News

ဖခင်ဖြစ်သူ လန်ချားသမားကြီးကြောင့် ဘွဲ့ရရှိခဲ့တာပါလို့ ရဲရဲဝံ့ဝံ့ထုတ်ဖော်ခဲ့တဲ့ ကောင်မလေး . . .

Written by Aung Lay

တစ်ခါတရံမှာ ငွေကြေးခက်ခဲမှုဟာ ပညာရေးအတွက် အနှောင့်အယှက် ဖြစ်စေတတ်ပါတယ်။ ကမ္ဘာ တစ်ဝန်းလုံးမှာ ဆင်းရဲမွဲတေမှုကြောင့် ပညာမသင်နိုင်သူတွေ ဒုနဲ့ဒေပါပဲ။

ဥပမာဆိုရင် တစ်နေ့လုပ်မှ တစ်နေ့စား ရတဲ့ သူတွေဆိုရင် ပညာရေးအတွက် အချိန်မပေးနိုင်ကြပါဘူး။ ဒါပေမဲ့ ဖိလစ်ပိုင်နိုင်ငံက လန်ချားသမား တစ်ယောက်ရဲ့ သမီးဖြစ်သူ Sandra Estefani Ramos ကတော့ ဘွဲ့ရအောင်ယူပြီး အဲဒီလိုခက်ခဲတဲ့ဘဝကပဲ သူမအတွက် တွန်းအားတစ်ခုဖြစ်စေခဲ့ကြောင်း သက်သေပြလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံသူလေး ဆန်ဒရာဟာ သူ့မိသားစုက ငွေကြေးအခက်အခဲရှိနေပေမဲ့လည်း ကောလိပ်ကနေ ဘွဲ့ရ အောင် ယူပြီး သူမရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ခဲ့ပါတယ်။

ဆန်ဒရာဟာ ဘွဲ့ကို ရိုးရိုးတန်းတန်း ရခဲ့ တာတောင် မဟုတ်ပါဘူး၊ ထူးချွန်စွာရရှိခဲ့တာပါ။

သူမဟာ ဖိလစ်ပိုင်နိုင်ငံက သိပ္ပံနဲ့နည်းပညာကောလိပ်တစ်ခု ဖြစ်တဲ့ Bicol State College of Applied Sciences and Technology (BISCAST) ကနေ magna cum laude လို့ ခေါ်တဲ့ ထူးချွန်လှတဲ့ ဂုဏ်ထူးနဲ့ ဘွဲ့ရခဲ့တာ ဖြစ်ပါတယ်။

ဆန်ဒရာဟာ အခုလိုဘွဲ့ရရှိခဲ့တာကြောင့် သူမရဲ့မိဘတွေကို အထူးသဖြင့် ဖခင်ဖြစ်သူကို ကျေးဇူးတင်ရုံနဲ့ မလုံလောက်ကြောင်း ဖွင့်ဟဝန်ခံခဲ့ပါတယ်။

သူမရဲ့ဖခင်ဟာ ရာထူးကြီးကြီးအလုပ်တစ်ခုကို လုပ်နေရ သူ မဟုတ်သလို ဝင်ငွေကောင်းကောင်း ရရှိနေသူလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဆန်ဒရာဟာ သူမဖခင်ရဲ့ အလုပ်ကို ဖွင့်ဟဖို့ ဘယ်တော့မှ ရှက်ရွံ့တုံ့ဆုတ်နေလေ့ မရှိပါဘူး။

လန်ချားမောင်းသမားတစ်ယောက်သာဖြစ်တဲ့ သူမဖခင်ဟာ ဆင်းရဲပေမဲ့လည်း မိသားစုတစ်ခုလုံးကို ပင်ပင်ပန်းပန်း ရှာဖွေကျွေးမွေနေသူ ဖြစ်ပါတယ်။

ဖခင်ဖြစ်သူရဲ့ အနစ်နာခံ၊ ပင်ပန်းဆင်းရဲခံမှုအတွက် ပြန်လည် ပေးဆပ်ဖို့အတွက် သူမအနေနဲ့ ဘွဲ့ရအောင်ယူတာဟာ သူမဖခင်ကို ပေးနိုင်တဲ့ အကောင်းဆုံးနဲ့ အမှန်ကန်ဆုံး လက်ဆောင်ဖြစ်တယ်လို့ တွေးမိခဲ့ပါတယ်။

ဆန်ဒရာတစ်ယောက် ထူးထူးချွန်ချွန် ဘွဲ့ရရှိခဲ့တာကြောင့် သူမရဲ့မိဘနှစ်ပါးလုံးဟာ မျက်ရည်ကျတဲ့အထိ ဝမ်းသာပီတိ ဖြစ်ခဲ့ကြတယ်လို့ သူမက ထုတ်ဖော်ပြောပြခဲ့ပါတယ်။

အခုဆိုရင် ဘွဲ့ရရှိသွားခဲ့ပြီဖြစ်တဲ့ ဆန်ဒရာ ဟာ နောင်တစ်ချိန်မှာ ကျောင်းဆရာမတစ်ယောက် ဖြစ်လာဖို့ ရည်ရွယ်ထားပါတယ်။

သေချာတာကတော့ ဆန်ဒရာဟာ သူမရဲ့မိဘတွေကို ပြန်လည်ထောက်ပံ့နိုင်တော့မှာ ဖြစ်ပြီး မိဘတွေအတွက် ဂုဏ်ယူစရာသမီး ရတနာဖြစ်အောင်လည်း ထပ်မံစွမ်းဆောင်နိုင်ဦး မှာပါ။

by Cherry Mon

Zawgyi

တစ္ခါတရံမွာ ေငြေၾကးခက္ခဲမႈဟာ ပညာေရးအတြက္ အေႏွာင့္အယွက္ ျဖစ္ေစတတ္ပါတယ္။ ကမာၻ တစ္ဝန္းလုံးမွာ ဆင္းရဲမြဲေတမႈေၾကာင့္ ပညာမသင္နိုင္သူေတြ ဒုနဲ႕ေဒပါပဲ။

ဥပမာဆိုရင္ တစ္ေန႕လုပ္မွ တစ္ေန႕စား ရတဲ့ သူေတြဆိုရင္ ပညာေရးအတြက္ အခ်ိန္မေပးနိုင္ၾကပါဘူး။ ဒါေပမဲ့ ဖိလစ္ပိုင္နိုင္ငံက လန္ခ်ားသမား တစ္ေယာက္ရဲ႕ သမီးျဖစ္သူ Sandra Estefani Ramos ကေတာ့ ဘြဲ႕ရေအာင္ယူၿပီး အဲဒီလိုခက္ခဲတဲ့ဘဝကပဲ သူမအတြက္ တြန္းအားတစ္ခုျဖစ္ေစခဲ့ေၾကာင္း သက္ေသျပလိုက္ပါတယ္။

ဖိလစ္ပိုင္နိုင္ငံသူေလး ဆန္ဒရာဟာ သူ႕မိသားစုက ေငြေၾကးအခက္အခဲရွိေနေပမဲ့လည္း ေကာလိပ္ကေန ဘြဲ႕ရ ေအာင္ ယူၿပီး သူမရဲ႕အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ခဲ့ပါတယ္။

ဆန္ဒရာဟာ ဘြဲ႕ကို ရိုးရိုးတန္းတန္း ရခဲ့ တာေတာင္ မဟုတ္ပါဘူး၊ ထူးခြၽန္စြာရရွိခဲ့တာပါ။

သူမဟာ ဖိလစ္ပိုင္နိုင္ငံက သိပၸံနဲ႕နည္းပညာေကာလိပ္တစ္ခု ျဖစ္တဲ့ Bicol State College of Applied Sciences and Technology (BISCAST) ကေန magna cum laude လို႔ ေခၚတဲ့ ထူးခြၽန္လွတဲ့ ဂုဏ္ထူးနဲ႕ ဘြဲ႕ရခဲ့တာ ျဖစ္ပါတယ္။

ဆန္ဒရာဟာ အခုလိုဘြဲ႕ရရွိခဲ့တာေၾကာင့္ သူမရဲ႕မိဘေတြကို အထူးသျဖင့္ ဖခင္ျဖစ္သူကို ေက်းဇူးတင္႐ုံနဲ႕ မလုံေလာက္ေၾကာင္း ဖြင့္ဟဝန္ခံခဲ့ပါတယ္။

သူမရဲ႕ဖခင္ဟာ ရာထူးႀကီးႀကီးအလုပ္တစ္ခုကို လုပ္ေနရ သူ မဟုတ္သလို ဝင္ေငြေကာင္းေကာင္း ရရွိေနသူလည္း မဟုတ္ပါဘူး။ ဒါေပမဲ့ ဆန္ဒရာဟာ သူမဖခင္ရဲ႕ အလုပ္ကို ဖြင့္ဟဖို႔ ဘယ္ေတာ့မွ ရွက္႐ြံ႕တုံ႕ဆုတ္ေနေလ့ မရွိပါဘူး။

လန္ခ်ားေမာင္းသမားတစ္ေယာက္သာျဖစ္တဲ့ သူမဖခင္ဟာ ဆင္းရဲေပမဲ့လည္း မိသားစုတစ္ခုလုံးကို ပင္ပင္ပန္းပန္း ရွာေဖြေကြၽးေမြေနသူ ျဖစ္ပါတယ္။

ဖခင္ျဖစ္သူရဲ႕ အနစ္နာခံ၊ ပင္ပန္းဆင္းရဲခံမႈအတြက္ ျပန္လည္ ေပးဆပ္ဖို႔အတြက္ သူမအေနနဲ႕ ဘြဲ႕ရေအာင္ယူတာဟာ သူမဖခင္ကို ေပးနိုင္တဲ့ အေကာင္းဆုံးနဲ႕ အမွန္ကန္ဆုံး လက္ေဆာင္ျဖစ္တယ္လို႔ ေတြးမိခဲ့ပါတယ္။

ဆန္ဒရာတစ္ေယာက္ ထူးထူးခြၽန္ခြၽန္ ဘြဲ႕ရရွိခဲ့တာေၾကာင့္ သူမရဲ႕မိဘႏွစ္ပါးလုံးဟာ မ်က္ရည္က်တဲ့အထိ ဝမ္းသာပီတိ ျဖစ္ခဲ့ၾကတယ္လို႔ သူမက ထုတ္ေဖာ္ေျပာျပခဲ့ပါတယ္။

အခုဆိုရင္ ဘြဲ႕ရရွိသြားခဲ့ၿပီျဖစ္တဲ့ ဆန္ဒရာ ဟာ ေနာင္တစ္ခ်ိန္မွာ ေက်ာင္းဆရာမတစ္ေယာက္ ျဖစ္လာဖို႔ ရည္႐ြယ္ထားပါတယ္။

ေသခ်ာတာကေတာ့ ဆန္ဒရာဟာ သူမရဲ႕မိဘေတြကို ျပန္လည္ေထာက္ပံ့နိုင္ေတာ့မွာ ျဖစ္ၿပီး မိဘေတြအတြက္ ဂုဏ္ယူစရာသမီး ရတနာျဖစ္ေအာင္လည္း ထပ္မံစြမ္းေဆာင္နိုင္ဦး မွာပါ။

by Cherry Mon

About the author

Aung Lay

Leave a Comment