ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းေက်ာ္ အဆိုေတာ္ စိုင္းစိုင္းခမ္းလႈိင္ကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။ စိုင္းစိုင္းကေတာ့ အမိုက္စားသံစဥ္ စာသားေတြနဲ႔ေရးဖြဲ႕ထားတဲ့ သီခ်င္းေတြကို သီဆိုကာ ပရိသတ္ေတြရဲ႕ ႏွလုံးသားေတြကို သိမ္းပိုက္ထားသူပဲျဖစ္ပါတယ္.။ စိုင္းစိုင္းဟာ သ႐ုပ္ေဆာင္ပိုင္းမွာလည္း ေတာ္တဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ၿပီး သူကိုယ္တိုင္ ထုတ္လုပ္သူအေနနဲ႔ ႐ိုက္ကူးထုတ္လုပ္ထားတဲ့ “ပိေတာက္ကတဲ့ ဂီတ” သီခ်င္း႐ုပ္ရွင္ဇာတ္ကားႀကီးဟာလည္း ပရိသတ္ေတြရဲ႕ အႀကိဳက္နဲ႔ ထပ္တူက်ခဲ့တယ္လို႔ ဆိုရမွာပါ.။ လူႀကိဳက္မ်ားအားေပးေနတဲ့ အခ်ိန္မွာပဲ ကပ္ေရာဂါဆိုးႀကီး Covid 19 ဗိုင္းရပ္စ္ဟာ ျမန္မာႏိုင္ငံမွာ စတင္ပ်ံ႕ႏွံ႔လာတာေၾကာင့္ လူစုလူေဝျဖစ္ေစမယ့္ ႐ုပ္ရွင္႐ုံေတြကို ပိတ္ထားရတာေၾကာင့္ “ပိေတာက္ကတဲ့ ဂီတ”သီခ်င္း႐ုပ္ရွင္ဇာတ္ကားႀကီးကို တစ္ပတ္ပဲ ႐ုံတင္ျပသ လိုက္ရပါတယ္.။
ဒီေန႔ေမလ (၁)ရက္ေန႔မွာေတာ့ စိုင္းစိုင္းက သူ႔ရဲ႕ပထမဆုံးထုတ္လုပ္တဲ့ ႐ုပ္ရွင္ကို ျပသခြင့္မရတဲ့ အေျခအေနေၾကာင့္ ခံစားရတဲ့ ခံစားခ်က္ေလးေတြကို “႐ုပ္ရွင္႐ုံေတြ (၆)ပတ္ပိတ္ထားရမယ္ဆိုတဲ့ ရက္နဲ႔တြက္ရင္ ဒီေန႔ ႐ုပ္ရွင္ျပန္ျပရမယ့္ေန႔ပါပဲ။ အခုေတာ့ လူထုက်န္းမာေရးက အေရးႀကီးဆုံးဆိုေတာ့ ႐ုပ္ရွင္ျပန္ျပဖို႔က ဘယ္ဆီဝယ္မသိေသးဘူးေပါ့ဗ်ာ။ မွတ္မွတ္ရရပါ။ ကြၽန္ေတာ္ ပထမဆုံးထုတ္လုပ္တဲ့႐ုပ္ရွင္ တစ္ပတ္ပဲဟုတ္တိပတ္တိ ျပရေသးတယ္။ ကမာၻႀကီးကပ္ဆိုက္သြားတယ္ဆိုတာ.။ မၾကည့္ရေသးတဲ့ ကြၽန္ေတာ့္ ပရိသတ္ေတြလည္း အမ်ားႀကီးေပါ့။ ကြၽန္ေတာ္ကိုယ္တိုင္လည္း ေနာက္တစ္ခါ႐ုံမွာ ျပန္ၾကည့္ခ်င္လွပါၿပီ။ ထုံးစံအတိုင္း ပြဲအၿပီး မီးအဖြင့္ ႐ုံထဲဝင္ႏႈတ္ဆက္ ပရိသတ္ေတြလည္း ေဟးကနဲေအာ္ ေပ်ာ္စရာအခ်ိန္ေတြကို ျပန္လိုခ်င္လွခ်ည္ရဲ႕။
႐ုပ္ရွင္ေတြ ျမန္ျမန္ျပန္ဖြင့္ပါေစ။ ပိေတာက္ဂီတလည္း ျမန္ျမန္ျပန္ကႏိုင္ပါေစ။ ျမန္မာျပည္ႀကီး ေနေကာင္းပါေစ။ ကမာၻေျမႀကီး က်န္းမာပါေစေပါ့။ Sai Sai Kham Leng… ပိေတာက္အသင္း… ပိေတာက္ကတဲ့ဂီတ” ဆိုၿပီး သူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့ပါတယ္.။စိုင္းစိုင္းကေတာ့ ကမာၻႀကီး အျမန္ဆုံးေနေကာင္းၿပီး ႐ုပ္ရွင္ေတြကို ျပန္လည္ျပသႏိုင္ဖို႔ အတြက္ ဆုေတာင္းေနမိတဲ့ သူ႔ရဲ႕ ခံစားခ်က္ေလးေတြကို ရင္ဖြင့္တင္လာတာပဲျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီး.။ Cele Connections ပရိသတ္ႀကီးလည္း ကမာၻႀကီး အျမန္ဆုံးေနျပန္ေကာင္းၿပီး အလုပ္အကိုင္ေတြအဆင္ေျပကာ ႐ုပ္ရွင္ေတြ ျပန္လည္ျပသႏိုင္ဖို႔ စိုင္းစိုင္းခမ္းလႈိင္နဲ႔ အတူ ဆုေတာင္းလိုက္ၾကရေအာင္ေနာ္.။
Credit : Cele Connections
Unicode
နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ စိုင်းစိုင်းကတော့ အမိုက်စားသံစဉ် စာသားတွေနဲ့ရေးဖွဲ့ထားတဲ့ သီချင်းတွေကို သီဆိုကာ ပရိသတ်တွေရဲ့ နှလုံးသားတွေကို သိမ်းပိုက်ထားသူပဲဖြစ်ပါတယ်.။ စိုင်းစိုင်းဟာ သရုပ်ဆောင်ပိုင်းမှာလည်း တော်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး သူကိုယ်တိုင် ထုတ်လုပ်သူအနေနဲ့ ရိုက်ကူးထုတ်လုပ်ထားတဲ့ “ပိတောက်ကတဲ့ ဂီတ” သီချင်းရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့တယ်လို့ ဆိုရမှာပါ.။ လူကြိုက်များအားပေးနေတဲ့ အချိန်မှာပဲ ကပ်ရောဂါဆိုးကြီး Covid 19 ဗိုင်းရပ်စ်ဟာ မြန်မာနိုင်ငံမှာ စတင်ပျံ့နှံ့လာတာကြောင့် လူစုလူဝေဖြစ်စေမယ့် ရုပ်ရှင်ရုံတွေကို ပိတ်ထားရတာကြောင့် “ပိတောက်ကတဲ့ ဂီတ”သီချင်းရုပ်ရှင်ဇာတ်ကားကြီးကို တစ်ပတ်ပဲ ရုံတင်ပြသ လိုက်ရပါတယ်.။
ဒီနေ့မေလ (၁)ရက်နေ့မှာတော့ စိုင်းစိုင်းက သူ့ရဲ့ပထမဆုံးထုတ်လုပ်တဲ့ ရုပ်ရှင်ကို ပြသခွင့်မရတဲ့ အခြေအနေကြောင့် ခံစားရတဲ့ ခံစားချက်လေးတွေကို “ရုပ်ရှင်ရုံတွေ (၆)ပတ်ပိတ်ထားရမယ်ဆိုတဲ့ ရက်နဲ့တွက်ရင် ဒီနေ့ ရုပ်ရှင်ပြန်ပြရမယ့်နေ့ပါပဲ။ အခုတော့ လူထုကျန်းမာရေးက အရေးကြီးဆုံးဆိုတော့ ရုပ်ရှင်ပြန်ပြဖို့က ဘယ်ဆီဝယ်မသိသေးဘူးပေါ့ဗျာ။ မှတ်မှတ်ရရပါ။ ကျွန်တော် ပထမဆုံးထုတ်လုပ်တဲ့ရုပ်ရှင် တစ်ပတ်ပဲဟုတ်တိပတ်တိ ပြရသေးတယ်။ ကမ္ဘာကြီးကပ်ဆိုက်သွားတယ်ဆိုတာ.။ မကြည့်ရသေးတဲ့ ကျွန်တော့် ပရိသတ်တွေလည်း အများကြီးပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း နောက်တစ်ခါရုံမှာ ပြန်ကြည့်ချင်လှပါပြီ။ ထုံးစံအတိုင်း ပွဲအပြီး မီးအဖွင့် ရုံထဲဝင်နှုတ်ဆက် ပရိသတ်တွေလည်း ဟေးကနဲအော် ပျော်စရာအချိန်တွေကို ပြန်လိုချင်လှချည်ရဲ့။
ရုပ်ရှင်တွေ မြန်မြန်ပြန်ဖွင့်ပါစေ။ ပိတောက်ဂီတလည်း မြန်မြန်ပြန်ကနိုင်ပါစေ။ မြန်မာပြည်ကြီး နေကောင်းပါစေ။ ကမ္ဘာမြေကြီး ကျန်းမာပါစေပေါ့။ Sai Sai Kham Leng… ပိတောက်အသင်း… ပိတောက်ကတဲ့ဂီတ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။စိုင်းစိုင်းကတော့ ကမ္ဘာကြီး အမြန်ဆုံးနေကောင်းပြီး ရုပ်ရှင်တွေကို ပြန်လည်ပြသနိုင်ဖို့ အတွက် ဆုတောင်းနေမိတဲ့ သူ့ရဲ့ ခံစားချက်လေးတွေကို ရင်ဖွင့်တင်လာတာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးလည်း ကမ္ဘာကြီး အမြန်ဆုံးနေပြန်ကောင်းပြီး အလုပ်အကိုင်တွေအဆင်ပြေကာ ရုပ်ရှင်တွေ ပြန်လည်ပြသနိုင်ဖို့ စိုင်းစိုင်းခမ်းလှိုင်နဲ့ အတူ ဆုတောင်းလိုက်ကြရအောင်နော်.။