Cele News

ဖခင် နဲ့ ခင်ပွန်းအ တွက် ဂုဏ်ပြုစ ကားဆို ခဲ့ တဲ့ အိန္ဒြာကျော်ဇင်

Written by Aung Lay

ဖခင် နဲ့ ခင်ပွန်းအ တွက် ဂုဏ်ပြုစ ကားဆို ခဲ့ တဲ့ အိန္ဒြာကျော်ဇင်

အဖေ များနေ့ အမှတ်တရစကားတွေပြောလာပါတယ်။သရုပ်ဆောင် အိန္ဒြာကျော်ဇင်ဟာ အဖေများနေ့မှာ အဖေရှိတဲ့ သားသမီးတိုင်းကို အားကျတယ်လို့ဆိုလာပါတယ်။

အိန္ဒြာေ ကျာ်ဇင်ကတော့ အဖေများနေ့မှာ သူမရဲ့ ဖခင်ကို လွမ်းဆွတ် သတိရနေပါတယ်။ ဒါကြောင့် ခင်ပွန်းဖြစ်သူနဲ့ သူမရဲ့ ဖခင်အတွက် အဖေများနေ့ အမှတ်တရအဖြစ် ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။

” ကျွန်မ၏ တန်ဖိုးမဖြတ်နိုင်သော ဖေဖေ နှင့် ကျွန်မ၏ တန်ဖိုးရှိသော ခင်ပွန်း တို့အတွက် ဂုဏ်ပြုပါသည်။ အဖေရှိသောသူတိုင်းကို အားကျပါ၏ ။ “Happy Father’s Day”အဖေများအားလုံးကို လေးစားလျှက်…..” ဆိုပြီးတော့ ဇွန်လ (၂၁) ရက်နေ့ မနက် ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အိန္ဒြာကျော်ဇင်ဟာ မိခင်ရယ်၊ ခင်ပွန်းရယ်၊ သမီးကြီး ၊ သားလေးတို့နဲ့ အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ အနုပညာနဲ့ ပတ်သက်လာရင် သရုပ်ဆောင် အလုပ်သာမက ၊ ပန်းချီဆွဲတာ ၊ ဂစ်တာတီးတာ၊ သီချင်းဆိုတဲ့ နေရာမှာပါ ထူးချွန်သူ တစ်ယောက်ဖြစ်ပါတယ်။ ဝါသနာပါတဲ့အရာလေးတွေကိုလည်း လက်ရှိ Stay Home ကာလမှာ မကြာခဏ လုပ်ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

အိန္ဒြာကျော်ဇင်ဟာ ၁၉၉၆ တစ်ခုနှစ်ထဲမှာပဲ MISS KOKKINE & MISS CHRISTMAS ၂ဆုလုံး ရထားတဲ့ Miss ၁ ဦးဖြစ်ခဲ့ဖူးပါတယ်။ သူမဟာ အနုပညာလောကထဲမှာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် ခိုင်မာစွာ ရပ်တည်နေနိုင်သူ တစ်ဦးဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ “မျက်နှာများတဲ့ မိုးကောင်းကင်” ရုပ်ရှင်ဇာတ်ကား၊ ၂၀၁၇ခုနှစ်မှာ “ရင်ဘက်ထဲကဓား” တို့နဲ့ ဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့ သူပါ။ အိန္ဒြာကျော်ဇင်ဟာ သရုပ်ဆောင်ပြေတီဦးနဲ့ ၂၀၁၁ခုနှစ် ဇန်နဝါရီ ၁ရက်နေ့မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ အိမ်ထောင်သက်တမ်း ၉ နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။ သူတို့မှာတော့ ချစ်စရာကောင်းတဲ့ သမီးကြီး ပြေသုဒြာနဲ့ ချစ်စရာကောင်းတဲ့ သားငယ်လေး ပြေဓီရ တို့ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ဆယ်လီရပ်ကွက်

Zawgyi

ဖခင္ နဲ႔ ခင္ပြန္းအ တြက္ ဂုဏ္ျပဳစ ကားဆို ခဲ့ တဲ့ အိျႏၵာေက်ာ္ဇင္

အေဖ မ်ားေန႔ အမွတ္တရစကားေတြေျပာလာပါတယ္။သ႐ုပ္ေဆာင္ အိျႏၵာေက်ာ္ဇင္ဟာ အေဖမ်ားေန႔မွာ အေဖရွိတဲ့ သားသမီးတိုင္းကို အားက်တယ္လို႔ဆိုလာပါတယ္။

အိျႏၵာေ က်ာ္ဇင္ကေတာ့ အေဖမ်ားေန႔မွာ သူမရဲ႕ ဖခင္ကို လြမ္းဆြတ္ သတိရေနပါတယ္။ ဒါေၾကာင့္ ခင္ပြန္းျဖစ္သူနဲ႔ သူမရဲ႕ ဖခင္အတြက္ အေဖမ်ားေန႔ အမွတ္တရအျဖစ္ ဂုဏ္ျပဳစကားဆိုခဲ့ပါတယ္။

” ကြၽန္မ၏ တန္ဖိုးမျဖတ္ႏိုင္ေသာ ေဖေဖ ႏွင့္ ကြၽန္မ၏ တန္ဖိုးရွိေသာ ခင္ပြန္း တို႔အတြက္ ဂုဏ္ျပဳပါသည္။ အေဖရွိေသာသူတိုင္းကို အားက်ပါ၏ ။ “Happy Father’s Day”အေဖမ်ားအားလုံးကို ေလးစားလွ်က္…..” ဆိုၿပီးေတာ့ ဇြန္လ (၂၁) ရက္ေန႔ မနက္ ၁၁ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အိျႏၵာေက်ာ္ဇင္ဟာ မိခင္ရယ္၊ ခင္ပြန္းရယ္၊ သမီးႀကီး ၊ သားေလးတို႔နဲ႔ အတူ ေပ်ာ္စရာေကာင္းတဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားသူတစ္ေယာက္ျဖစ္ပါတယ္။ သူမဟာ အႏုပညာနဲ႔ ပတ္သက္လာရင္ သ႐ုပ္ေဆာင္ အလုပ္သာမက ၊ ပန္းခ်ီဆြဲတာ ၊ ဂစ္တာတီးတာ၊ သီခ်င္းဆိုတဲ့ ေနရာမွာပါ ထူးခြၽန္သူ တစ္ေယာက္ျဖစ္ပါတယ္။ ဝါသနာပါတဲ့အရာေလးေတြကိုလည္း လက္ရွိ Stay Home ကာလမွာ မၾကာခဏ လုပ္ျဖစ္ေနတာကိုလည္း ေတြ႕ရပါတယ္။

အိျႏၵာေက်ာ္ဇင္ဟာ ၁၉၉၆ တစ္ခုႏွစ္ထဲမွာပဲ MISS KOKKINE & MISS CHRISTMAS ၂ဆုလုံး ရထားတဲ့ Miss ၁ ဦးျဖစ္ခဲ့ဖူးပါတယ္။ သူမဟာ အႏုပညာေလာကထဲမွာ ေအာင္ျမင္တဲ့ သ႐ုပ္ေဆာင္တစ္ဦးအျဖစ္ ခိုင္မာစြာ ရပ္တည္ေနႏိုင္သူ တစ္ဦးျဖစ္ၿပီး ၂၀၀၄ ခုႏွစ္မွာ “မ်က္ႏွာမ်ားတဲ့ မိုးေကာင္းကင္” ႐ုပ္ရွင္ဇာတ္ကား၊ ၂၀၁၇ခုႏွစ္မွာ “ရင္ဘက္ထဲကဓား” တို႔နဲ႔ ဇာတ္ေဆာင္ဆုေတြကို ပိုင္ဆိုင္ႏိုင္ခဲ့ သူပါ။ အိျႏၵာေက်ာ္ဇင္ဟာ သ႐ုပ္ေဆာင္ေျပတီဦးနဲ႔ ၂၀၁၁ခုႏွစ္ ဇန္နဝါရီ ၁ရက္ေန႔မွာ လက္ထပ္ခဲ့ၾကတာျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ အိမ္ေထာင္သက္တမ္း ၉ ႏွစ္ေက်ာ္လာခဲ့ၿပီျဖစ္ပါတယ္။ သူတို႔မွာေတာ့ ခ်စ္စရာေကာင္းတဲ့ သမီးႀကီး ေျပသုျဒာနဲ႔ ခ်စ္စရာေကာင္းတဲ့ သားငယ္ေလး ေျပဓီရ တို႔ကို ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။

ဆယ္လီရပ္ကြက္

About the author

Aung Lay

Leave a Comment