News

မိ ခင်အရင်း က (၁၅) နှစ်အ ရွယ် သမီး ကို တရု တ်မယားအဖြစ် သိန်း (၁၆၀) နဲ့ ရောင်းစား ခဲ့

Written by Aung Lay

မိ ခင်အရင်း က (၁၅) နှစ်အ ရွယ် သမီး ကို တရု တ်မယားအဖြစ် သိန်း (၁၆၀) နဲ့ ရောင်းစား ခဲ့

ကျောက် မဲမြို့၊ အမှတ်(၈)ရပ်ကွက်တွင် နေထိုင်တဲ့ မိခင်အရင်းက သမီးဖြစ်သူကို တရုတ်နိုင်ငံသားထံ သားမယားအဖြစ် ပေါင်းသင်းစေရန် ရောင်းချခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဇွန်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

လွန်ခဲ့သော နှစ်နှစ်ခန့်က မိခင်ဖြစ်သူမှ သမီးဖြစ်သူကို ဖခင်ဖြစ်သူဟာ လားရှိုးဆေးရုံတက်နေတယ်။ သွားကြည့်ရန် စေလွှတ်ကာ အမျိုးတစ်ဦးနှင့် ထည့်ပေး လိုက်တာဖြစ်ပြီး၊ လားရှိုးမြို့ကိုရောက်တဲ့အခါ ဖခင်ဖြစ်သူနဲ့ မတွေ့ရဘဲ၊ တရုတ်အမျိုးသား တစ်ဦးနှင့် အမျိုးသမီး ( ၂ )ဦးတို့နဲ့အတူ ရွှေလီမြို့ကို ဆက်လက် ခေါ်ဆောင်သွားခဲ့ကြောင်း၊ ရွှေလီမြို့ကို ရောက်တဲ့အခါ

၎င်းကို တရုတ်အမျိုးသားနှင့်လက်ထပ်ရမည်ဖြစ်ကြောင်း အသက်မေးရင် (၁၈)နှစ်လို့ဖြေရမယ်လို့ ပြောဆိုခဲ့ပါတယ်။

အဲဒိ ရောင်းစားခံရတဲ့ မိန်းကလေးငယ်က တရုတ်အမျိုးသားနှင့် လက်မထပ်လိုကြောင်းပြောရာ ကျောက်မဲမြို့မှာရှိတဲ့မိခင်အရင်းက ဖုန်းဖြင့် ပြန်လည် ဆက်သွယ်လာပြီး၊ တရုတ်အမျိုးသားနဲ့ ကောင်းကောင်း ယူရန် ထွက်ပြေးခြင်းမပြုရန်ပြောခဲ့ပြီး ပထွေးဖြစ်သူကလဲ တရုတ်အမျိုးသားနဲ့ယူရမယ်။ ဒီကနေ ပိုက်ဆံတွေလဲပို့ပေးမယ်လို့ပြောကြောင်း အဲဒီနောက် တရုတ်ပြည် ရှင်းမီမြို့မှာနေထိုင်တဲ့ အသက်(၃၀)ခန့် အမျိုးသားနဲ့ ထည့်ပေးလိုက်တယ်လို့ ဆိုပါတယ်။

တရုတ်အမျိုးသားကို တစ်နှစ်နှင့် (၄)လခန့် ပေါင်းသင်း နေထိုင်ခဲ့ရပြီး အဲ့ဒီအမျိုးသားက ဆက်လက် မပေါင်းချင်တော့ကြောင်း ပြောတဲ့ချိန် မိန်းကလေးငယ်ကအိမ်ပြန်ရန် ပိုက်ဆံတောင်းရာ တရုတ်အမျိုးသားက ပိုက်ဆံမပေး နိုင်ကြောင်း ခေါ်လာစဉ်က တရုတ်ငွေ (၈၀၀၀၀) ပေးပြီး ဝယ်ယူခဲ့တာဖြစ်ကြောင်း၊ နောက်ထပ်မပေးနိုင်ကြောင်း ပြောဆိုကာ တရုတ်နိုင်ငံရှိ ကွေကျုံရဲစခန်းသို့ အကြောင်းကြားခဲ့ရာ ထောင်(၇)လကျခံခဲ့ရပါတယ်။

ကိုဗစ်ကာလ ဖြစ်တဲ့တွက် တရုတ်ပြည်မှ မြန်မာနိုင်သို့ ပြန်လည် လွှဲပြောင်းပေးရာမှ ဇွန်(၂၀)ရက်နေ့မှာ ကျောက်မဲမြို့ အသွားအလာကန့်သတ်ထားသည့် ကျန်းမာရေး စောင့်ကြည့်စင်တာသို့ ပြန်လည်ရောက်ရှိလာတာ ဖြစ်တယ်လို့ ရောင်းစားခံခဲ့ရတဲ့ အမျိုးသမီးက ပြောပါတယ်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လိမ်လည်ပြီး တရုတ်အမျိုးသားထံရောင်းစားခဲ့တဲ့ လူကုန်ကူးပွဲစား၊ မိခင်ဖြစ်သူနဲ့ပထွေးဖြစ်သူသုံးဦးကို (ပ) ၅၇/၂၀၂၀၊ လူကုန်ကူးမှုတားစီးနှိမ်နှင်းရေးဥပဒေပုဒ်မ-၂၄/၃၂တို့ဖြင့် အမှုအရေးယူဆောင်ရွက်လျှက်ရှိကြောင်း ကျောက်မဲမြို့မရဲစခန်းမှ စုံစမ်း သိရှိရပါတယ်။

ညီညီ(လှိုင်သာယာ)

Zawgyi

မိ ခင္အရင္း က (၁၅) ႏွစ္အ ရြယ္ သမီး ကုိ တရု တ္မယားအျဖစ္ သိန္း (၁၆၀) နဲ႔ ေရာင္းစား ခဲ့

ေက်ာက္ မဲၿမိဳ႕၊ အမွတ္(၈)ရပ္ကြက္တြင္ ေနထိုင္တဲ့ မိခင္အရင္းက သမီးျဖစ္သူကို တ႐ုတ္နိုင္ငံသားထံ သားမယားအျဖစ္ ေပါင္းသင္းေစရန္ ေရာင္းခ်ခဲ့တဲ့ ျဖစ္စဥ္တစ္ခု ဇြန္လ ၂၀ ရက္ေန႔က ျဖစ္ပြားခဲ့ပါတယ္။

လြန္ခဲ့ေသာ ႏွစ္ႏွစ္ခန႔္က မိခင္ျဖစ္သူမွ သမီးျဖစ္သူကို ဖခင္ျဖစ္သူဟာ လားရွိုးေဆး႐ုံတက္ေနတယ္။ သြားၾကည့္ရန္ ေစလႊတ္ကာ အမ်ိဳးတစ္ဦးႏွင့္ ထည့္ေပး လိုက္တာျဖစ္ၿပီး၊ လားရွိုးၿမိဳ့ကိုေရာက္တဲ့အခါ ဖခင္ျဖစ္သူနဲ႔ မေတြ႕ရဘဲ၊ တ႐ုတ္အမ်ိဳးသား တစ္ဦးႏွင့္ အမ်ိဳးသမီး ( ၂ )ဦးတို့နဲ႔အတူ ေရႊလီၿမိဳ့ကို ဆက္လက္ ေခၚေဆာင္သြားခဲ့ေၾကာင္း၊ ေရႊလီၿမိဳ့ကို ေရာက္တဲ့အခါ

၎ကို တ႐ုတ္အမ်ိဳးသားႏွင့္လက္ထပ္ရမည္ျဖစ္ေၾကာင္း အသက္ေမးရင္ (၁၈)ႏွစ္လို့ေျဖရမယ္လုိ႔ ေျပာဆုိခဲ့ပါတယ္။

အဲဒိ ေရာင္းစားခံရတဲ့ မိန္းကေလးငယ္က တ႐ုတ္အမ်ိဳးသားႏွင့္ လက္မထပ္လိုေၾကာင္းေျပာရာ ေက်ာက္မဲၿမိဳ့မွာရွိတဲ့မိခင္အရင္းက ဖုန္းျဖင့္ ျပန္လည္ ဆက္သြယ္လာၿပီး၊ တ႐ုတ္အမ်ိဳးသားနဲ႔ ေကာင္းေကာင္း ယူရန္ ထြက္ေျပးျခင္းမျပဳရန္ေျပာခဲ့ၿပီး ပေထြးျဖစ္သူကလဲ တ႐ုတ္အမ်ိဳးသားနဲ႔ယူရမယ္။ ဒီကေန ပိုက္ဆံေတြလဲပို့ေပးမယ္လို့ေျပာေၾကာင္း အဲဒီေနာက္ တ႐ုတ္ျပည္ ရွင္းမီၿမိဳ့မွာေနထိုင္တဲ့ အသက္(၃၀)ခန႔္ အမ်ိဳးသားနဲ႔ ထည့္ေပးလိုက္တယ္လို႔ ဆုိပါတယ္။

တ႐ုတ္အမ်ိဳးသားကို တစ္ႏွစ္ႏွင့္ (၄)လခန္႔ ေပါင္းသင္း ေနထိုင္ခဲ့ရၿပီး အဲ့ဒီအမ်ိဳးသားက ဆက္လက္ မေပါင္းခ်င္ေတာ့ေၾကာင္း ေျပာတဲ့ခ်ိန္ မိန္းကေလးငယ္ကအိမ္ျပန္ရန္ ပိုက္ဆံေတာင္းရာ တ႐ုတ္အမ်ိဳးသားက ပိုက္ဆံမေပး နိုင္ေၾကာင္း ေခၚလာစဥ္က တ႐ုတ္ေငြ (၈၀၀၀၀) ေပးၿပီး ဝယ္ယူခဲ့တာျဖစ္ေၾကာင္း၊ ေနာက္ထပ္မေပးနိုင္ေၾကာင္း ေျပာဆိုကာ တရုတ္ႏိုင္ငံရွိ ေကြက်ဳံရဲစခန္းသို႔ အေၾကာင္းၾကားခဲ့ရာ ေထာင္(၇)လက်ခံခဲ့ရပါတယ္။

ကိုဗစ္ကာလ ျဖစ္တဲ့တြက္ တ႐ုတ္ျပည္မွ ျမန္မာနိုင္သို႔ ျပန္လည္ လႊဲေျပာင္းေပးရာမွ ဇြန္(၂၀)ရက္ေန႔မွာ ေက်ာက္မဲၿမိဳ႕ အသြားအလာကန႔္သတ္ထားသည့္ က်န္းမာေရး ေစာင့္ၾကည့္စင္တာသို့ ျပန္လည္ေရာက္ရွိလာတာ ျဖစ္တယ္လုိ႔ ေရာင္းစားခံခဲ့ရတဲ့ အမ်ဳိးသမီးက ေျပာပါတယ္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ လိမ္လည္ၿပီး တ႐ုတ္အမ်ိဳးသားထံေရာင္းစားခဲ့တဲ့ လူကုန္ကူးပြဲစား၊ မိခင္ျဖစ္သူနဲ႔ပေထြးျဖစ္သူသုံးဦးကို (ပ) ၅၇/၂၀၂၀၊ လူကုန္ကူးမွုတားစီးႏွိမ္ႏွင္းေရးဥပေဒပုဒ္မ-၂၄/၃၂တို႔ျဖင့္ အမွုအေရးယူေဆာင္ရြက္လၽွက္ရွိေၾကာင္း ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ စုံစမ္း သိရွိရပါတယ္။

ညီညီ(လိႈင္သာယာ)

About the author

Aung Lay

Leave a Comment