News

ကိုဗစ် ကာလေ နောက်ပိုင်း မှာ လူ တိုင်း နီးပါး ဖြစ်လာေ န တဲ့ ရောဂါတ ခုအကြောင်း

Written by Aung Lay

ကိုဗစ် ကာလေ နောက်ပိုင်း မှာ လူ တိုင်း နီးပါး ဖြစ်လာေ န တဲ့ ရောဂါတ ခုအကြောင်း

ကိုဗ စ် ကာလနောက်ပိုင်း ဆေးခန်းကိုလာတဲ့လူနာတော်တော်များများဆီက ကြားရတတ်တဲ့ ကွန်ပလိန်းက “အကြောတွေတက်တယ်ဆရာ” တဲ့။ အဲ့ဒီအကြောတက်တယ်ဆိုတဲ့ကိစ္စက ဆရာဝန်တော်တော်များများခေါင်းခြောက်ရတဲ့ပြဿနာပါ။ ဘာကြောင့်လဲဆိုတော့ သူက နာတာလည်းမဟုတ်၊ ကိုက်တာလည်းမဟုတ်၊ သိသိသာသာရောင်ရမ်းနေတာလည်းမဟုတ်တော့ လူနာတွေအနေနဲ့ကလည်း တိတိပပပြောရခက်။ ဆရာဝန်တွေအနေနဲ့ကလည်း စမ်းဖို့ခက်တဲ့လက္ခဏာမျိုးပါ။

Vague symptom လို့ခေါ်တဲ့ တိကျပြတ်သားမှုမရှိတဲ့ ဝါးတားတားလက္ခဏာမျိုးပေါ့။ ဒါပေမယ့် ၁၅ နှစ်လောက် GP ထိုင်၊ ဆေးကုလာတဲ့အတွေ့အကြုံအရ ခုနောက်ပိုင်းဆိုရင်တော့ အဲ့ဒီလိုမျိုးအကြောတက်တယ်လို့ပြောလာရင် (ကိုယ့်တဦးတည်းအမြင်အရ) Vague symptom လို့ မသတ်မှတ်တော့ပါဘူး။ ရောဂါဖြစ်စဉ်ကိုတိတိကျကျသိရဖို့အတွက် သူတို့ကိုပြန်မေးဖို့မေးခွန်းတွေက အဆင်သင့်ရှိနေပါပြီ။

“အကြောတက်တယ်ဆိုတာ ဘာကိုပြောတာလဲ။ ကြွက်သားတွေ နာကျင်ကိုက်ခဲတာကိုပြောတာလား” “မဟုတ်ဘူးဆရာ။ လေးလေးခဲခဲကြီး ဖြစ်နေတာ။ နှိပ်လိုက်ရင်တော့ သက်သာသွားသလိုလိုရှိတယ်” “တကိုယ်လုံးလား၊ ခြေတွေလက်တွေလား၊ ဇက်ပိုးနဲ့ ပခုံးနေရာတွေလား” “အင်း ခြေတွေလက်တွေကတော့ ဒီလောက်မဟုတ်ဘူး။ ဇက်ပိုးနဲ့ ပခုံးနေရာတွေ ပိုသိသာပါတယ်” အဲ့ဒီလိုတဖြည်းဖြည်းမေးရင်းနဲ့မှပဲ ကိုယ်လိုချင်တဲ့အဖြေကို နီးနီးစပ်စပ်ရပါတော့တယ်။

အကြောတက်တယ်ဆိုတဲ့ လူနာတော်တော်များများက ဇက်ပိုးနဲ့လည်ပင်းနေရာတွေနာကျင်ကိုက်ခဲတာ၊ ဇက်ကြောကြွက်သားတွေ တင်းပြီးတောင့်တာကို ဆိုချင်ပုံရပါတယ်။ ခုနောက်ပိုင်းကာလတွေမှာဆို လူတွေကအပြင်သိပ်မထွက်ကြတော့ဘဲ ဖုန်းတွေကြည့်တာပိုများလာတော့ ဆေးခန်းမှာ အဲ့ဒီလို Complaint တွေ ပိုပိုပြီးကြားလာရပါတယ်။

အံမယ်။ အံမယ်။ လူနာတွေမပြောပါနဲ့နော်။ ကိုယ်ကိုယ်တိုင်တောင် ခုရက်ပိုင်း ဖုန်းသုံးတာ၊ စာရိုက်တာတွေများပြီး မျက်ရိုးတွေကိုက်၊ ဇက်ကြောတွေတက်ဖြစ်လာတတ်တာ။ ဒါလည်း New Normal ရောဂါတခုပဲလို့ပြောလို့ရတာပေါ့။ ဆေးပညာအရတော့ အကြောတက်တာတွေ၊ အကြောဆင်းတာတွေမရှိပါဘူး။ Pain ဆိုတဲ့ နာကျင်ခြင်းခေါင်းစဉ်အောက်ထဲပဲထိုးထည့်လိုက်ပါတယ်။ အဲ့ဒီအောက်မှာမှ ကိုက်ခဲတယ်ဆို Aching၊ ထိလိုက်တာနဲ့နာတယ်ဆို Tenderness၊ စမ်းလိုက်လို့တင်းတောင့်နေတယ်ဆိုရင် Stiffness စသဖြင့် ပြန်ခွဲတာပေါ့။

တကယ်တော့ ဇက်ကြောတတ်တယ်ဆိုတာ ကြီးကြီးမားမားပြဿနာတော့မဟုတ်ပါဘူး။ လည်ပင်းနဲ့ဇက်ပိုးတဝိုက်က ကြွက်သားတွေ တင်းတောင့်နာကျင်တတ်တာမျိုးပါ။ သိပ်မဆိုးလွန်းရင်တော့ အိမ်မှာပဲနေပြီးဆောင်ရန်ရှောင်ရန်လေးတွေ လိုက်နာလိုက်ရင် ရက်ပိုင်းအတွင်းသက်သာသွားမှာပါ။

အဲ့ဒါဆို ဘာကြောင့်ဇက်ကြောတက်ကြသလဲဆိုတာလေး ဆက်ဖတ်ကြည့်ကြရအောင်နော်။ အလေးအပင်တွေ ဆွဲတာမတာများလွန်းရင် ဖြစ်တတ်ပါတယ်တဲ့။ ဒါကတော့ ရှင်းပါတယ်။ ဈေးခြင်းတောင်းအလေးကြီးကို ကိုယ်တခြမ်းစောင်းတဲ့အထိသယ်လာတာမျိုးပေါ့။ လက်ကအလုပ်လုပ်နေရင်း ဖုန်းကိုပခုံးနဲ့ခေါင်းနဲ့ကြားမှာညှပ်ပြီးပြောတတ်တဲ့သူတွေမှာလည်း ဇက်ကြောတက်တတ်ပါတယ်။

အလုပ်များလွန်းသူတွေ၊ ဖုန်းပြောရလွန်းသူတွေ သတိပြုကြပါ။ အလုပ်များလွန်းရင်၊ စိတ်ဖိစီးမှုများလွန်းတဲ့အခါမှာလည်း ဇက်ကြောတက်တတ်ပါတယ်။ ဒါကလည်း လူတော်တော်များများဖြစ်ဖူးကြတဲ့ပုံစံပါပဲ။ ပြီးတော့ တနေကုန်စားပွဲမှာထိုင်ပြီးအလုပ်လုပ်ရတဲ့သူတွေမှာ ထိုင်တဲ့ပုံစံမမှန်တာပေါ့။ အလုပ်ထဲအာရုံတွေဝင်စားပြီး ခါးကြီးကိုကိုင်း၊ ခေါင်းကိုငုံ့၊ မျက်နှာကို စားပွဲနဲ့၊ ကွန်ပျူတာနဲ့အတင်းကပ်ပြီး တနေကုန်လုပ်နေရတဲ့သူတွေပါ။ သူတို့ကတော့ စိတ်ဖိစီးမှုသိပ်မများပေမယ့် Posture လို့ခေါ်တဲ့ ကိုယ်နေဟန်ထားကပုံစံမကျလို့ဖြစ်တာပါ။

နောက်တခုကတော့ Tension headache လို့ခေါ်ပါတယ်။ စိတ်ညစ်ရင်ခေါင်းကိုက်တတ်တဲ့သူတွေမှာလည်း ဇက်ကြောတက်တာတွဲဖြစ်တတ်ပါတယ်။ နောက်တမျိုးက မြန်မာလိုဆိုရင် အုန်းလွဲတယ်လို့ပြောကြပါတယ်။ အိပ်တဲ့အချိန်မှာ ခေါင်းအုံးနိမ့်လွန်းတာ၊ မြင့်လွန်းတာကြောင့် ဇက်ကြောကြွက်သားတွေတင်းပြီး ခေါင်းကြီးကလှည့်မရပြုမရ စောင်းငန်းစောင်းငန်းနဲ့ နာတတ်တာမျိုးပါ။ နောက်ထပ်ဖြစ်တတ်တာတခုက ကိုယ်စီးနေတဲ့ကား ရုတ်တရတ်ဘရိတ်ဆောင့်အုပ်လိုက်တဲ့အခါ ခေါင်းကရှေ့ကိုဆတ်ကနည်းငိုက်ကျပြီး ချက်ချင်းနောက်ကိုပြန်လန်သွားတတ်တာမျိုးပါ။ အဲ့ဒီလိုဖြစ်ရင်လည်း ဇက်ကြောတွေနာတတ်ပါတယ်။

ဒါတွေကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့၊ လူတိုင်းမကြာခဏကြုံတတ်ကြတဲ့ ပုံစံမျိုးတွေပါ။ အဲ့ဒါတွေအပြင် တခြားအရေးကြီးတဲ့၊ ပေါ့လို့မရတဲ့ အခြေအနေမျိုးတွေလည်း ရှိပါသေးတယ်။ အဲ့ဒါတွေကတော့ လည်ဆစ်ရိုးကျီးပေါင်းတက်တာ၊ ဦးနှောက်အမြှေးပါးရောင်တာ၊ လည်ဆစ်ရိုးကြားက အရိုးနုကျွံထွက်တာ၊ လေးဘက်နာရောဂါမှာ အဆစ်အမြစ်တွေရောင်တာ အဲ့ဒီအခြေအနေတွေမှာလည်း ဇက်ကြောတွေနာတာ၊ တင်းတောင့်တာတွေ ဖြစ်တတ်ပါတယ်။

ဒါပေမယ့် ဇက်ကြောလေးတစ်ရက်လောက်တက်ရုံနဲ့တော့ ရောဂါကြီးကြီးမားမားတွေမစဉ်းစားပါနဲ့။ ဥပါဒန်ကြောင့် ဥပါဒ်ရောက်ဆိုတာကလည်း ရှိသေးတယ်မဟုတ်လား။ ကိုယ့်အိမ်မှာနေရင်းနဲ့ပဲ ဇက်ကြောတက်သက်သာအောင် လုပ်လို့ရသလောက်လုပ်ကြည့်ကြပါဦး။ အပေါ်မှာပြောခဲ့တဲ့အချက်တွေထဲက ကိုယ်ကဘယ်အချက်နဲ့ကိုက်ညီနေသလဲ တချက်လေးပြန်စဉ်းစားကြည့်။ ဖြစ်နိုင်ချေရှိတဲ့အချက်တွေကို ရှောင်ပေါ့။ သိပ်လွယ်ပါတယ်။ ကိုယ်မနိုင်တဲ့ အလေးအပင်တွေမမမိ၊ မသယ်မိစေနဲ့။ ဖုန်းကို အကြာကြီးမသုံးမိစေနဲ့။

ထိုင်ရင် ခါးကိုမတ်မတ်ထား၊ ခေါင်းကို အကြာကြီးမငုံ့မိစေနဲ့။ ဖုန်းကို မျက်နှာနဲ့ကပ်မကြည့်ဘဲ ခပ်ဝေးဝေးမှာထားပြီးကြည့်တတ်အောင်ကျင့်ထား။ အလုပ်သိပ်ရှုပ်လာရင်၊ စိတ်ဖိစီးမှုများလာရင် Relaxation လေးဘာဘေးလုပ်၊ Night out လေးဘာလေးထွက် (ဒီအချက်ကိုတော့ အကြိုက်ကြဆုံးဖြစ်မယ်ထင်တယ်နော်။ တော်ကြာ ညတိုင်း Night out ချင်တာနဲ့ပဲ အမြဲတမ်းဇက်ကြောတက်နေတယ်ဆိုရင်တော့လည်း ကိုယ့်အကြောင်းကိုယ်သိပေါ့)

ပြီးတော့ ဇက်ပိုးနေရာကို ရေနွေးအိတ်ကပ်လို့ရတယ်။ ရေနွေးနွေးလေးနဲ့ ရေချိုးပေးလို့ရတယ်။ တင်းနေတဲ့ဇက်ကြောနေရာကို လက်နဲ့အသာလေးနှိပ်ပေးလို့ရတယ်။ မာဆတ်သွားစရာမလိုပါ။ မိန်းမကိုဇက်ကြောဆွဲခိုင်းစရာ မလိုပါ။ ကိုယ့်လက်ကလေးနဲ့ကိုယ် ခံနိုင်သလောက်လေးနှိပ်ပေးလို့ရပါတယ်နော်။ ပြီးတော့ လည်ပင်းနဲ့ဦးခေါင်းပိုင်းကို အကြောလျှော့တဲ့လေ့ကျင့်ခန်းတွေ လုပ်လို့ရပါတယ်။

ဘယ်အချိန်မှာ ဆေးခန်းပြမလဲ။ ဆရာဝန်နဲ့တိုင်ပင်မလဲ။ ဇက်ကြောတက်တာနာတာ ရက်ကြာလာရင်၊ အပေါ်ကနည်းတွေနဲ့မှ မသက်သာရင်၊ ဇက်ကြောအပြင် ပခုံးတွေ၊ လက်တွေအထိပါ ကိုက်ခဲလာရင်၊ ထုံတာကျင်တာတွေပါ တွဲပြီးခံစားလာရရင် ဆေးခန်းပြပါ။ ဆရာဝန်နဲ့အမြန်ဆုံးဆွေးနွေးနိုင်ပင်ပါနော်။ ကဲ ကျန်တာအားလုံးတက်ပါစေ။ ကုန်ဈေးနှုန်းနဲ့ ဇက်ကြောကိုတော့ မတက်ပါစေနဲ့နော်။

Dr Okka Kyi Winn
Sanpya Online Clinic

Zawgyi

ကုိဗစ္ ကာလေ ေနာက္ပုိင္း မွာ လူ တုိင္း နီးပါး ျဖစ္လာေ န တဲ့ ေရာဂါတ ခုအေၾကာင္း

ကုိဗ စ္ ကာလေနာက္ပိုင္း ေဆးခန္းကိုလာတဲ့လူနာေတာ္ေတာ္မ်ားမ်ားဆီက ၾကားရတတ္တဲ့ ကြန္ပလိန္းက “အေၾကာေတြတက္တယ္ဆရာ” တဲ့။ အဲ့ဒီအေၾကာတက္တယ္ဆိုတဲ့ကိစၥက ဆရာဝန္ေတာ္ေတာ္မ်ားမ်ားေခါင္းေျခာက္ရတဲ့ျပႆနာပါ။ ဘာေၾကာင့္လဲဆိုေတာ့ သူက နာတာလည္းမဟုတ္၊ ကိုက္တာလည္းမဟုတ္၊ သိသိသာသာေရာင္ရမ္းေနတာလည္းမဟုတ္ေတာ့ လူနာေတြအေနနဲ႔ကလည္း တိတိပပေျပာရခက္။ ဆရာဝန္ေတြအေနနဲ႔ကလည္း စမ္းဖို႔ခက္တဲ့လကၡဏာမ်ိဳးပါ။

Vague symptom လို႔ေခၚတဲ့ တိက်ျပတ္သားမႈမရွိတဲ့ ဝါးတားတားလကၡဏာမ်ိဳးေပါ့။ ဒါေပမယ့္ ၁၅ ႏွစ္ေလာက္ GP ထိုင္၊ ေဆးကုလာတဲ့အေတြ႕အႀကဳံအရ ခုေနာက္ပိုင္းဆိုရင္ေတာ့ အဲ့ဒီလိုမ်ိဳးအေၾကာတက္တယ္လို႔ေျပာလာရင္ (ကိုယ့္တဦးတည္းအျမင္အရ) Vague symptom လို႔ မသတ္မွတ္ေတာ့ပါဘူး။ ေရာဂါျဖစ္စဥ္ကိုတိတိက်က်သိရဖို႔အတြက္ သူတို႔ကိုျပန္ေမးဖို႔ေမးခြန္းေတြက အဆင္သင့္ရွိေနပါၿပီ။

“အေၾကာတက္တယ္ဆိုတာ ဘာကိုေျပာတာလဲ။ ႂကြက္သားေတြ နာက်င္ကိုက္ခဲတာကိုေျပာတာလား” “မဟုတ္ဘူးဆရာ။ ေလးေလးခဲခဲႀကီး ျဖစ္ေနတာ။ ႏွိပ္လိုက္ရင္ေတာ့ သက္သာသြားသလိုလိုရွိတယ္” “တကိုယ္လုံးလား၊ ေျခေတြလက္ေတြလား၊ ဇက္ပိုးနဲ႔ ပခုံးေနရာေတြလား” “အင္း ေျခေတြလက္ေတြကေတာ့ ဒီေလာက္မဟုတ္ဘူး။ ဇက္ပိုးနဲ႔ ပခုံးေနရာေတြ ပိုသိသာပါတယ္” အဲ့ဒီလိုတျဖည္းျဖည္းေမးရင္းနဲ႔မွပဲ ကိုယ္လိုခ်င္တဲ့အေျဖကို နီးနီးစပ္စပ္ရပါေတာ့တယ္။

အေၾကာတက္တယ္ဆိုတဲ့ လူနာေတာ္ေတာ္မ်ားမ်ားက ဇက္ပိုးနဲ႔လည္ပင္းေနရာေတြနာက်င္ကိုက္ခဲတာ၊ ဇက္ေၾကာႂကြက္သားေတြ တင္းၿပီးေတာင့္တာကို ဆိုခ်င္ပုံရပါတယ္။ ခုေနာက္ပိုင္းကာလေတြမွာဆို လူေတြကအျပင္သိပ္မထြက္ၾကေတာ့ဘဲ ဖုန္းေတြၾကည့္တာပိုမ်ားလာေတာ့ ေဆးခန္းမွာ အဲ့ဒီလို Complaint ေတြ ပိုပိုၿပီးၾကားလာရပါတယ္။

အံမယ္။ အံမယ္။ လူနာေတြမေျပာပါနဲ႔ေနာ္။ ကိုယ္ကိုယ္တိုင္ေတာင္ ခုရက္ပိုင္း ဖုန္းသုံးတာ၊ စာ႐ိုက္တာေတြမ်ားၿပီး မ်က္႐ိုးေတြကိုက္၊ ဇက္ေၾကာေတြတက္ျဖစ္လာတတ္တာ။ ဒါလည္း New Normal ေရာဂါတခုပဲလို႔ေျပာလို႔ရတာေပါ့။ ေဆးပညာအရေတာ့ အေၾကာတက္တာေတြ၊ အေၾကာဆင္းတာေတြမရွိပါဘူး။ Pain ဆိုတဲ့ နာက်င္ျခင္းေခါင္းစဥ္ေအာက္ထဲပဲထိုးထည့္လိုက္ပါတယ္။ အဲ့ဒီေအာက္မွာမွ ကိုက္ခဲတယ္ဆို Aching၊ ထိလိုက္တာနဲ႔နာတယ္ဆို Tenderness၊ စမ္းလိုက္လို႔တင္းေတာင့္ေနတယ္ဆိုရင္ Stiffness စသျဖင့္ ျပန္ခြဲတာေပါ့။

တကယ္ေတာ့ ဇက္ေၾကာတတ္တယ္ဆိုတာ ႀကီးႀကီးမားမားျပႆနာေတာ့မဟုတ္ပါဘူး။ လည္ပင္းနဲ႔ဇက္ပိုးတဝိုက္က ၾကြက္သားေတြ တင္းေတာင့္နာက်င္တတ္တာမ်ိဳးပါ။ သိပ္မဆိုးလြန္းရင္ေတာ့ အိမ္မွာပဲေနၿပီးေဆာင္ရန္ေရွာင္ရန္ေလးေတြ လိုက္နာလိုက္ရင္ ရက္ပိုင္းအတြင္းသက္သာသြားမွာပါ။

အဲ့ဒါဆို ဘာေၾကာင့္ဇက္ေၾကာတက္ၾကသလဲဆိုတာေလး ဆက္ဖတ္ၾကည့္ၾကရေအာင္ေနာ္။ အေလးအပင္ေတြ ဆြဲတာမတာမ်ားလြန္းရင္ ျဖစ္တတ္ပါတယ္တဲ့။ ဒါကေတာ့ ရွင္းပါတယ္။ ေစ်းျခင္း​ေတာင္းအေလးႀကီးကို ကိုယ္တျခမ္းေစာင္းတဲ့အထိသယ္လာတာမ်ိဳးေပါ့။ လက္ကအလုပ္လုပ္ေနရင္း ဖုန္းကိုပခုံးနဲ႔ေခါင္းနဲ႔ၾကားမွာညႇပ္ၿပီးေျပာတတ္တဲ့သူေတြမွာလည္း ဇက္ေၾကာတက္တတ္ပါတယ္။

အလုပ္မ်ားလြန္းသူေတြ၊ ဖုန္းေျပာရလြန္းသူေတြ သတိျပဳၾကပါ။ အလုပ္မ်ားလြန္းရင္၊ စိတ္ဖိစီးမႈမ်ားလြန္းတဲ့အခါမွာလည္း ဇက္ေၾကာတက္တတ္ပါတယ္။ ဒါကလည္း လူေတာ္ေတာ္မ်ားမ်ားျဖစ္ဖူးၾကတဲ့ပုံစံပါပဲ။ ၿပီးေတာ့ တေနကုန္စားပြဲမွာထိုင္ၿပီးအလုပ္လုပ္ရတဲ့သူေတြမွာ ထိုင္တဲ့ပုံစံမမွန္တာေပါ့။ အလုပ္ထဲအာ႐ုံေတြဝင္စားၿပီး ခါးႀကီးကိုကိုင္း၊ ေခါင္းကိုငုံ႔၊ မ်က္ႏွာကို စားပြဲနဲ႔၊ ကြန္ပ်ဴတာနဲ႔အတင္းကပ္ၿပီး တေနကုန္လုပ္ေနရတဲ့သူေတြပါ။ သူတို႔ကေတာ့ စိတ္ဖိစီးမႈသိပ္မမ်ားေပမယ့္ Posture လို႔ေခၚတဲ့ ကိုယ္ေနဟန္ထားကပုံစံမက်လို႔ျဖစ္တာပါ။

ေနာက္တခုကေတာ့ Tension headache လို႔ေခၚပါတယ္။ စိတ္ညစ္ရင္ေခါင္းကိုက္တတ္တဲ့သူေတြမွာလည္း ဇက္ေၾကာတက္တာတြဲျဖစ္တတ္ပါတယ္။ ေနာက္တမ်ိဳးက ျမန္မာလိုဆိုရင္ အုန္းလြဲတယ္လို႔ေျပာၾကပါတယ္။ အိပ္တဲ့အခ်ိန္မွာ ေခါင္းအုံးနိမ့္လြန္းတာ၊ ျမင့္လြန္းတာေၾကာင့္ ဇက္ေၾကာႂကြက္သားေတြတင္းၿပီး ေခါင္းႀကီးကလွည့္မရျပဳမရ ေစာင္းငန္းေစာင္းငန္းနဲ႔ နာတတ္တာမ်ိဳးပါ။ ေနာက္ထပ္ျဖစ္တတ္တာတခုက ကိုယ္စီးေနတဲ့ကား ႐ုတ္တရတ္ဘရိတ္ေဆာင့္အုပ္လိုက္တဲ့အခါ ေခါင္းကေရွ႕ကိုဆတ္ကနည္းငိုက္က်ၿပီး ခ်က္ခ်င္းေနာက္ကိုျပန္လန္သြားတတ္တာမ်ိဳးပါ။ အဲ့ဒီလိုျဖစ္ရင္လည္း ဇက္ေၾကာေတြနာတတ္ပါတယ္။

ဒါေတြကေတာ့ ျဖစ္ေလ့ျဖစ္ထရွိတဲ့၊ လူတိုင္းမၾကာခဏႀကဳံတတ္ၾကတဲ့ ပုံစံမ်ိဳးေတြပါ။ အဲ့ဒါေတြအျပင္ တျခားအေရးႀကီးတဲ့၊ ေပါ့လို႔မရတဲ့ အေျခအေနမ်ိဳးေတြလည္း ရွိပါေသးတယ္။ အဲ့ဒါေတြကေတာ့ လည္ဆစ္႐ိုးက်ီးေပါင္းတက္တာ၊ ဦးေႏွာက္အေျမႇးပါးေရာင္တာ၊ လည္ဆစ္႐ိုးၾကားက အ႐ိုးႏုကြၽံထြက္တာ၊ ေလးဘက္နာေရာဂါမွာ အဆစ္အျမစ္ေတြေရာင္တာ အဲ့ဒီအေျခအေနေတြမွာလည္း ဇက္ေၾကာေတြနာတာ၊ တင္းေတာင့္တာေတြ ျဖစ္တတ္ပါတယ္။

ဒါေပမယ့္ ဇက္ေၾကာေလးတစ္ရက္ေလာက္တက္႐ုံနဲ႔ေတာ့ ေရာဂါႀကီးႀကီးမားမားေတြမစဥ္းစားပါနဲ႔။ ဥပါဒန္ေၾကာင့္ ဥပါဒ္ေရာက္ဆိုတာကလည္း ရွိေသးတယ္မဟုတ္လား။ ကိုယ့္အိမ္မွာေနရင္းနဲ႔ပဲ ဇက္ေၾကာတက္သက္သာေအာင္ လုပ္လို႔ရသေလာက္လုပ္ၾကည့္ၾကပါဦး။ အေပၚမွာေျပာခဲ့တဲ့အခ်က္ေတြထဲက ကိုယ္ကဘယ္အခ်က္နဲ႔ကိုက္ညီေနသလဲ တခ်က္ေလးျပန္စဥ္းစားၾကည့္။ ျဖစ္ႏိုင္ေခ်ရွိတဲ့အခ်က္ေတြကို ေရွာင္ေပါ့။ သိပ္လြယ္ပါတယ္။ ကိုယ္မႏိုင္တဲ့ အေလးအပင္ေတြမမမိ၊ မသယ္မိေစနဲ႔။ ဖုန္းကို အၾကာႀကီးမသုံးမိေစနဲ႔။

ထိုင္ရင္ ခါးကိုမတ္မတ္ထား၊ ေခါင္းကို အၾကာႀကီးမငုံ႔မိေစနဲ႔။ ဖုန္းကို မ်က္ႏွာနဲ႔ကပ္မၾကည့္ဘဲ ခပ္ေဝးေဝးမွာထားၿပီးၾကည့္တတ္ေအာင္က်င့္ထား။ အလုပ္သိပ္ရႈပ္လာရင္၊ စိတ္ဖိစီးမႈမ်ားလာရင္ Relaxation ေလးဘာေဘးလုပ္၊ Night out ေလးဘာေလးထြက္ (ဒီအခ်က္ကိုေတာ့ အႀကိဳက္ၾကဆုံးျဖစ္မယ္ထင္တယ္ေနာ္။ ေတာ္ၾကာ ညတိုင္း Night out ခ်င္တာ​နဲ႔ပဲ အၿမဲတမ္းဇက္ေၾကာတက္ေနတယ္ဆိုရင္ေတာ့လည္း ကိုယ့္အေၾကာင္းကိုယ္သိေပါ့)

ၿပီးေတာ့ ဇက္ပိုးေနရာကို ေရေႏြးအိတ္ကပ္လို႔ရတယ္။ ေရေႏြးေႏြးေလးနဲ႔ ေရခ်ိဳးေပးလို႔ရတယ္။ တင္းေနတဲ့ဇက္ေၾကာေနရာကို လက္နဲ႔အသာေလးႏွိပ္ေပးလို႔ရတယ္။ မာဆတ္သြားစရာမလိုပါ။ မိန္းမကိုဇက္ေၾကာဆြဲခိုင္းစရာ မလိုပါ။ ကိုယ့္လက္ကေလးနဲ႔ကိုယ္ ခံႏိုင္သေလာက္ေလးႏွိပ္ေပးလို႔ရပါတယ္ေနာ္။ ၿပီးေတာ့ လည္ပင္းနဲ႔ဦးေခါင္းပိုင္းကို အေၾကာေလွ်ာ့တဲ့ေလ့က်င့္ခန္းေတြ လုပ္လို႔ရပါတယ္။

ဘယ္အခ်ိန္မွာ ေဆးခန္းျပမလဲ။ ဆရာဝန္နဲ႔တိုင္ပင္မလဲ။ ဇက္ေၾကာတက္တာနာတာ ရက္ၾကာလာရင္၊ အေပၚကနည္းေတြနဲ႔မွ မသက္သာရင္၊ ဇက္ေၾကာအျပင္ ပခုံးေတြ၊ လက္ေတြအထိပါ ကိုက္ခဲလာရင္၊ ထုံတာက်င္တာေတြပါ တြဲၿပီးခံစားလာရရင္ ေဆးခန္းျပပါ။ ဆရာဝန္နဲ႔အျမန္ဆုံးေဆြးေႏြးႏိုင္ပင္ပါေနာ္။ ကဲ က်န္တာအားလုံးတက္ပါေစ။ ကုန္ေစ်းႏႈန္းနဲ႔ ဇက္ေၾကာကိုေတာ့ မတက္ပါေစနဲ႔ေနာ္။

Dr Okka Kyi Winn
Sanpya Online Clinic

About the author

Aung Lay

Leave a Comment