပြီးတော့ ဘယ်မှာ သိမ်းမိမှန်းမသိဘူး ၊ ခုရှာကြည့်တာ မတွေ့သေးဘူး။ တွေ့ရင်ပြမယ်။)

ဒီလိမ်နည်းမှာ အရင် တုန်းကတော့ ငွေကြေးပမာဏ အများကြီးနဲ့ ဆွဲဆောင်ကြတယ်။ ဒါမှ ခွဲပေးတဲ့ ဝေစု ရာခိုင်နှုန်းနည်းပေမဲ့ မက်မောလောက်အောင် ရနိုင်တာပေါ့။ ဒေါ်လာ ၁၀ သန်းကို ရက်ရက်ရောရောကြီး တစ်ဝက်ခွဲပေးမ ယ်ဆိုရင် အလိမ်ခံရတဲ့သူက ယုံမှာ မဟုတ်ဘူး ။ ဒါပေမဲ့၊ သန်း ၁၀၀ ရဲ့ ၁၀ ရာခိုင်နှုန်းဆိုရင် ယုတ္တိလည်းရှိ ဝေစုပမာဏလည်း များတယ်လေ ။

နောက်ပိုင်းတော့ ငွေကြေးအပြင် ငယ်ရွယ်ချောမောပြီး အားကိုးရာမဲ့နေ တဲ့ မင်းသမီး၊ မင်းသားလေးပါ ဇာတ်လမ်းထဲ ထည့်လာတယ်။ ငွေနဲ့ သာမက ဖွန်နဲ့ပါ မျှားတာမို့ ထောင်ချောက် မိသူတွေ အများကြီး တိုးလာတာပေါ့။ ကမ္ဘာပေါ်မှာ ဒီနည်းနဲ့ အလိမ်ခံရတဲ့ ငွေပမာဏ တစ်နှစ်ကို ဒေါ်လာ သန်းရာချီတယ်လို့ သိရပါတယ်။

ပိုပြီး အံ့ဩစရာကောင်းတာက အလိမ်ခံရသူ အများစုဟာ ဗြိတိန် နဲ့ အမေရိကားလို ချမ်းသာဖွံ့ဖြိုးတဲ့ နိုင်ငံကလူတွေ ဖြစ်ပါ သတဲ့။ ခေတ်မီနိုင်ငံတွေမှာ ယုံတဲ့လူတွေ ရှိမှရှိပါ့မလားလို့ မထင် လိုက်ပါနဲ့။ တစ်ထောင်မှာ တစ်ယောက် ထူတဲ့ပိန်းတဲ့ သားကောင်တွေ ပေါမှပေါ ။ လိမ်တဲ့သူက ဘာမှအရင်းစိုက်ရတာ မဟုတ်ဘဲ အီးမေးလ်တွေ လျှောက်ဖြန့်နေရုံပဲလေ။ ငါးမျှားသလို တစ်ကောင်မှ မရလည်း ရေချိုးပြီး ပြန်ရုံပဲ ။ မိတော့လည်း ဆူဆူဖြိုးဖြိုးစားရတာပေါ့။

မှုခင်း ပညာရှင်တွေကတော့ ဒီနည်းကို ကြိုတင်အခကြေးငွေယူတဲ့ advance-fee scam လိမ်နည်း အမျိုးအစားထဲမှာ စာရင်းသွင်းထားပါတယ်။ အများဆုံးတွေ့ရလေ့ ရှိတဲ့ လိမ်နည်းအမျိုးအစား ဖြစ်ပါတယ်။ ရရှိမယ့် ငွေကြေးပမာဏအများကြီး ကို မက်မောလောက်အောင် ပြပြီး၊ ဒီငွေရဖို့ ကြိုတင်ငွေနည်းနည်း အရင်သွင်းပါဆိုတဲ့ လိမ်လည်နည်းပါ။

တခြားနိုင်ငံမှာနေပြီး အပြင်မှာ လူချင်းမမြင်ဖူးတဲ့ အွန်လိုင်းမိတ်ဆွေ၊ ချစ်သူရည်းစားက အဖိုးတန် လက်ဆောင်ပစ္စည်းတွေ ပို့လိုက်မယ် လို့ မစားရဝခမန်း ပစ္စည်း ဓာတ်ပုံတွေ အင်တာနက်မှာ ပြပြီး၊ ရက်နည်းနည်းကြာတော့ အခုလေဆိပ်သိုလှောင်ခန်း မှာ ပါဆယ်သေတ္တာ ရောက်နေပါပြီ၊ ထုတ်ယူနိုင်အောင် လိုင်းကြေးနဲ့ အကောက်ခွန်ကျပ် တစ်သိန်းခွဲ အရင်ပေးဖို့ လာတောင်း တာမျိုး ကြားဖူးတယ်မဟုတ်လား။

နောက်ထပ် ဥပမာအနေနဲ့၊ အခု မြန်မာပြည် မှာ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်ကို သုံးပြီး လိမ်ဖို့ ကြိုးစားနေတဲ့အမှုတစ်ခု ရှိပါတယ်။ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ညွှန်ကြားချက်အရ အစိုးရက နိုင်ငံသားတွေကို ထောက်ပံ့ကြေးပေးဖို့ အစီအစဉ်အနေနဲ့ ကျပ် ၁၇၅ သိန်းကို မြန်မာ့စီးပွားရေးဘဏ်မှာ ထုတ်ယူနိုင်အောင် စီစဉ်ထားပြီး ဖြစ်ကြောင်း ဘဏ်တာဝန်ခံ အရာရှိကြီး အယောင်ဆောင်ပြီး ဖုန်းဆက်အကြောင်းကြားလာလိမ့်မယ်။ ပြီးတော့မှ ဒီ ၁၇၅ သိန်းကို ရရှိဖို့အတွက် ပထမဦးဆုံး ငွေပေါင်အဖြစ် ကျပ် ၃ သိန်းခွဲကို Wave Money နဲ့ လွှဲပေးပါလို့ “ကြိုတင်ငွေ” တောင်းယူတာပါ ။

ဒါကြောင့် ငွေကြေး၊ အကျိုးအမြတ် ၊ အခွင့်အရေးတစ်ခုရဖို့အတွက် ဘယ်သောအခါမှ ကြိုတင်ငွေ မပေးမိပါစေနဲ့လို့ မှုခင်းပညာရှင်တွေက သတိ ပေးပါတယ်။

မြန်မာနိုင်ငံမှာ လောလောဆယ် အားနည်းချက်ကတော့ လက်ကိုင်ဖုန်းအတော်များများဟာ စနစ်တကျ မှတ်ပုံတင်မထားလို့ ပိုင်ရှင်အမှန်မသိနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ကိုင်ဖုန်းနံပါတ်တစ်ခုကို ငွေလွှဲပေး လိုက်မိရင် တရားခံရှာလို့ မရတော့ဘူး။ ဒီအားနည်းချက် ကို အခွင့်ကောင်းယူ လို့ရနေတာကြောင့် လူလိမ်တွေ ပိုပြီးအတင့်ရဲ သောင်းကျန်းနေတာပါ ။

အကောင်းဆုံးကာကွယ်နည်းကတော့ ကိုယ့် ရဲ့ အီးမေးလ်လိပ်စာ၊ ဖုန်းနံပါတ်တွေကို မသမာသူတွေ မသိအောင် လျှို့ဝှက်ထားဖို့ ဖြစ်ပါတယ်။ အိုး… ဒီလောက်မအပါဘူး။ ဘယ်ပေးမလဲလို့ မထင်လိုက်နဲ့။ မသိအောင် ယူနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိတယ်။

အင်တာနက်ပေါ်မှာ၊ ဖေ့စ်ဘွတ်ခ်၊ အင်စတာဂရမ်မှာ ကစားနည်းလေးတွေ app တွေ ရှိတယ်လေ ။ အရိုးဆုံးက တစ်ပတ်စာ ဗေဒင်ဟောကိန်း၊ သင့်ဖူးစာရှင် ဘယ်သူလဲဆိုပြီး မင်းသား၊ မင်းသမီး၊ အဆိုတော်၊ ဆယ်လီတွေနဲ့ အပျော်တွဲပေးတာမျိုး၊ သင့်ကို ကြိတ်ပြီးကြွေနေ သူကတော့…ဆိုတာမျိုး ကစားနည်းလေးတွေမှာ ကိုယ့်ရဲ့ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ် ပရိုဖိုင်းလ်စတာတွေ ပေးလိုက်ရင် အပျော်ဝင်ဆော့လို့ရတယ်။ ဒါပေမဲ့၊ စပြီး ဝင်တော့မယ် ဆိုတာ နဲ့ “သင့်ပရိုဖိုင်းလ်ထဲက သင့် အီးမေးလ်နဲ့ friend list ကို ယူပါမည်၊ သဘော တူပါသလား ” ဆိုတဲ့ စာတမ်းလေး ဖျတ်က နဲ ပေါ်လာပြီး Yes or No ဆိုရင် လူအများစုက မစဉ်းမစား ယက်လိုက်တာပဲ။ အဲဒီမှာ ပါသွားပါလေရော။

ကိုယ့်အီးမေးလ် ၊ ဖုန်းနံပါတ်၊ မိတ်ဆွေစာရင်းကို ယူသွားသူက လူလိမ် ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ သူက တခြားလူတွေကို ဒီအချက်အလက်တွေ တဆင့်ပြန် ရောင်းစားတဲ့အခါ မသမာသူတွေ လက်ထဲ ရောက်သွားနိုင် တာပေါ့။ ပြီးခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာတောင် ရုရှားထောက်လှမ်းရေးက ဒီနည်းသုံးပြီး ဝင်ရောက်စွက်ဖက်ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲအရေးယူခဲ့ ရပါတယ် ။ ဖေ့စ်ဘွတ်ခ် စီအီးအို မတ်ခ် ဇတ်ကာဘတ် အမေရိကန် လွှတ်တော် မှာ အစစ်ဆေးခံရပြီး၊ ရုရှားထောက်လှမ်းရေးအရာရှိတွေကို အမေရိကန်က အပြစ်ဒဏ်ပေး ခဲ့တဲ့ ကမ္ဘာကျော်အမှုပါ ။

နိုင်ငံအစိုးရတွေကအစ၊ အွန်လိုင်း လူလိမ်တွေအထိ အလွဲသုံးစားလုပ်နိုင်တဲ့ အီးမေးလ်၊ ဖုန်းနံပါတ်တွေ မပေါက်ကြားအောင် သတိ ရှိရှိ လျှို့ဝှက်ကြဖို့ အလွန်အရေးကြီး ပါတယ်။ ဒါကြောင့် စောစောက ပြောခဲ့တဲ့ အပျော်ဂိမ်းတွေ ကို ကျနော် ဘယ်သော အခါမှ ဝင်မဆော့ပါဘူး ။ ကိုယ်သာမက ကိုယ့်မိတ်ဆွေစာရင်းထဲကသူတွေပါ မတော်တဆ ထိခိုက်နစ်နာသွား မှာ စိုးရိမ်လို့ပါ။

ဒီလောက် သတိထား တဲ့ကြားက ကျနော့အီးမေးလ်လိပ်စာကို ဗိုလ်ချုပ်မှူးကြီးရဲ့ သမီးချောလေး တီနာရွှေ ဘယ်လိုရသွားသလဲ မပြောတတ်ပါဘူးဗျာ။

မင်းမြတ်မောင်

Zawgyi

ျမန္မာျပည္က အထြတ္အထိပ္ ေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊ ရဲ႕ နာမည္ သုံးၿပီး လိမ္တဲ့ အြန္လိုင္းေပၚက လိမ္လည္မႈႀကီး

ယေန႔ ထိတိုင္ အလိမ္ခံေနၾကရ တဲ့ လြန္ခဲ့ေသာ ႏွစ္ေပါင္း ( ၂၂၀ ) ေက်ာ္ ကတည္း က လိမ္စား လာ တဲ့ လိမ္နည္း…

လြန္ခဲ့တဲ့ ႏွစ္အေတာ္ၾကာက မနက္အိပ္ရာ ႏိုးတာ နဲ႔ ထုံးစံအတိုင္း ကြန္ပ်ဴတာ ေရွ႕မွာ ေကာ္ဖီပူပူေလးတစ္ခြက္ နဲ႔ အီးေမးလ္ေတြ စစ္ေနပါတယ္ ၊ အံ့အားသင့္စရာ အီးေမးလ္တစ္ေစာင္ ေတြ႕လိုက္ လို႔ လက္ထဲက ေကာ္ဖီခြက္ လြတ္က်မတတ္ တုန္လႈပ္သြား မိတယ္။ ဘယ္သူ႔ဆီက အီးေမးလ္ထင္သလဲ။ ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊ ရဲ႕ ခ်စ္သမီးေလးဆီ ကပါခင္ဗ်ာ ။

အဂၤလိပ္ဘာသာ အီးေမးလ္မွာ နိဒါန္းပ်ိဳး သူ႔ကိုယ္သူ မိတ္ဆက္ထား တာကေတာ့ သူဟာ အေရွ႕ေတာင္ အာရွ ျမန္မာျပည္က အထြတ္အထိပ္ ေခါင္းေဆာင္ႀကီး ျဖစ္တဲ့ ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ ႐ႊရဲ႕ အငယ္ဆုံးသမီး တီနာေ႐ႊ ျဖစ္ပါသတဲ့။ ဟင္… စိန္စီေသာညဆိုၿပီး ပြက္ေလာထေအာင္ မဂၤလာပြဲႀကီး ဆင္ႏႊဲခဲ့တာ သႏၲာေ႐ႊ မဟုတ္လား။ အခု ဘယ္က တီနာေ႐ႊလဲ။ သူက ဒီလို ဆက္ရွင္း ထားတယ္။

Senior General ႀကီးဟာ ျမန္မာျပည္ မွာ အလွဆုံး ဖက္ရွင္ေမာ္ဒယ္လ္ ႐ုပ္ရွင္မင္းသမီးျဖစ္တဲ့ သူ႔မိခင္ နဲ႔ တိတ္တိတ္ပုန္း ညားၿပီး သူ႔ကို ေမြးဖြားခဲ့တာ ဆိုပဲ ။ က်ေနာ္လည္း ေခြးဘီလူးႀကီး ရဲ႕ ဘယ္သူမွ မသိေသး တဲ့ အရႈပ္ေတာ္ပုံေတာ့ ေပၚလာၿပီဆိုၿပီး မ်က္လုံးျပဴးမ်က္ဆန္ျပဴး ဆက္ဖတ္ၾကည့္မိတယ္။ သူ႔နာမည္ကေတာ့ Tina Shwe ျဖစ္ၿပီး အျပင္လူေတြ မသိေပမဲ့ ဖခင္ ဗိုလ္ခ်ဳပ္မႉးႀကီးက တုန္ေနေအာင္ ခ်စ္တယ္ ။ အခု အသက္ ၁၉ ႏွစ္ရွိၿပီး ဖက္ရွင္ ဒီဇိုင္းပညာသင္တန္း တက္ေနဆဲ ခ်စ္သူရည္းစားလည္း မရွိေသးပါဘူးတဲ့။

အင္း… ေခြးဘီလူးႀကီးရဲ႕ သမီးေတြ တစ္ေယာက္ မွ ပုံမလာဘဲ စိတ္ပ်က္႐ြံရွာစရာ ႐ုပ္ႀကီးေတြခ်ည္းပဲ။ ေဟာဒီ တီနာေ႐ႊတစ္ေယာက္ေတာ့ အေမက ႐ုပ္ရွင္မင္းသမီးဆိုရင္ ငယ္ငယ္ေခ်ာေခ်ာေလးမ်ားလား၊ ရင္ေတြေတာင္ ခုန္လာတယ္။

ဆက္ဖတ္ၾကည့္တဲ့ အခါ၊ သူ႔ဖခင္ဟာ အာဏာလက္လြတ္ ျဖစ္သြား ၿပီးတဲ့ေနာက္ အျပင္ကို လုံးဝမထြက္ေတာ့ဘဲ ေနျပည္ေတာ္က ေျမေအာက္လိုဏ္ေခါင္း စံအိမ္ေတာ္ႀကီးထဲမွာ အေစာင့္ အထပ္ထပ္ နဲ႔ ခိုေအာင္းေနထိုင္ေနတဲ့အေၾကာင္း၊ သူ႔မွာ ဖခင္နဲ႔လည္း ေတြ႕ခြင့္မရေတာ့ဘဲ ဖခင္အေမြေပးထားတဲ့ ေဒၚလာ ၇၂၈ သန္းနဲ႔ ဘယ္ဆီေျပးလို႔ ပုန္းေရွာင္ရမလဲ ရတက္ေပြကာ အခက္ေတြ ႀကဳံေနရပါေၾကာင္း ဖြဲ႕ဖြဲ႕ႏြဲ႕ႏြဲ႕ ေရးထား တယ္။

စိတ္ပူပန္ေသာက ဖိစီးေန တဲ့ သူ႔မိခင္ဟာလည္း အိပ္မေပ်ာ္ႏိုင္လို႔ အိပ္ေဆးေတြ ေသာက္ရင္း လြန္ခဲ့တဲ့ ၆ လတုန္းက အိပ္ေဆးလြန္ကာ ကြယ္လြန္သြားရွာေရာတဲ့။

တစ္ေကာင္ႂကြက္ သမီးေလးခမ်ာ ႀကံရာမရလို႔ အြန္လိုင္းေဆြးေႏြးပြဲတစ္ခုမွာ က်ေနာ့အီးေမးလ္လိပ္စာကို အမွတ္မထင္ရၿပီး အားကိုးတႀကီး အကူအညီေတာင္းလိုက္ရတာ ျဖစ္ပါတယ္တဲ့။ သူဟာ ျမန္မာျပည္တြင္း မွာ အသက္ အႏၲရာယ္ျဖစ္ႏိုင္တာေၾကာင့္ နယ္စပ္ကတဆင့္ တျခားႏိုင္ငံကို ထြက္ေျပးဖို႔ ႀကံစည္ေနတဲ့အတြက္ သူ႔ရဲ႕ ေဒၚလာ ၇၂၈ သန္းကို ျပည္ပဘဏ္စာရင္းထဲ တိတ္တဆိတ္ ႀကိဳတင္လႊဲေပးဖို႔ စိတ္ခ်ရသူ တစ္ေယာက္ ကို လိုက္ရွာေနတာလို႔ ေျပာတယ္ ။ က်ေနာ့ ရဲ႕ ဓာတ္ပုံထဲမွာ ေခ်ာေမာခန႔္ညား တည္ၾကည္တဲ့ ဥပဓိ႐ုပ္ကို ျမင္လိုက္တာ နဲ႔ ေယာက္်ားေကာင္း တစ္ေယာက္မွန္း အကဲခတ္မိတယ္ လို႔ ဆိုပါတယ္။ (သူေျပာတာ ဟုတ္မွာပါ။)

ဒါေၾကာင့္ က်ေနာ့ ရဲ႕ ဘဏ္စာရင္းထဲ ကို ေဒၚလာ ၇၂၈ သန္း လႊဲေျပာင္းေပးတာ လက္ခံၿပီး ျပည္ပကို သူေရာက္လာတဲ့ အထိ ေခတၱထိန္းသိမ္းေစာင့္ေရွာက္ေပးႏိုင္မလား လို႔ ေမးရတာပါတဲ့ ။ ခုလို ေဆာင္႐ြက္ေပးရတဲ့အတြက္ ၁၀ ရာခိုင္ႏႈန္း အက်ိဳးခံစားခြင့္ အျပင္ အေထြေထြစရိတ္ အျဖစ္ ေနာက္ထပ္ ၃ သန္း စုစုေပါင္း ၇၅.၈ သန္း ေပးပါမယ္ လို႔ သူကတိျပဳေၾကာင္း ေရးထားတယ္။

နယ္စပ္ကတဆင့္ ႏိုင္ငံျခားတိုင္းျပည္တစ္ခုခုကို သူေရာက္လာတဲ့ အခါ က်န္တဲ့ ၆၅၂.၂ သန္းကို ျပန္ေပးဖို႔ ကတိသစၥာ ျပဳရမယ္လို႔ ေသေသခ်ာခ်ာ ေရးထားတယ္။

အလြန္အေရးႀကီးတဲ့အခ်က္က ေငြလႊဲေပးရမယ့္ က်ေနာ့ ဘဏ္စာရင္းနံပါတ္ အလြဲအမွား မရွိေအာင္နဲ႔ ယုံၾကည္ စိတ္ခ်မႈ ရွိမရွိ ေသခ်ာေစဖို႔ က်ေနာ္အသုံးျပဳမယ့္ ဘဏ္စာရင္းကေန အဂၤလန္က ဘဏ္စာရင္းတစ္ခုထဲကို ေဒၚလာ ၂၅၀၀ အစမ္းပို႔ေပးပါလို႔ ေတာင္း ဆိုထားတယ္ ။

က်ေနာ္ရရွိမယ့္ ၇၅.၈ သန္းနဲ႔ ႏႈိင္းစာ ရင္ ေဒၚလာ ၂၅၀၀ ဟာ မေျပာပေလာက္တဲ့ အေသးအဖြဲေလး ျဖစ္လို႔ အျမန္ဆုံး လုပ္ငန္း စဖို႔ တိုက္တြန္းတယ္။ သူ႔မွာ အခ်ိန္မေ႐ြး ေဘးအႏၲရာယ္က်ေရာက္ႏိုင္တဲ့အတြက္ က်ေနာ္ နဲ႔ အဆင္မေျပရင္ တျခားလူတစ္ေယာက္ ကို ဆက္သြယ္ရမွာ မို႔ ၄၈ နာရီ အတြင္း အေၾကာင္းျပန္ ပါတဲ့ဗ်ာ။

ေအာင္မငီး… ရင္ေတြခုန္လိုက္တာေနာ္။ ေနရင္းထိုင္ရင္း ေဒၚလာ ၇၅ သန္းေက်ာ္ ထီေပါက္တာ ပါလား။ တကယ္လို႔ ခ်စ္သူရည္းစား မရွိေသးတဲ့ တီနာေ႐ႊသာ အေမတူ ေခ်ာခခ်ာလွလွေလးဆိုရင္ ဖူးစာဆုံေ႐ႊလက္တြဲလို႔ ေဒၚလာ ၇၂၈ သန္းနဲ႔ တူႏွစ္ကိုယ္ ဘဝတစ္ခု ထူေထာင္ၾကမယ္ေလ။ စိတ္ယုတ္မာေမြးၿပီး တစ္ကိုယ္ေကာင္းႀကံမယ္ဆိုရင္ တီနာေ႐ႊကို ေခါက္ထားၿပီး ကိုယ့္ဘဏ္ထဲ ေရာက္လာတဲ့ ပိုက္ဆံအားလုံး ဝိုက္လိုက္လို႔လည္း ရေသးတယ္။

အိုးဟိုးဟိုး… က်ေနာ္ ဒီေလာက္ ဘယ္ အ ပါမလဲဗ်ာ။ ဒီလိုမ်ိဳးဇာတ္လမ္းေတြ နဲ႔ လိမ္စားလာတာ ျပင္သစ္ေတာ္လွန္ေရးေခတ္ လြန္ခဲ့တဲ့ ႏွစ္ ၂၂၀ ေက်ာ္ကတည္းကပါ။ တကယ္လို႔သာ ယုံၾကည္မိၿပီး ေဒၚလာ ၂၅၀၀ အရင္လႊဲေပးလိုက္ရင္ ပလုံကနဲေတာင္ အသံမျမည္ဘဲ ဆုံးၿပီေပါ့ ။

၁၇၈၉ ကေန ၁၇၉၉ ခုႏွစ္ အထိ ျဖစ္ပြားခဲ့တဲ့ ျပင္သစ္ေတာ္လွန္ေရးႀကီးကတည္းက လိမ္နည္းပဲ။ ျမန္မာျပည္မွာ ဘိုးေတာ္ဘုရားေခတ္ေပါ့။ ေနာက္တာမဟုတ္ဘူး၊ တကယ္ဘိုးေတာ္ ဘုရား လက္ထက္ပါ။

ျပင္သစ္ဘုရင္၊ မိဖုရားနဲ႔ မင္းေဆြမင္းမ်ိဳး၊ မႉးမတ္ေတြကို ေခါင္းျဖတ္စက္နဲ႔ ကြပ္မ်က္ပစ္တဲ့ ေတာ္လွန္ေရးႀကီးမွာ ထြက္ေျပးခဲ့ရတဲ့ ျပင္သစ္ မင္းညီမင္းသား တစ္ေယာက္က သူ႔ရဲ႕ ေ႐ႊေငြရတနာေသတၱာေတြ ကို အခုေလာေလာဆယ္ သယ္မေျပးႏိုင္ လို႔ ခဏအပ္ထားပါရေစ ၊ ေျပးရင္းလႊားရင္း သယ္စရာ လွည္းခမရွိေသးလို႔ ယခုစာယူလာသူ လွည္းသမားကို အသျပာ ဒဂၤါး ၁၀၀ ေလာက္ ခဏစိုက္ေပးပါ လို႔ ေတာင္းတဲ့ ဇာတ္လမ္းပါ ပဲ။ အပ္ထားတဲ့ ရတနာေသတၱာေတြ ေရာက္လာတဲ့ အခ်ိန္က်မွ ဘယ္ေ႐ြ႕ဘယ္မွ် ေဝစုယူပါေပါ့ေလ ။

ေအာင္မယ္ေလး၊ အလိမ္ခံရသူေတြ ဒုနဲ႔ေဒး အမ်ားႀကီးပဲေပါ့။ အဲဒီေခတ္ ကစၿပီး ဒီနည္းကို ပုံစံအမ်ိဳးမ်ိဳး ဆန္းသစ္ၿပီး လိမ္စားလာၾကတာ ပါ။ လြန္ခဲ့တဲ့ ႏွစ္တစ္ရာေက်ာ္ေလာက္ မွာေတာ့ ႏိုင္ဂ်ီးရီးယားမင္းသား သဝဏ္လႊာလို႔ ေခၚၾကပါတယ္။

အာဖရိကတိုက္ ႏိုင္ဂ်ီးရီးယားႏိုင္ငံက မင္းညီမင္းသားတစ္ပါး ဒီလိုအခက္အခဲႀကဳံလို႔ အကူအညီေတာင္းတဲ့ စာကို လက္ႏွိပ္စက္နဲ႔ ေသေသသပ္သပ္႐ိုက္ၿပီး အာဖရိကတံဆိပ္ေခါင္းနဲ႔ စာတိုက္က ပို႔လာေတာ့လည္း ယုံၾကည္ၿပီး အလိမ္ခံရသူ အမ်ားႀကီးတဲ့။

အခုအင္တာနက္ေခတ္ မွာလည္း ႏိုင္ဂ်ီရီးယားကစာ (Nigerian Letter) လို႔ ေခၚၾကတဲ့ အီးေမးလ္ေတြ ပို႔ၿပီး ဒီနည္းအတိုင္း လိမ္ၾကတာပဲ ။ ဒီလိမ္လည္နည္းက အလြန္ေက်ာ္ၾကားတာေၾကာင့္ ႏိုင္ဂ်ီးရီးယား ရဲတပ္ဖြဲ႕က အထူးစုံစမ္းေရးဌာနတစ္ခုေတာင္ ဖြင့္ေပးထား ရတယ္။ အဂၤလိပ္ကိုလိုနီ ျဖစ္ဖူးတဲ့ ႏိုင္ဂ်ီးရီးယားရဲ႕ လိမ္လည္မႈ ဥပေဒပုဒ္မ ၄၁၉ ကို အစြဲျပဳၿပီး 419 (ဖိုးႏိုင္တင္း) အမႈလို႔လည္း ေခၚၾကတယ္။ ျမန္မာဥပေဒအတိုင္းဆို ဖိုးတြမ္တီးေပါ့ေလ။

ႏိုင္ဂ်ီးရီးယားကစာ လိမ္လည္နည္းဆိုေပမဲ့ ခုေနာက္ပိုင္းမွာ လူလိမ္ အမ်ားစုဟာ ၿဗိတိန္နဲ႔ အေမရိကားက ျဖစ္ပါသတဲ့ ။ လိမ္လည္မႈေတြ ရဲ႕ ၆ ရာခိုင္ႏႈန္းသာ ႏိုင္ဂ်ီးရီးယားက ျဖစ္ၿပီး က်န္တာက တျခားႏိုင္ငံေတြကတဆင့္ လိမ္လည္တာပါ။ ႏိုင္ဂ်ီးရီးယားအီးေမးလ္ဆိုရင္ လိမ္တာမွန္း လူအေတာ္မ်ားမ်ား သိလာတဲ့အခါ ပုံစံေျပာင္းလဲဆန္းသစ္ လာတယ္။

လူတိုင္းသိ နာမည္ေက်ာ္အာဏာရွင္ႀကီး တစ္ေယာက္ေယာက္ ရဲ႕ နာမည္သုံးၿပီး သူ႔သားသမီးအေယာင္ေဆာင္တာမ်ိဳးေပါ့ ။ ကဒါဖီ၊ ဆက္ဒမ္ဟူစိန္၊ မူဂါဘီတို႔အျပင္ က်ေနာ္ရခဲ့တဲ့ အီးေမးလ္ လို ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊရဲ႕ တိတ္တိတ္ပုန္းသမီး တီနာေ႐ႊတို႔လည္း ပါတာေပါ့။ (ပို႔သူက က်ေနာ္ ျမန္မာမွန္းမသိဘဲ ရမ္းသမ္းအားလုံးကို ေလွ်ာက္ပို႔တာ ထင္တယ္ ။ အဲဒီအီးေမးလ္ရတုန္းက မိတ္ေဆြ သူငယ္ခ်င္း ေတြျပၿပီး ရယ္ၾကတယ္ ။ ၿပီးေတာ့ ဘယ္မွာ သိမ္းမိမွန္းမသိဘူး ၊ ခုရွာၾကည့္တာ မေတြ႕ေသးဘူး။ ေတြ႕ရင္ျပမယ္။)

ဒီလိမ္နည္းမွာ အရင္ တုန္းကေတာ့ ေငြေၾကးပမာဏ အမ်ားႀကီးနဲ႔ ဆြဲေဆာင္ၾကတယ္။ ဒါမွ ခြဲေပးတဲ့ ေဝစု ရာခိုင္ႏႈန္းနည္းေပမဲ့ မက္ေမာေလာက္ေအာင္ ရႏိုင္တာေပါ့။ ေဒၚလာ ၁၀ သန္းကို ရက္ရက္ေရာေရာႀကီး တစ္ဝက္ခြဲေပးမ ယ္ဆိုရင္ အလိမ္ခံရတဲ့သူက ယုံမွာ မဟုတ္ဘူး ။ ဒါေပမဲ့၊ သန္း ၁၀၀ ရဲ႕ ၁၀ ရာခိုင္ႏႈန္းဆိုရင္ ယုတၱိလည္းရွိ ေဝစုပမာဏလည္း မ်ားတယ္ေလ ။

ေနာက္ပိုင္းေတာ့ ေငြေၾကးအျပင္ ငယ္႐ြယ္ေခ်ာေမာၿပီး အားကိုးရာမဲ့ေန တဲ့ မင္းသမီး၊ မင္းသားေလးပါ ဇာတ္လမ္းထဲ ထည့္လာတယ္။ ေငြနဲ႔ သာမက ဖြန္နဲ႔ပါ မွ်ားတာမို႔ ေထာင္ေခ်ာက္ မိသူေတြ အမ်ားႀကီး တိုးလာတာေပါ့။ ကမာၻေပၚမွာ ဒီနည္းနဲ႔ အလိမ္ခံရတဲ့ ေငြပမာဏ တစ္ႏွစ္ကို ေဒၚလာ သန္းရာခ်ီတယ္လို႔ သိရပါတယ္။

ပိုၿပီး အံ့ဩစရာေကာင္းတာက အလိမ္ခံရသူ အမ်ားစုဟာ ၿဗိတိန္ နဲ႔ အေမရိကားလို ခ်မ္းသာဖြံ႕ၿဖိဳးတဲ့ ႏိုင္ငံကလူေတြ ျဖစ္ပါ သတဲ့။ ေခတ္မီႏိုင္ငံေတြမွာ ယုံတဲ့လူေတြ ရွိမွရွိပါ့မလားလို႔ မထင္ လိုက္ပါနဲ႔။ တစ္ေထာင္မွာ တစ္ေယာက္ ထူတဲ့ပိန္းတဲ့ သားေကာင္ေတြ ေပါမွေပါ ။ လိမ္တဲ့သူက ဘာမွအရင္းစိုက္ရတာ မဟုတ္ဘဲ အီးေမးလ္ေတြ ေလွ်ာက္ျဖန႔္ေန႐ုံပဲေလ။ ငါးမွ်ားသလို တစ္ေကာင္မွ မရလည္း ေရခ်ိဳးၿပီး ျပန္႐ုံပဲ ။ မိေတာ့လည္း ဆူဆူၿဖိဳးၿဖိဳးစားရတာေပါ့။

မႈခင္း ပညာရွင္ေတြကေတာ့ ဒီနည္းကို ႀကိဳတင္အခေၾကးေငြယူတဲ့ advance-fee scam လိမ္နည္း အမ်ိဳးအစားထဲမွာ စာရင္းသြင္းထားပါတယ္။ အမ်ားဆုံးေတြ႕ရေလ့ ရွိတဲ့ လိမ္နည္းအမ်ိဳးအစား ျဖစ္ပါတယ္။ ရရွိမယ့္ ေငြေၾကးပမာဏအမ်ားႀကီး ကို မက္ေမာေလာက္ေအာင္ ျပၿပီး၊ ဒီေငြရဖို႔ ႀကိဳတင္ေငြနည္းနည္း အရင္သြင္းပါဆိုတဲ့ လိမ္လည္နည္းပါ။

တျခားႏိုင္ငံမွာေနၿပီး အျပင္မွာ လူခ်င္းမျမင္ဖူးတဲ့ အြန္လိုင္းမိတ္ေဆြ၊ ခ်စ္သူရည္းစားက အဖိုးတန္ လက္ေဆာင္ပစၥည္းေတြ ပို႔လိုက္မယ္ လို႔ မစားရဝခမန္း ပစၥည္း ဓာတ္ပုံေတြ အင္တာနက္မွာ ျပၿပီး၊ ရက္နည္းနည္းၾကာေတာ့ အခုေလဆိပ္သိုေလွာင္ခန္း မွာ ပါဆယ္ေသတၱာ ေရာက္ေနပါၿပီ၊ ထုတ္ယူႏိုင္ေအာင္ လိုင္းေၾကးနဲ႔ အေကာက္ခြန္က်ပ္ တစ္သိန္းခြဲ အရင္ေပးဖို႔ လာေတာင္း တာမ်ိဳး ၾကားဖူးတယ္မဟုတ္လား။

ေနာက္ထပ္ ဥပမာအေနနဲ႔၊ အခု ျမန္မာျပည္ မွာ ႏိုင္ငံေတာ္သမၼတႀကီး ဦးဝင္းျမင့္နဲ႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ နာမည္ကို သုံးၿပီး လိမ္ဖို႔ ႀကိဳးစားေနတဲ့အမႈတစ္ခု ရွိပါတယ္။ ဦးဝင္းျမင့္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔ရဲ႕ ၫႊန္ၾကားခ်က္အရ အစိုးရက ႏိုင္ငံသားေတြကို ေထာက္ပံ့ေၾကးေပးဖို႔ အစီအစဥ္အေနနဲ႔ က်ပ္ ၁၇၅ သိန္းကို ျမန္မာ့စီးပြားေရးဘဏ္မွာ ထုတ္ယူႏိုင္ေအာင္ စီစဥ္ထားၿပီး ျဖစ္ေၾကာင္း ဘဏ္တာဝန္ခံ အရာရွိႀကီး အေယာင္ေဆာင္ၿပီး ဖုန္းဆက္အေၾကာင္းၾကားလာလိမ့္မယ္။ ၿပီးေတာ့မွ ဒီ ၁၇၅ သိန္းကို ရရွိဖို႔အတြက္ ပထမဦးဆုံး ေငြေပါင္အျဖစ္ က်ပ္ ၃ သိန္းခြဲကို Wave Money နဲ႔ လႊဲေပးပါလို႔ “ႀကိဳတင္ေငြ” ေတာင္းယူတာပါ ။

ဒါေၾကာင့္ ေငြေၾကး၊ အက်ိဳးအျမတ္ ၊ အခြင့္အေရးတစ္ခုရဖို႔အတြက္ ဘယ္ေသာအခါမွ ႀကိဳတင္ေငြ မေပးမိပါေစနဲ႔လို႔ မႈခင္းပညာရွင္ေတြက သတိ ေပးပါတယ္။

ျမန္မာႏိုင္ငံမွာ ေလာေလာဆယ္ အားနည္းခ်က္ကေတာ့ လက္ကိုင္ဖုန္းအေတာ္မ်ားမ်ားဟာ စနစ္တက် မွတ္ပုံတင္မထားလို႔ ပိုင္ရွင္အမွန္မသိႏိုင္တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ လက္ကိုင္ဖုန္းနံပါတ္တစ္ခုကို ေငြလႊဲေပး လိုက္မိရင္ တရားခံရွာလို႔ မရေတာ့ဘူး။ ဒီအားနည္းခ်က္ ကို အခြင့္ေကာင္းယူ လို႔ရေနတာေၾကာင့္ လူလိမ္ေတြ ပိုၿပီးအတင့္ရဲ ေသာင္းက်န္းေနတာပါ ။

အေကာင္းဆုံးကာကြယ္နည္းကေတာ့ ကိုယ့္ ရဲ႕ အီးေမးလ္လိပ္စာ၊ ဖုန္းနံပါတ္ေတြကို မသမာသူေတြ မသိေအာင္ လွ်ိဳ႕ဝွက္ထားဖို႔ ျဖစ္ပါတယ္။ အိုး… ဒီေလာက္မအပါဘူး။ ဘယ္ေပးမလဲလို႔ မထင္လိုက္နဲ႔။ မသိေအာင္ ယူႏိုင္တဲ့ နည္းလမ္းေတြ အမ်ားႀကီး ရွိတယ္။

အင္တာနက္ေပၚမွာ၊ ေဖ့စ္ဘြတ္ခ္၊ အင္စတာဂရမ္မွာ ကစားနည္းေလးေတြ app ေတြ ရွိတယ္ေလ ။ အ႐ိုးဆုံးက တစ္ပတ္စာ ေဗဒင္ေဟာကိန္း၊ သင့္ဖူးစာရွင္ ဘယ္သူလဲဆိုၿပီး မင္းသား၊ မင္းသမီး၊ အဆိုေတာ္၊ ဆယ္လီေတြနဲ႔ အေပ်ာ္တြဲေပးတာမ်ိဳး၊ သင့္ကို ႀကိတ္ၿပီးေႂကြေန သူကေတာ့…ဆိုတာမ်ိဳး ကစားနည္းေလးေတြမွာ ကိုယ့္ရဲ႕ အီးေမးလ္၊ ေဖ့စ္ဘြတ္ခ္ ပ႐ိုဖိုင္းလ္စတာေတြ ေပးလိုက္ရင္ အေပ်ာ္ဝင္ေဆာ့လို႔ရတယ္။ ဒါေပမဲ့၊ စၿပီး ဝင္ေတာ့မယ္ ဆိုတာ နဲ႔ “သင့္ပ႐ိုဖိုင္းလ္ထဲက သင့္ အီးေမးလ္နဲ႔ friend list ကို ယူပါမည္၊ သေဘာ တူပါသလား ” ဆိုတဲ့ စာတမ္းေလး ဖ်တ္က နဲ ေပၚလာၿပီး Yes or No ဆိုရင္ လူအမ်ားစုက မစဥ္းမစား ယက္လိုက္တာပဲ။ အဲဒီမွာ ပါသြားပါေလေရာ။

ကိုယ့္အီးေမးလ္ ၊ ဖုန္းနံပါတ္၊ မိတ္ေဆြစာရင္းကို ယူသြားသူက လူလိမ္ ဟုတ္ခ်င္မွ ဟုတ္ပါလိမ့္မယ္။ သူက တျခားလူေတြကို ဒီအခ်က္အလက္ေတြ တဆင့္ျပန္ ေရာင္းစားတဲ့အခါ မသမာသူေတြ လက္ထဲ ေရာက္သြားႏိုင္ တာေပါ့။ ၿပီးခဲ့တဲ့ အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာေတာင္ ႐ုရွားေထာက္လွမ္းေရးက ဒီနည္းသုံးၿပီး ဝင္ေရာက္စြက္ဖက္ခဲ့တယ္လို႔ အေမရိကန္က စြပ္စြဲအေရးယူခဲ့ ရပါတယ္ ။ ေဖ့စ္ဘြတ္ခ္ စီအီးအို မတ္ခ္ ဇတ္ကာဘတ္ အေမရိကန္ လႊတ္ေတာ္ မွာ အစစ္ေဆးခံရၿပီး၊ ႐ုရွားေထာက္လွမ္းေရးအရာရွိေတြကို အေမရိကန္က အျပစ္ဒဏ္ေပး ခဲ့တဲ့ ကမာၻေက်ာ္အမႈပါ ။

ႏိုင္ငံအစိုးရေတြကအစ၊ အြန္လိုင္း လူလိမ္ေတြအထိ အလြဲသုံးစားလုပ္ႏိုင္တဲ့ အီးေမးလ္၊ ဖုန္းနံပါတ္ေတြ မေပါက္ၾကားေအာင္ သတိ ရွိရွိ လွ်ိဳ႕ဝွက္ၾကဖို႔ အလြန္အေရးႀကီး ပါတယ္။ ဒါေၾကာင့္ ေစာေစာက ေျပာခဲ့တဲ့ အေပ်ာ္ဂိမ္းေတြ ကို က်ေနာ္ ဘယ္ေသာ အခါမွ ဝင္မေဆာ့ပါဘူး ။ ကိုယ္သာမက ကိုယ့္မိတ္ေဆြစာရင္းထဲကသူေတြပါ မေတာ္တဆ ထိခိုက္နစ္နာသြား မွာ စိုးရိမ္လို႔ပါ။

ဒီေလာက္ သတိထား တဲ့ၾကားက က်ေနာ့အီးေမးလ္လိပ္စာကို ဗိုလ္ခ်ဳပ္မႉးႀကီးရဲ႕ သမီးေခ်ာေလး တီနာေ႐ႊ ဘယ္လိုရသြားသလဲ မေျပာတတ္ပါဘူးဗ်ာ။

မင္းျမတ္ေမာင္

About the author

Aung Lay

Leave a Comment