Health

“သံပုရာသီးရဲ့ အစွမ်းကတော့ တကယ်ကို အံမခန်းပါပဲ ဖတ်သာကြည့်လိုက်ပါတော့ဗျာ”

Written by Aung Lay

သံပုရာသီး အစွမ်းအံမခန်း (မိန်းကလေးများနဲ့လဲ သင့်လျှော်သည်) ကျန်းမာရေး* သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကို ဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေရုံတင်မကဘူး။ တောက်ပစေပါတယ်။

ခံတွင်းအနံ့ မကောင်း တာလည်း ပျောက်စေပါတယ်။ သွားကိုက်နေရင်လည်း သံပုရာရည်နဲ့ပလုတ်ကျင်းပေးပါ။ *နှုတ်ခမ်းကွဲခြင်း* မျက်နှာလိမ်း ခရင်မ်တဇွန်း(လက်ဖက်ရည်သောက်ဇွန်း)နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။

တပတ်လောက် လိမ်းရုံနဲ့ သိသာထင်ရှား ပျောက်ကင်း သွားပါ လိမ့်မယ်။ *ဆံပင်ကျွတ်ခြင်း* အုန်းရည်လေးဇွန်း (စားပွဲတဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တပတ်တခါလောက် လိမ်း ပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်းစေပါတယ်။

*ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက်* ကြက်ဥအကာရည်နှင့် သံပရာရည် (သံပုရာသီးတလုံးစာ)တို့ ရောပြီး ဆံနွယ်အမြစ်ကနေ လိမ်းပေးပါ။ တနာရီခန့် ကြာမှ ရေနဲ့ ပြန်ပြီး ဆေးကြောပေးပါ။

တလလောက် လုပ်ပေးရုံနဲ့တင် ဦးရေပြား သန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင်သွားပါ လိမ့်မယ်။ *အသားအရေ ခြောက်သွေ့ခြင်းအတွက်* ငှက်ပျောသီးမှည့် တလုံးကို ယူပြီး ချေပေးပါ။

ပြီးရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာ ရည် တစက်နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီးတို့ကို ရောစပ်ပေးပါ။ပြီးရင်တော့ မျက်နှာ နဲ့ လက်ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို ချောမွေ့ သန့်ရှင်းစေပါတယ်။

နောက်တနည်းကတော့ ပျားရည်တဇွန်း (လက်ဖက်ရည်ဇွန်း)ကို ဟင်းသီးဟင်းရွက် ဆီနဲ့ ရောပေးပါ။ ပြီးရင် သံပုရာရည် တစက်လောက်နဲ့ ထပ်ရောပြီး လက်တွေ၊တံတောင်ဆစ် တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော်နေတဲ့ နေရာတွေကို လိမ်းပေးပါ။

လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။ သံပုရာသီးဟာ အရေပြား အလှအပအတွက် အကောင်းဆုံး ပေးစွမ်းစေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဝက်ခြံနဲ့ ယားနာတွေကို ပျောက် ကင်းစေတဲ့ သတ္တိရှိပါတယ်။

မှဲ့ခြောက်တွေကိုလည်း ပျောက်ကင်းစေပါတယ်။ သံပုရာရည် နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ်။ *အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်များအတွက်* သံပုရာရည်နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက် ရည်ဇွန်း)တို့ ကို ယူပါ။

သင်္ဘောသီးစိတ်ကိုချေပြီး ပျော့ဖတ်သဖွယ် ရအောင် လုပ်ပါ။ ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံးကို ရောစပ်ပြီး မျက်လုံးက လွဲရင် မျက်နှာတပြင်လုံးကို လိမ်း ပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် ၂၀ ခန့် ကြာအောင် စောင့်ပေးပါ။

ပြီးမှ ရေနဲ့ တဖန်ပြန်ဆေးကြောပေးပါ။ *တံတောင်ဆစ် မည်းခြင်းအတွက်* သံပရာသီးအခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနဲ့ ဆေးပေးပါ။ နည်းနည်းတော့ ကြာပေမယ့် အရေ ပြားကို သန့်စင်သွားပြီး တောက်ပြောင်ဝင်း လက်လာပါလိမ့်မယ်။

တချို့ အသားအရေတွေ ဟာ မှောင်မှောင်မှိုင်းမှိုင်းနဲ့ ခြောက်ခြောက်သွေ့သွေ့ ဖြစ်နေတတ်ပါတယ်။ အရောင်အဝါ လင်းလက် ချင်တယ် ဆိုရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာသီး တလုံးရဲ့ အရည်နဲ့ မျက်နှာမကျန် ခန္ဓာကိုယ် အနှံ့ အိပ်ရာမဝင်ခင် ပွတ်လိမ်းပေးပါ။

မနက်ကျမှ ရေချိုးပေးပါ။ အရေပြားကို တောက်ပြောင်ရွှန်းလဲ့စေပြီး နူးညံ့စေပါတယ်။ အိပ်ရတာ စေးထန်းထန်းနဲ့ မအိပ်ချင်ဘူးဆိုရင်တော့ ရေချိုးတဲ့အခါမှာ ချိုးမယ့်ရေထဲ သံပုရာရည် တခွက်တဝက်ခန့် ထည့်ပြီး အဲဒီ့ရေနဲ့ စိမ်ချိုးပေးပါ။

*လက်သည်း ဆေးစွန်းတာ ဖျောက်ချင်ရင်* သံပုရာသီးစိတ် (သို့) သံပရာရည်ကို ရေထဲရောပြီး လက်ကို စိမ်ပေးပါ။ လက်သည်းမှာ ပေနေတဲ့ အစွန်းအထင်းတွေကို ချက်ခြင်း ချေချွတ်ပေးသွားပါလိမ့်မယ်။

ပြီးသွားရင် လက်သည်းကို ပြန်ဆိုးမယ်ဆိုရင်လည်း ပိုပြီးတောက်ပြောင် လာပါလိမ့်မယ်။ သံပုရာ ရည်ထဲ လက်သည်း ခြေသည်းကို ဆယ် မိနစ်ခန့် စိမ်ပေးပါ။ ပြီးလို့ရှိရင် ဘရက်ရှ်နဲ့ လက်သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက်ပေးပါ။

ပြီးမှ ရေနွေး နွေးနဲ့ ဆေးကြောပေးပါ။ ဒီနည်းဟာ လက်သည်းကို သန်စွမ်းစေပြီး တောက်ပြောင်စေပါတယ်။ ဖြစ်နိုင်ရင် ဗင်နီ ဂါဖြူ ဇွန်းဝက်ခန့်နဲ့ ရေနွေးတဝက်တို့ ရောပြီး ဘရက်ရှ်နဲ့ တိုက်ပေးရင် ပိုကောင်းပါတယ်။

*ခြေထောက်* သံပုရာရည်တခွက်စာ (ကော်ဖီခွက်တခွက်စာ)၊ သစ်ဂျပိုး(အနံ့အတွက်)၊ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင်ဇွန်း)၊ နွားနို့ လေးပုံတပုံ (ခွက်တခွက်)၊ ရေသန့် (ရေကို သင့်တော်သ လို ထည့်နိုင်ပါတယ်၊ အနည်း၊ အများ အရေးမကြီးပါ) တို့ ရောစပ်ပေးပါ။

တကယ်လို့ သစ် ဂျပိုး မသုံးချင်ဘူးဆိုရင် တခြားအနံ့ ပစ္စည်းတို့ သုံးနိုင်ပါတယ်။ နှင်းဆီပွင့်ချပ်တို့ဖြင့်လည်း အစားထိုး အသုံးပြုနိုင်ပါတယ်။ အားလုံးရော စပ်ပြီးရင်တော့ အဲဒီ့အရည်ကို ခြေထောက် စိမ်ပေးရမှာ ဖြစ်ပါတယ်။

ပြီးသွားမှ ရေနဲ့ ဆပ်ပြာ (Mild) နဲ့ သေချာဆေးကြောသန့်စင် ပေးပါ။တပတ်လောက် လုပ်ကြည့်လိုက်တာနဲ့ ခြေထောက် အသားအရေဟာ သိသိသာ သာ ချောမွေ့လာပါလိမ့်မယ်။

*နွေအပူမှာ ချွေးဆူ နေခြင်းအတွက် အကောင်းဆုံး သစ်သီး* ပူပြင်းခြောက်သွေ့တဲ့ နွေရာသီလို ဥတုမျိုးမှာ ချွေးထွက်သက်သာအောင်ပဲ ဖြစ်ဖြစ်၊ရင်ပူ သက်သာအောင် လုပ်ဖို့ပဲ ဖြစ်ဖြစ် သံပုရာသီးရည်ကို ပျားရည်တဇွန်းနဲ့ ရောပြီး သောက် ပေးပါ။

သွေးလေ လည်ပတ်မှုကို ကောင်းမွန်စေရုံမျှမက ချွေးထွက်ခြင်းကိုလည်း သက် သာစေပါတယ်။ သံပုရာသီးထဲမှာ ပါရှိတဲ့ ဂလူးကိုစ့်နဲ့ သတ္တုဓာတ်တွေကြောင့် ခန္ဓာ ကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် အေးမြအောင်လည်း စွမ်းဆောင် ပေးပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဂျာနယ်တစ်စောင်မှာ ဒီဆောင်းပါးကို ဖတ်မိရင်း အော် သံပုရာသီးရဲ့ ကောင်းကျိုးက ဒီလောက်ရှိနေတာ၊ နောက်ပြီး နေရာတိုင်းမှာလည်း သံပုရာသီးကို လွယ်လွယ်ကူကူ ရနိုင်တယ်၊ ရေးကူးထားမှပဲ ဆိုပြီး ဒိုင်ယာရီထဲမှာ ကို ကူးထားပြီး သွားလေရာကို ယူသွားတတ်ပါတယ်၊

အခုတော့ ဘာရယ်မဟုတ်၊ကျန်း မာရေး လိုက်စားသူတွေအတွက် တစုံတခု အသုံးတည့်မယ် ထင်လို့ မှတ်တမ်းအဖြစ် တင်ပြလိုက်ပါတယ် …

၁။ သံပုရာရည်ကို သောက်ခြင်းအားဖြင့် မောပန်းနွမ်းနယ်မှုကို ပြေစေပြီး လူ၏ ခန္ဓာ ကိုယ်တွင် ဖြစ်ပွားတတ်သော အထူးသဖြင့် ဝမ်းဗိုက်တွင် ဖြစ်ပေါ်တတ်သော ရောဂါများ ကို ကာကွယ်နိုင်ပါတယ်၊

၂။ သံပုရာရည်ကို သကြား အနည်းငယ်ထည့်ကာ များများ သောက်ပေးပါက အစာ အဆိပ်သင့်ခြင်း၊ အရက်မှ ဖြစ်သော အဆိပ်၊ ဘိန်းမူးလွန်နာ စသည်များကို ပျောက်ကင်းစေသည်။

၃။ ထမင်းစားပြီးနောက် အော့အန်ခြင်း ဖြစ်တတ်လျင် လပ်ဆတ်သော သံပုရာရည် ကို သောက်ရပါမည်။

၄။ သံပုရာရည်ကို သကြားခတ်၍ သောက်ပါက ခန္ဓာကိုယ်တွင် အဆီများ၍ ချောင်းဆိုး ခြင်း၊ သည်းခြေအားနည်းခြင်း၊ ကိုယ်လက် အဆစ် အမြစ် ကိုက်ခဲခြင်းများ ပျောက် ကင်းစေပါတယ်။

၅။ သံပုရာရည်တွင် သကြားခတ်ကာ နံနက်/ည တကြိမ်စီ သောက်ပေးပါက သွားမှ သွေးယိုစီးခြင်းကို ပျောက်ကင်းစေသည်။

၆။ သံပုရာဖျော်ရည်ကို နေ့စဉ်သောက်ပေးပါက အထိုင်အထ လုပ်စဉ် ဖြစ်တတ်သော မူး ဝေခြင်း၊ မိုက်ကနဲ ဖြစ်ခြင်းများကို ပျောက်ကင်းစေသည်။

၇။ သံပုရာသီး အစိမ်း၏ အခွံကို စားပေးပါက လေနာ/ရင်နာများ ပျောက်ကင်းစေသည်။

၈။ ယားနာ ပွေးနာ၊ အရေပြားတွင် အမည်းကွက်များ ပေါ်လာခြင်း ၊ အမွှေးများ ကျွတ်ခြင်း ဖြစ်ပါက သံပုရာခြမ်း နှင့် ပွတ် တိုက်ပေးရပါမည်။

၉။ သံပုရာသီး သနပ်ကို ထမင်းနှင့် နေ့စဉ် စားသုံးပါက သရက်ရွက် ကြီးသော ရောဂါကို ပျောက်စေသည်။

၁၀။ သံပုရာရည် နွေးနွေးကို ပျားရည်နှင့် ရောစပ်ကာ တနေ့ နှစ်ကြိမ်မျှ လျက်ပေးပါက လည်ချောင်းနာခြင်းကို ပျောက်စေသည်။

၁၁။ သံပုရာသီးတလုံးကို မီးကျွမ်းအောင်ဖုတ်ကာ လေးညှင်းတပွင့်နှင့် ထည့်ကျိတ်ပြီး သွား ဖုံးရင်းတွင် သိပ်ပေးသော် သွားကိုက် သွားနာ ပျောက်ကင်းစေပါသည်။

၁၂။ ဆီးဆေးဖြူ ( တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် ၂၁ ) နှင့် သံပုရာရည်ကို ဖျော်၍ သောက်ပေးပါက ဆီးအောင့်ခြင်း ဝေဒနာကို ပျောက်စေသည်။

၁၃။ သံပုရာခေါက်ကို နံနက် ည တကြိမ်စီ ရေနှင့် ကြိုချက်ကာ သောက်ပေးပါက အဖျား ပျောက်ကင်းစေသည်။

၁၄။ သံပုရာခေါက် ၅ ကျပ်သား၊ ရေ ၇၅ ကျပ်သားနှင့် ထက်ဝက်ခန့် ကျို၍ တခွက်စာ (၂ ကျပ်သားခန့်မျှ) တနေ့ ၂ ကြိမ် သောက်ပေးပါက မပြတ်နိုင်သော အဖျားရောဂါများ ပြတ်သွားနိုင်သည်။

၁၅။ အစာမကြေ၊ လေထိုး၊ လေအောင့်၊ လေပြည့် ဖြစ်နေခဲ့သော် ဂျင်းခြောက် မှုန့် ၂ ပဲ၊ သိန္ဓော ၄ ပဲကို အမှုန့်ထောင်း၍ သံပုရာရည်နှင့် ဖျော်ကာ တနေ့ သုံးကြိမ် သောက်ပေးပါ က ပျောက်ကင်းစေနိုင်သည်။

၁၆။ သံပုရာဖျော်ရည် ချိုချိုကို သောက်ပေးခြင်း၊သံပုရာရည် နှင့် ဆားမီးဖုတ်ကို လျက်ပေး ခြင်းဖြင့် နှလုံးတုန်ခြင်း၊ ရင်ခုန်ခြင်း၊ မူးေ၀ မောပန်းခြင်းများကို သက်သာပျောက်ကင်းစေ သည်။

၁၇။ မူးလျင် သံပုရာသီးကို ရှုပေးပါ၊ ရွဲ့စောင်းသော လေငန်းရောဂါများ၊ အာလေး လျှာ လေး၍ စကားမပီသသော သူများ ပုံမှန် သံပုရာသီးတလုံးကို ငုံထားသင့်ပါသည်။

၁၈။ ခေါင်းတွင် ပေါက်တတ်သော ဒက်များ၊ ဘောက်များ ရှိနေပါက သံပုရာသီး အခွံနှင့် ခေါင်းကို ပွတ်တိုက်ပေးရပါမည်။ ယားယံသော နေရာများကိုလည်း ပွတ်တိုက်နိုင်ပြီး အမျိုးသမီးများအတွက် သံပုရာသီးအခွံကို ခေါင်းလျော်ရည်တွင် ထည့်ကာ ခေါင်းလျော် နိုင်ပါသည်။

၁၉။ သံပုရာအစေ့ကို ကြိတ်ကာ ချက်မှာ အုံပြီး ၎င်းအပေါ်၌ ဆန်ဆေးရည်ကို အနည်း ငယ် ဆွတ်ဖြန်းပေးပါက ဆီး ရွှင်စေပါတယ်။

၂၀။ သံပုရာချဉ် ပြုလုပ်၍ ထမင်းစားတိုင်း စားသုံးပေးပါက လေကြောင့်ဖြစ်ရသော သွက် ချာပါဒ၊ လေငန်း၊ လေထိုး၊ လေအောင့်၊ အစာအိမ်ရောဂါ မှန်သမျှကို ကာကွယ်နိုင်သော အထူးစိတ်ချရသော အာဟာရတမျိုး ဖြစ်ပါသည်။

စာရေးသူ အထင်တော့ သံပုရာသီးဟာ ဝမ်းဗိုက်နဲ့ ပက်သက်တဲ့ ရောဂါမှန်သမျှ၊ လေနဲ့ ပက်သက်တာ မှန်သမျှကို ကာကွယ်နိုင်ပါတယ်၊ သူ့ရဲ့ ဘေးထွက် ဆိုးကျိုးကို မမြင်မိသ လိုပဲ၊ ချွင်းချက်အနေနဲ့ တနေ့ကို ( ၃ )လုံးထက် ပိုစား မိရင်တော့ အစာအိမ် အချဉ်ပေါက် တဲ့ အနာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်၊

ပိန်နေသူများ ဝစေသည် ရှေးရှေးသော ဆရာတော်ကြီးများကတော့ ညနေပိုင်းမှာ သံပုရာ သီး( ၁) လုံးနှင့်၊ ပျားရည် ထမင်းစားဇွန်း ( ၃ )ဇွန်းလောက်ကို ဖန်ခွက်ကြီး တခုထဲမှာ ထည့် ပြီး ရေနွေး အဖြူနှင့် သမအောင် မွှေကာ သကြား အနည်းငယ်ထည့်ပြီး သောက်လေ့ရှိခဲ့ကြ တယ်၊

ရောဂါ မျိုးစုံကို ကာကွယ်နိုင်သလို၊ ညနေပိုင်းမှာလည်း ဗိုက်မဆာတော့ဘူး၊ သံပုရာ က လေကို နိုင်သလို ပျားရည်ကလဲ ဝမ်းတွင်း ကလီစာများကို ဆေးကုပေးတတ်တယ်၊ စား ကောင်း အိပ်ပျော်၊ ဆီးမှန် ဝမ်းမှန် ဖြစ်ပြီး လူကိုလဲ ဝဖြိုးစေတယ်။

အသားအရေကိုလည်း ကြည်လင်စေတယ်။ အထူးသဖြင့် အစာအိမ်သမားများအတွက် ပျားရည်ဟာ အသင့်လျော်ဆုံး ဆေးကောင်းပါ၊ ပျားရည်က အစာအိမ် နာကြောင့် အစာအိမ်နံရံမှာ ဖြစ်ပေါ်နေတဲ့ အနာများကို ကျက်စေ ပါတယ်၊

စတုမဓုဟာလဲ အစာအိမ်အတွက် တော်တော် ကောင်းမွန်တဲ့ ဆေးစွမ်း တလက်ပါပဲ။ ဒီနေရာမှာ ကိုယ့်ကိုယ်ကို ပိန်လွန်းလို့ စိတ်ညစ်နေသူများ၊ ဝချင်သူများ အထက်ပါနည်းကို ပုံမှန်လေး သောက်ပေးကြည့်ပါ၊ မယုံမရှိပါနဲ့၊ ကိုယ်တွေ့ပါပဲ၊

စာရေးသူ မြန်မာပြည်မှာ ရှိနေ စဉ်က ညနေပိုင်းမှာ အထက်ပါနည်းကိုပဲ စွဲစွဲမြဲမြဲ သောက်လာပြီး ၂ လလောက်လဲ နေရော၊ ခန္ဓာ ကိုယ်ပေါင်ချိန်က ( ၂၀ ) လောက် တက်လာလို့ ဆက်မသောက် ရဲတော့ဘူး၊ အစား လျော့စားပေးရင်တော့ ကိုယ်အလေးချိန် သိပ်မတက်နိုင်ပါဘူး၊

ဝနေသူကို ပိန်စေသည်။ ဝလွန်းလို့ ပိန် ချင်သူများကတော့ ပျားရည် နှင့် မသောက်ပဲ သံပုရည်သက်သက် သောက် တာ ကောင်းပါတယ်၊ အထူးသဖြင့် သံပုရာရည်သောက်ပြီးလျင် ဝမ်းဗိုက်အတွင်းက ဟာ နေတဲ့ အတွက် ညနေစာကို ဝိတ်ချတာကို သတိမေ့ပြီး စိတ်ကြိုက် စားလေ့ရှိကြပါတယ်၊

အဲဒီမှာ ဘရိတ်မရှိလေတော့ ခန္ဓာကိုယ်က ပိန်မလာပဲ ဝမြဲ ဝနေတာ မျိုးဖြစ်တတ်ပါတယ်၊ အဲဒီလို အစား မလျော့လျင်လည်း စားလိုက်သမျှ အာဟာရက ခန္ဓာကို အကျိုးပြုစေတာ မို့ သတိထား စရာပါပဲ၊ အထူးသဖြင့် သံပုရာရည် သောက်ထားလေတော့ ဝမ်းဗိုက်က ရှင်း လင်းထားသလို ဖြစ်ပြီး ပိုစားနိုင်လာတတ်တယ်၊

ဒါဆိုရင်တော့ ရည်ရွယ်ချက်ပြည့်ဖို့ ခဲ ယဉ်းသွားပါလိမ့်မယ်၊ အခုခေတ်ပေါ်နေတဲ့ ပိန်ဆေးတွေက ဘေးထွက် ဆိုးကျိုးတွေ အများကြီး ရှိတာကို ဆရာ ဝန်တိုင်းက ထောက်ခံထားကြပါတယ်၊

သံပုရာကတော့ မရှိသလောက်ပါပဲ၊ သံပုရာကို လိုသလို အသုံးချနိုင်ကြပါေ စလို့ တင်ပြရင်း .. ရောက်လေရာတွင် သံပုရာ ဆောင်ထားလျင် ကျန်းမာပကတိ ချမ်းသာစွာ ရှိနိုင်ပါကြောင်း စေတနာစကား ပါးလိုက် ပါရစေတော့…

ဗိုက်ခေါက်ထူ/ဗိုက်ပူလို့ အလှပျက်နေသူများအတွက် မိန်းခလေးပဲဖြစ်ဖြစ် ယောင်္ကျားလေးပဲ ဖြစ်ဖြစ်… အလှအပကို မြတ်နိုးတတ်ကြတာ သဘာဝပါ။ ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက်… လက်တွေ့… ၇ ရက်အတွင်း… သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်… ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်…

အိမ်မှာရှိ တတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ.. ပါဝင်တဲ့ ပစ္စည်းတွေကတော့… သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တခါလိမ်းရုံ… ရောစပ်ပြီး လိမ်းပေးရမှာပါ… ဖေါ်စပ်နည်း သံပုရာသီး တလုံးရဲ့ ၅ ပုံ တပုံလောက်ကို လှီးပြီး… အကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ… အကြမ်းပုဂံလုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ…

ထို့နောက် …. ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်ဇီး(လိမ်းထေည့်ဆး)တမျိုးမျိုးကို တခါလိမ်းစာ အနေ တော် ထည့်ပြီး… မွှေပေးပါ…

အသုံးပြုနည်း ညအိပ်ယာဝင်ခါနီးတိုင်း…… ဆေးကို ရင်ခေါင်းမှ ဝမ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ… ခါးတွင် အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်… တပါတ်အတွင်း သိသာစွာ ဗိုက်ချပ်လာသည်ကို လက်တွေ့ တွေ့မြင် ခံစားရမှာပါ။

မှတ်ချက်- ညစာကို ပုံမှန်ထက်… လျှော့စားပေးရင်… ပိုပြီး သိသိသာသာ ဗိုက်ချပ် စေပါတယ်…တပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာ ဖြစ်ပါတယ်။

Credit -Original Writer

Zawgyi

သံပုရာသီး အစြမ္းအံမခန္း (မိန္းကေလးမ်ားနဲ႔လဲ သင့္ေလွ်ာ္သည္) က်န္းမာေရး* သံပုရာသီးဟာ သြားကို ျဖဴေစပါတယ္။ သံပုရာသီးအခြံကို ဆား (တေကာ္စာ)နဲ႔ ေရာၿပီး ပြတ္ေပးရင္ သြားကို ျဖဴေစ႐ုံတင္မကဘူး။ ေတာက္ပေစပါတယ္။

ခံတြင္းအနံ႔ မေကာင္း တာလည္း ေပ်ာက္ေစပါတယ္။ သြားကိုက္ေနရင္လည္း သံပုရာရည္နဲ႔ပလုတ္က်င္းေပးပါ။ *ႏႈတ္ခမ္းကြဲျခင္း* မ်က္ႏွာလိမ္း ခရင္မ္တဇြန္း(လက္ဖက္ရည္ေသာက္ဇြန္း)နဲ႔ လိေမၼာ္ရည္၊ ပ်ားရည္တို႔ကို ေရာစပ္ၿပီး လိမ္းေပးပါ။

တပတ္ေလာက္ လိမ္း႐ုံနဲ႔ သိသာထင္ရွား ေပ်ာက္ကင္း သြားပါ လိမ့္မယ္။ *ဆံပင္ကြၽတ္ျခင္း* အုန္းရည္ေလးဇြန္း (စားပြဲတဇြန္း)နဲ႔ သံပရာရည္တို႔ ေရာစပ္ၿပီး တပတ္တခါေလာက္ လိမ္း ေပးရင္ ဆံပင္ကြၽတ္တာ ေပ်ာက္ကင္းေစပါတယ္။

*ဦးေရျပား ယားယံျခင္းႏွင့္ ဒဏ္ေပ်ာက္ဖို႔အတြက္* ၾကက္ဥအကာရည္ႏွင့္ သံပရာရည္ (သံပုရာသီးတလုံးစာ)တို႔ ေရာၿပီး ဆံႏြယ္အျမစ္ကေန လိမ္းေပးပါ။ တနာရီခန႔္ ၾကာမွ ေရနဲ႔ ျပန္ၿပီး ေဆးေၾကာေပးပါ။

တလေလာက္ လုပ္ေပး႐ုံနဲ႔တင္ ဦးေရျပား သန႔္ရွင္းၿပီး ေဗာက္၊ ဒက္တို႔ ကင္းစင္သြားပါ လိမ့္မယ္။ *အသားအေရ ေျခာက္ေသြ႕ျခင္းအတြက္* ငွက္ေပ်ာသီးမွည့္ တလုံးကို ယူၿပီး ေခ်ေပးပါ။

ၿပီးရင္ေတာ့ လတ္လတ္ဆတ္ဆတ္ သံပုရာ ရည္ တစက္ႏွစ္စက္နဲ႔ ေခ်ထားတဲ့ ငွက္ေပ်ာသီးတို႔ကို ေရာစပ္ေပးပါ။ၿပီးရင္ေတာ့ မ်က္ႏွာ နဲ႔ လက္ကို လိမ္းေပးရမွာ ျဖစ္ပါတယ္။ အသားအေရကို ေခ်ာေမြ႕ သန႔္ရွင္းေစပါတယ္။

ေနာက္တနည္းကေတာ့ ပ်ားရည္တဇြန္း (လက္ဖက္ရည္ဇြန္း)ကို ဟင္းသီးဟင္း႐ြက္ ဆီနဲ႔ ေရာေပးပါ။ ၿပီးရင္ သံပုရာရည္ တစက္ေလာက္နဲ႔ ထပ္ေရာၿပီး လက္ေတြ၊တံေတာင္ဆစ္ ေတြ၊ ေျခဖေနာင့္ေတြနဲ႔ ၾကမ္းေထာ္ေနတဲ့ ေနရာေတြကို လိမ္းေပးပါ။

လိမ္းၿပီးရင္ ဆယ္မိ နစ္ေလာက္ ေစာင့္ေပးပါ။ သံပုရာသီးဟာ အေရျပား အလွအပအတြက္ အေကာင္းဆုံး ေပးစြမ္းေစႏိုင္တဲ့ သစ္သီးပဲ ျဖစ္ပါတယ္။ အထူးသျဖင့္ ဝက္ၿခံနဲ႔ ယားနာေတြကို ေပ်ာက္ ကင္းေစတဲ့ သတၱိရွိပါတယ္။

မွဲ႔ေျခာက္ေတြကိုလည္း ေပ်ာက္ကင္းေစပါတယ္။ သံပုရာရည္ နဲ႔သာ လိမ္းေပးရမွာ ျဖစ္ပါတယ္။ *အဆီျပန္တဲ့ အသားအေရ ပိုင္ရွင္မ်ားအတြက္* သံပုရာရည္ႏွစ္ဇြန္း (လက္ဖက္ရည္ဇြန္း)၊ နႏြင္းမႈန႔္ ဇြန္းဝက္ခန႔္ (လက္ဖက္ ရည္ဇြန္း)တို႔ ကို ယူပါ။

သေဘၤာသီးစိတ္ကိုေခ်ၿပီး ေပ်ာ့ဖတ္သဖြယ္ ရေအာင္ လုပ္ပါ။ ယင္းသေဘၤာသီး ရည္ကို သုံးဇြန္းခန႔္ ယူပါ။ အားလုံးကို ေရာစပ္ၿပီး မ်က္လုံးက လြဲရင္ မ်က္ႏွာတျပင္လုံးကို လိမ္း ေပးရမွာ ျဖစ္ပါတယ္။ လိမ္းၿပီး မိနစ္ ၂၀ ခန႔္ ၾကာေအာင္ ေစာင့္ေပးပါ။

ၿပီးမွ ေရနဲ႔ တဖန္ျပန္ေဆးေၾကာေပးပါ။ *တံေတာင္ဆစ္ မည္းျခင္းအတြက္* သံပရာသီးအခြံနဲ႔ ပြတ္ေပးပါ။ ၿပီးရင္ေရနဲ႔ ေဆးေပးပါ။ နည္းနည္းေတာ့ ၾကာေပမယ့္ အေရ ျပားကို သန႔္စင္သြားၿပီး ေတာက္ေျပာင္ဝင္း လက္လာပါလိမ့္မယ္။

တခ်ိဳ႕ အသားအေရေတြ ဟာ ေမွာင္ေမွာင္မႈိင္းမႈိင္းနဲ႔ ေျခာက္ေျခာက္ေသြ႕ေသြ႕ ျဖစ္ေနတတ္ပါတယ္။ အေရာင္အဝါ လင္းလက္ ခ်င္တယ္ ဆိုရင္ေတာ့ လတ္လတ္ဆတ္ဆတ္ သံပုရာသီး တလုံးရဲ႕ အရည္နဲ႔ မ်က္ႏွာမက်န္ ခႏၶာကိုယ္ အႏွံ႔ အိပ္ရာမဝင္ခင္ ပြတ္လိမ္းေပးပါ။

မနက္က်မွ ေရခ်ိဳးေပးပါ။ အေရျပားကို ေတာက္ေျပာင္႐ႊန္းလဲ့ေစၿပီး ႏူးညံ့ေစပါတယ္။ အိပ္ရတာ ေစးထန္းထန္းနဲ႔ မအိပ္ခ်င္ဘူးဆိုရင္ေတာ့ ေရခ်ိဳးတဲ့အခါမွာ ခ်ိဳးမယ့္ေရထဲ သံပုရာရည္ တခြက္တဝက္ခန႔္ ထည့္ၿပီး အဲဒီ့ေရနဲ႔ စိမ္ခ်ိဳးေပးပါ။

*လက္သည္း ေဆးစြန္းတာ ေဖ်ာက္ခ်င္ရင္* သံပုရာသီးစိတ္ (သို႔) သံပရာရည္ကို ေရထဲေရာၿပီး လက္ကို စိမ္ေပးပါ။ လက္သည္းမွာ ေပေနတဲ့ အစြန္းအထင္းေတြကို ခ်က္ျခင္း ေခ်ခြၽတ္ေပးသြားပါလိမ့္မယ္။

ၿပီးသြားရင္ လက္သည္းကို ျပန္ဆိုးမယ္ဆိုရင္လည္း ပိုၿပီးေတာက္ေျပာင္ လာပါလိမ့္မယ္။ သံပုရာ ရည္ထဲ လက္သည္း ေျခသည္းကို ဆယ္ မိနစ္ခန႔္ စိမ္ေပးပါ။ ၿပီးလို႔ရွိရင္ ဘရက္ရွ္နဲ႔ လက္သည္း၊ ေျခသည္းကို ျပန္ပြတ္တိုက္ေပးပါ။

ၿပီးမွ ေရေႏြး ေႏြးနဲ႔ ေဆးေၾကာေပးပါ။ ဒီနည္းဟာ လက္သည္းကို သန္စြမ္းေစၿပီး ေတာက္ေျပာင္ေစပါတယ္။ ျဖစ္ႏိုင္ရင္ ဗင္နီ ဂါျဖဴ ဇြန္းဝက္ခန႔္နဲ႔ ေရေႏြးတဝက္တို႔ ေရာၿပီး ဘရက္ရွ္နဲ႔ တိုက္ေပးရင္ ပိုေကာင္းပါတယ္။

*ေျခေထာက္* သံပုရာရည္တခြက္စာ (ေကာ္ဖီခြက္တခြက္စာ)၊ သစ္ဂ်ပိုး(အနံ႔အတြက္)၊ သံလြင္ဆီ ႏွစ္ဇြန္း (စားပြဲတင္ဇြန္း)၊ ႏြားႏို႔ ေလးပုံတပုံ (ခြက္တခြက္)၊ ေရသန႔္ (ေရကို သင့္ေတာ္သ လို ထည့္ႏိုင္ပါတယ္၊ အနည္း၊ အမ်ား အေရးမႀကီးပါ) တို႔ ေရာစပ္ေပးပါ။

တကယ္လို႔ သစ္ ဂ်ပိုး မသုံးခ်င္ဘူးဆိုရင္ တျခားအနံ႔ ပစၥည္းတို႔ သုံးႏိုင္ပါတယ္။ ႏွင္းဆီပြင့္ခ်ပ္တို႔ျဖင့္လည္း အစားထိုး အသုံးျပဳႏိုင္ပါတယ္။ အားလုံးေရာ စပ္ၿပီးရင္ေတာ့ အဲဒီ့အရည္ကို ေျခေထာက္ စိမ္ေပးရမွာ ျဖစ္ပါတယ္။

ၿပီးသြားမွ ေရနဲ႔ ဆပ္ျပာ (Mild) နဲ႔ ေသခ်ာေဆးေၾကာသန႔္စင္ ေပးပါ။တပတ္ေလာက္ လုပ္ၾကည့္လိုက္တာနဲ႔ ေျခေထာက္ အသားအေရဟာ သိသိသာ သာ ေခ်ာေမြ႕လာပါလိမ့္မယ္။

*ေႏြအပူမွာ ေခြၽးဆူ ေနျခင္းအတြက္ အေကာင္းဆုံး သစ္သီး* ပူျပင္းေျခာက္ေသြ႕တဲ့ ေႏြရာသီလို ဥတုမ်ိဳးမွာ ေခြၽးထြက္သက္သာေအာင္ပဲ ျဖစ္ျဖစ္၊ရင္ပူ သက္သာေအာင္ လုပ္ဖို႔ပဲ ျဖစ္ျဖစ္ သံပုရာသီးရည္ကို ပ်ားရည္တဇြန္းနဲ႔ ေရာၿပီး ေသာက္ ေပးပါ။

ေသြးေလ လည္ပတ္မႈကို ေကာင္းမြန္ေစ႐ုံမွ်မက ေခြၽးထြက္ျခင္းကိုလည္း သက္ သာေစပါတယ္။ သံပုရာသီးထဲမွာ ပါရွိတဲ့ ဂလူးကိုစ့္နဲ႔ သတၱဳဓာတ္ေတြေၾကာင့္ ခႏၶာ ကိုယ္ကို ေခြၽးထြက္ျခင္းမွ ကာကြယ္ေပးတဲ့အျပင္ ေအးျမေအာင္လည္း စြမ္းေဆာင္ ေပးပါတယ္။

လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က ဂ်ာနယ္တစ္ေစာင္မွာ ဒီေဆာင္းပါးကို ဖတ္မိရင္း ေအာ္ သံပုရာသီးရဲ႕ ေကာင္းက်ိဳးက ဒီေလာက္ရွိေနတာ၊ ေနာက္ၿပီး ေနရာတိုင္းမွာလည္း သံပုရာသီးကို လြယ္လြယ္ကူကူ ရႏိုင္တယ္၊ ေရးကူးထားမွပဲ ဆိုၿပီး ဒိုင္ယာရီထဲမွာ ကို ကူးထားၿပီး သြားေလရာကို ယူသြားတတ္ပါတယ္၊

အခုေတာ့ ဘာရယ္မဟုတ္၊က်န္း မာေရး လိုက္စားသူေတြအတြက္ တစုံတခု အသုံးတည့္မယ္ ထင္လို႔ မွတ္တမ္းအျဖစ္ တင္ျပလိုက္ပါတယ္ …

၁။ သံပုရာရည္ကို ေသာက္ျခင္းအားျဖင့္ ေမာပန္းႏြမ္းနယ္မႈကို ေျပေစၿပီး လူ၏ ခႏၶာ ကိုယ္တြင္ ျဖစ္ပြားတတ္ေသာ အထူးသျဖင့္ ဝမ္းဗိုက္တြင္ ျဖစ္ေပၚတတ္ေသာ ေရာဂါမ်ား ကို ကာကြယ္ႏိုင္ပါတယ္၊

၂။ သံပုရာရည္ကို သၾကား အနည္းငယ္ထည့္ကာ မ်ားမ်ား ေသာက္ေပးပါက အစာ အဆိပ္သင့္ျခင္း၊ အရက္မွ ျဖစ္ေသာ အဆိပ္၊ ဘိန္းမူးလြန္နာ စသည္မ်ားကို ေပ်ာက္ကင္းေစသည္။

၃။ ထမင္းစားၿပီးေနာက္ ေအာ့အန္ျခင္း ျဖစ္တတ္လ်င္ လပ္ဆတ္ေသာ သံပုရာရည္ ကို ေသာက္ရပါမည္။

၄။ သံပုရာရည္ကို သၾကားခတ္၍ ေသာက္ပါက ခႏၶာကိုယ္တြင္ အဆီမ်ား၍ ေခ်ာင္းဆိုး ျခင္း၊ သည္းေျခအားနည္းျခင္း၊ ကိုယ္လက္ အဆစ္ အျမစ္ ကိုက္ခဲျခင္းမ်ား ေပ်ာက္ ကင္းေစပါတယ္။

၅။ သံပုရာရည္တြင္ သၾကားခတ္ကာ နံနက္/ည တႀကိမ္စီ ေသာက္ေပးပါက သြားမွ ေသြးယိုစီးျခင္းကို ေပ်ာက္ကင္းေစသည္။

၆။ သံပုရာေဖ်ာ္ရည္ကို ေန႔စဥ္ေသာက္ေပးပါက အထိုင္အထ လုပ္စဥ္ ျဖစ္တတ္ေသာ မူး ေဝျခင္း၊ မိုက္ကနဲ ျဖစ္ျခင္းမ်ားကို ေပ်ာက္ကင္းေစသည္။

၇။ သံပုရာသီး အစိမ္း၏ အခြံကို စားေပးပါက ေလနာ/ရင္နာမ်ား ေပ်ာက္ကင္းေစသည္။

၈။ ယားနာ ေပြးနာ၊ အေရျပားတြင္ အမည္းကြက္မ်ား ေပၚလာျခင္း ၊ အေမႊးမ်ား ကြၽတ္ျခင္း ျဖစ္ပါက သံပုရာျခမ္း ႏွင့္ ပြတ္ တိုက္ေပးရပါမည္။

၉။ သံပုရာသီး သနပ္ကို ထမင္းႏွင့္ ေန႔စဥ္ စားသုံးပါက သရက္႐ြက္ ႀကီးေသာ ေရာဂါကို ေပ်ာက္ေစသည္။

၁၀။ သံပုရာရည္ ေႏြးေႏြးကို ပ်ားရည္ႏွင့္ ေရာစပ္ကာ တေန႔ ႏွစ္ႀကိမ္မွ် လ်က္ေပးပါက လည္ေခ်ာင္းနာျခင္းကို ေပ်ာက္ေစသည္။

၁၁။ သံပုရာသီးတလုံးကို မီးကြၽမ္းေအာင္ဖုတ္ကာ ေလးညႇင္းတပြင့္ႏွင့္ ထည့္က်ိတ္ၿပီး သြား ဖုံးရင္းတြင္ သိပ္ေပးေသာ္ သြားကိုက္ သြားနာ ေပ်ာက္ကင္းေစပါသည္။

၁၂။ ဆီးေဆးျဖဴ ( တိုင္းရင္းေဆးခန္းသုံး ေဆးအမွတ္ ၂၁ ) ႏွင့္ သံပုရာရည္ကို ေဖ်ာ္၍ ေသာက္ေပးပါက ဆီးေအာင့္ျခင္း ေဝဒနာကို ေပ်ာက္ေစသည္။

၁၃။ သံပုရာေခါက္ကို နံနက္ ည တႀကိမ္စီ ေရႏွင့္ ႀကိဳခ်က္ကာ ေသာက္ေပးပါက အဖ်ား ေပ်ာက္ကင္းေစသည္။

၁၄။ သံပုရာေခါက္ ၅ က်ပ္သား၊ ေရ ၇၅ က်ပ္သားႏွင့္ ထက္ဝက္ခန႔္ က်ိဳ၍ တခြက္စာ (၂ က်ပ္သားခန႔္မွ်) တေန႔ ၂ ႀကိမ္ ေသာက္ေပးပါက မျပတ္ႏိုင္ေသာ အဖ်ားေရာဂါမ်ား ျပတ္သြားႏိုင္သည္။

၁၅။ အစာမေၾက၊ ေလထိုး၊ ေလေအာင့္၊ ေလျပည့္ ျဖစ္ေနခဲ့ေသာ္ ဂ်င္းေျခာက္ မႈန႔္ ၂ ပဲ၊ သိေႏၶာ ၄ ပဲကို အမႈန႔္ေထာင္း၍ သံပုရာရည္ႏွင့္ ေဖ်ာ္ကာ တေန႔ သုံးႀကိမ္ ေသာက္ေပးပါ က ေပ်ာက္ကင္းေစႏိုင္သည္။

၁၆။ သံပုရာေဖ်ာ္ရည္ ခ်ိဳခ်ိဳကို ေသာက္ေပးျခင္း၊သံပုရာရည္ ႏွင့္ ဆားမီးဖုတ္ကို လ်က္ေပး ျခင္းျဖင့္ ႏွလုံးတုန္ျခင္း၊ ရင္ခုန္ျခင္း၊ မူးေ၀ ေမာပန္းျခင္းမ်ားကို သက္သာေပ်ာက္ကင္းေစ သည္။

၁၇။ မူးလ်င္ သံပုရာသီးကို ရႈေပးပါ၊ ႐ြဲ႕ေစာင္းေသာ ေလငန္းေရာဂါမ်ား၊ အာေလး လွ်ာ ေလး၍ စကားမပီသေသာ သူမ်ား ပုံမွန္ သံပုရာသီးတလုံးကို ငုံထားသင့္ပါသည္။

၁၈။ ေခါင္းတြင္ ေပါက္တတ္ေသာ ဒက္မ်ား၊ ေဘာက္မ်ား ရွိေနပါက သံပုရာသီး အခြံႏွင့္ ေခါင္းကို ပြတ္တိုက္ေပးရပါမည္။ ယားယံေသာ ေနရာမ်ားကိုလည္း ပြတ္တိုက္ႏိုင္ၿပီး အမ်ိဳးသမီးမ်ားအတြက္ သံပုရာသီးအခြံကို ေခါင္းေလ်ာ္ရည္တြင္ ထည့္ကာ ေခါင္းေလ်ာ္ ႏိုင္ပါသည္။

၁၉။ သံပုရာအေစ့ကို ႀကိတ္ကာ ခ်က္မွာ အုံၿပီး ၎အေပၚ၌ ဆန္ေဆးရည္ကို အနည္း ငယ္ ဆြတ္ျဖန္းေပးပါက ဆီး ႐ႊင္ေစပါတယ္။

၂၀။ သံပုရာခ်ဥ္ ျပဳလုပ္၍ ထမင္းစားတိုင္း စားသုံးေပးပါက ေလေၾကာင့္ျဖစ္ရေသာ သြက္ ခ်ာပါဒ၊ ေလငန္း၊ ေလထိုး၊ ေလေအာင့္၊ အစာအိမ္ေရာဂါ မွန္သမွ်ကို ကာကြယ္ႏိုင္ေသာ အထူးစိတ္ခ်ရေသာ အာဟာရတမ်ိဳး ျဖစ္ပါသည္။

စာေရးသူ အထင္ေတာ့ သံပုရာသီးဟာ ဝမ္းဗိုက္နဲ႔ ပက္သက္တဲ့ ေရာဂါမွန္သမွ်၊ ေလနဲ႔ ပက္သက္တာ မွန္သမွ်ကို ကာကြယ္ႏိုင္ပါတယ္၊ သူ႔ရဲ႕ ေဘးထြက္ ဆိုးက်ိဳးကို မျမင္မိသ လိုပဲ၊ ခြၽင္းခ်က္အေနနဲ႔ တေန႔ကို ( ၃ )လုံးထက္ ပိုစား မိရင္ေတာ့ အစာအိမ္ အခ်ဥ္ေပါက္ တဲ့ အနာမ်ိဳး ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္၊

ပိန္ေနသူမ်ား ဝေစသည္ ေရွးေရွးေသာ ဆရာေတာ္ႀကီးမ်ားကေတာ့ ညေနပိုင္းမွာ သံပုရာ သီး( ၁) လုံးႏွင့္၊ ပ်ားရည္ ထမင္းစားဇြန္း ( ၃ )ဇြန္းေလာက္ကို ဖန္ခြက္ႀကီး တခုထဲမွာ ထည့္ ၿပီး ေရေႏြး အျဖဴႏွင့္ သမေအာင္ ေမႊကာ သၾကား အနည္းငယ္ထည့္ၿပီး ေသာက္ေလ့ရွိခဲ့ၾက တယ္၊

ေရာဂါ မ်ိဳးစုံကို ကာကြယ္ႏိုင္သလို၊ ညေနပိုင္းမွာလည္း ဗိုက္မဆာေတာ့ဘူး၊ သံပုရာ က ေလကို ႏိုင္သလို ပ်ားရည္ကလဲ ဝမ္းတြင္း ကလီစာမ်ားကို ေဆးကုေပးတတ္တယ္၊ စား ေကာင္း အိပ္ေပ်ာ္၊ ဆီးမွန္ ဝမ္းမွန္ ျဖစ္ၿပီး လူကိုလဲ ဝၿဖိဳးေစတယ္။

အသားအေရကိုလည္း ၾကည္လင္ေစတယ္။ အထူးသျဖင့္ အစာအိမ္သမားမ်ားအတြက္ ပ်ားရည္ဟာ အသင့္ေလ်ာ္ဆုံး ေဆးေကာင္းပါ၊ ပ်ားရည္က အစာအိမ္ နာေၾကာင့္ အစာအိမ္နံရံမွာ ျဖစ္ေပၚေနတဲ့ အနာမ်ားကို က်က္ေစ ပါတယ္၊

စတုမဓုဟာလဲ အစာအိမ္အတြက္ ေတာ္ေတာ္ ေကာင္းမြန္တဲ့ ေဆးစြမ္း တလက္ပါပဲ။ ဒီေနရာမွာ ကိုယ့္ကိုယ္ကို ပိန္လြန္းလို႔ စိတ္ညစ္ေနသူမ်ား၊ ဝခ်င္သူမ်ား အထက္ပါနည္းကို ပုံမွန္ေလး ေသာက္ေပးၾကည့္ပါ၊ မယုံမရွိပါနဲ႔၊ ကိုယ္ေတြ႕ပါပဲ၊

စာေရးသူ ျမန္မာျပည္မွာ ရွိေန စဥ္က ညေနပိုင္းမွာ အထက္ပါနည္းကိုပဲ စြဲစြဲၿမဲၿမဲ ေသာက္လာၿပီး ၂ လေလာက္လဲ ေနေရာ၊ ခႏၶာ ကိုယ္ေပါင္ခ်ိန္က ( ၂၀ ) ေလာက္ တက္လာလို႔ ဆက္မေသာက္ ရဲေတာ့ဘူး၊ အစား ေလ်ာ့စားေပးရင္ေတာ့ ကိုယ္အေလးခ်ိန္ သိပ္မတက္ႏိုင္ပါဘူး၊

ဝေနသူကို ပိန္ေစသည္။ ဝလြန္းလို႔ ပိန္ ခ်င္သူမ်ားကေတာ့ ပ်ားရည္ ႏွင့္ မေသာက္ပဲ သံပုရည္သက္သက္ ေသာက္ တာ ေကာင္းပါတယ္၊ အထူးသျဖင့္ သံပုရာရည္ေသာက္ၿပီးလ်င္ ဝမ္းဗိုက္အတြင္းက ဟာ ေနတဲ့ အတြက္ ညေနစာကို ဝိတ္ခ်တာကို သတိေမ့ၿပီး စိတ္ႀကိဳက္ စားေလ့ရွိၾကပါတယ္၊

အဲဒီမွာ ဘရိတ္မရွိေလေတာ့ ခႏၶာကိုယ္က ပိန္မလာပဲ ဝၿမဲ ဝေနတာ မ်ိဳးျဖစ္တတ္ပါတယ္၊ အဲဒီလို အစား မေလ်ာ့လ်င္လည္း စားလိုက္သမွ် အာဟာရက ခႏၶာကို အက်ိဳးျပဳေစတာ မို႔ သတိထား စရာပါပဲ၊ အထူးသျဖင့္ သံပုရာရည္ ေသာက္ထားေလေတာ့ ဝမ္းဗိုက္က ရွင္း လင္းထားသလို ျဖစ္ၿပီး ပိုစားႏိုင္လာတတ္တယ္၊

ဒါဆိုရင္ေတာ့ ရည္႐ြယ္ခ်က္ျပည့္ဖို႔ ခဲ ယဥ္းသြားပါလိမ့္မယ္၊ အခုေခတ္ေပၚေနတဲ့ ပိန္ေဆးေတြက ေဘးထြက္ ဆိုးက်ိဳးေတြ အမ်ားႀကီး ရွိတာကို ဆရာ ဝန္တိုင္းက ေထာက္ခံထားၾကပါတယ္၊

သံပုရာကေတာ့ မရွိသေလာက္ပါပဲ၊ သံပုရာကို လိုသလို အသုံးခ်ႏိုင္ၾကပါေ စလို႔ တင္ျပရင္း .. ေရာက္ေလရာတြင္ သံပုရာ ေဆာင္ထားလ်င္ က်န္းမာပကတိ ခ်မ္းသာစြာ ရွိႏိုင္ပါေၾကာင္း ေစတနာစကား ပါးလိုက္ ပါရေစေတာ့…

ဗိုက္ေခါက္ထူ/ဗိုက္ပူလို႔ အလွပ်က္ေနသူမ်ားအတြက္ မိန္းခေလးပဲျဖစ္ျဖစ္ ေယာက်ၤားေလးပဲ ျဖစ္ျဖစ္… အလွအပကို ျမတ္ႏိုးတတ္ၾကတာ သဘာဝပါ။ ဒါ့ေၾကာင့္ ဗိုက္ေခါက္ထူ/ဗိုက္ပူၿပီး အဆီ မ်ားေနသူေတြအတြက္… လက္ေတြ႕… ၇ ရက္အတြင္း… သိသိသာသာ ဗိုက္ခ်ပ္ၿပီး အဆီက်ေစတဲ့ ေဆးနည္းေလးကို မွ်ေဝလိုက္ပါတယ္… ေဆးနည္းက အလြန္လြယ္ၿပီး အကုန္အက်လည္း အလြန္သက္သာပါတယ္…

အိမ္မွာရွိ တတ္တဲ့ ပစၥည္းေလးေတြကို ေရာစပ္ၿပီး အသုံးျပဳရမွာပါ.. ပါဝင္တဲ့ ပစၥည္းေတြကေတာ့… သံပုရာသီး၊ အုံးဆီ၊ ေဆးပူ(ဒဏ္ေၾကလိမ္းေဆး) တို႔ကို တခါလိမ္း႐ုံ… ေရာစပ္ၿပီး လိမ္းေပးရမွာပါ… ေဖၚစပ္နည္း သံပုရာသီး တလုံးရဲ႕ ၅ ပုံ တပုံေလာက္ကို လွီးၿပီး… အၾကမ္းပုဂံလုံးထဲကို အရည္ညႇစ္ပါ… အၾကမ္းပုဂံလုံးထဲသို႔ အုံးဆီ သုံးေလးစက္ေလာက္ ထည့္ေပးပါ…

ထို႔ေနာက္ …. ဂဠဳန္ရာဇာ/မိဂသီ/ရွမ္း႐ိုးမ/လင္ဇီး(လိမ္းေထည့္ဆး)တမ်ိဳးမ်ိဳးကို တခါလိမ္းစာ အေန ေတာ္ ထည့္ၿပီး… ေမႊေပးပါ…

အသုံးျပဳနည္း ညအိပ္ယာဝင္ခါနီးတိုင္း…… ေဆးကို ရင္ေခါင္းမွ ဝမ္းဗိုက္သို႔ အထက္မွေအာက္သို႔ ဆြဲခ်ၿပီး အသားထဲစိမ့္ဝင္ေအာင္ ပြတ္လိမ္းေပးပါ… ခါးတြင္ အဆီရွိပါက ခါးမွ ခ်က္သို႔ ပြတ္လိမ္းေပးႏိုင္ပါတယ္… တပါတ္အတြင္း သိသာစြာ ဗိုက္ခ်ပ္လာသည္ကို လက္ေတြ႕ ေတြ႕ျမင္ ခံစားရမွာပါ။

မွတ္ခ်က္- ညစာကို ပုံမွန္ထက္… ေလွ်ာ့စားေပးရင္… ပိုၿပီး သိသိသာသာ ဗိုက္ခ်ပ္ ေစပါတယ္…တပါတ္အတြင္း သိသိသာသာ အဆီႏွင့္ အေခါက္မ်ား ေလွ်ာ့က်သြားမွာ ျဖစ္ပါတယ္။

Credit -Original Writer

About the author

Aung Lay

Leave a Comment